တန်ဖိုးကြီးပစ္စည်းကြီးတစ်ခုကို မွေးနေ့မတိုင်ခင်ရရှိခဲ့လို့ ကြည်နူးပီတိဖြစ်နေတဲ့ မင်းသမီးစိုးပြည့်သဇင်

တန်ဖိုးကြီးပစ္စည်းကြီးတစ်ခုကို မွေးနေ့မတိုင်ခင်ရရှိခဲ့လို့ ကြည်နူးပီတိဖြစ်နေတဲ့ မင်းသမီးစိုးပြည့်သဇင်

ပရိသတ်ကြီးရေ… ထပ်ဆင့် အကယ်ဒမီဆုရှင်လေး စိုးပြည့်သဇင် ကတော့ အနုပညာ လောကမှာ နာမည် တစ်လုံးနဲ့ ရပ်တည်နေတဲ့ မင်းသမီး တစ်လက်ဖြစ်ပါတယ်။ အနေအထိုင်အေးဆေးပြီး တည်ငြိမ်လွန်းတဲ့ စိုးပြည့်သဇင်ကို ပရိသတ်တွေသာ အနုပညာအသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက လူတွေအားလုံးက ချစ်ကြရတာပဲဖြစ် ပါတယ်။

မနက်ဖြန် (၂၂) ရက်နေ့ ကတော့ စိုးပြည့်သဇင်ရဲ့မွေးနေ့ လေးပဲဖြစ်ပါတယ်။ စိုးပြည့်သဇင်က မွေးနေ့မတိုင်ခင် တစ်ရက်မှာပဲ သူမ Live လွှင့်ဈေးရောင်းပေးနေတဲ့ စိန် ရွှေရတနာဆိုင်က သူမအတွက် ပန်းစည်း၊ ကိတ်မုန့်တွေ နဲ့ Surprise တိုက်ခဲ့ကြောင်း “မွေးနေ့ကမရောက်သေး ပေမဲ့………live လွှင့်နေတုန်းSurprisedလုပ်ပေးတဲ့ ထိပ်တန်းရွှေဘုရင်ကချစ်ရတဲ့မမမွန်ကျေးဇူးများကြီး တင်ပါတယ်နော် ” “ မွေးနေ့အကြိုလေးအရမ်းပျော်ရ ပါတယ် … ထိပ်တန်းရွှေဘုရင်လည်းဒီထက်မက အောင်မြင်ပါစေ” ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောလာပါတယ်။

စိုးပြည့်သဇင် ကတော့ ချစ်ခင်ရသူတွေကြောင့် မွေးနေ့မ တိုင်မှီမှာကတည်းက ချစ်ခြင်းမေတ္တာနဲ့ လက်ဆောင် တွေကို ရရှိပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ စိုးပြည့်တစ် ယောက် မွေးနေ့မှာလည်း အများကြီး ပျော်ရွှင်ချမ်းမြေ ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit;

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *