ယနေ့ အင်္ဂါနေ့(၂၆.၉.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

စက်တင်ဘာ ၂၆ ၊ ၂၀၂၃ (အင်္ဂါနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော

အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3290 – 3350
ဥရောပယူရို 3480 – 3540

ဗြိတိသျှစတာလင်ပေါင် 3935 – 4050
သြစတြေးလျဒေါ်လာ 2100 – 2140

ဂျပန်ယန်း 22.00 – 22.50

တောင်ကိုရီးယားဝမ် 2.40 – 2.48
အိန္ဒိယရူပီး 39.50 – 40.25
စင်ကာပူဒေါ်လာ 2390 – 2440

မလေးရှားရင်းဂစ် 705 – 720
တရုတ်ယွမ် 435 – 455
ထိုင်းဘတ် 90.50 – 92.17

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3420,000 – 3430,000 ကျပ်ခန့် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3220,000 ကျပ်ခန့် ရှိနေသည်။ (ရွှေဈေး ဆက်လက် ကျဆင်းလာသည်)

ယမန်နေ့ ဈေးပိတ်ချိန်က ပြင်ပအခေါက်ရွှေဈေးသည် 3465,000 – 3475,000 ကျပ်ခန့် ဖြစ်ခဲ့သည်။ ရွှေဈေး ကျပ် 35 သိန်းအောက်သို့ ပြန်ဆင်းလာသဖြင့် အမြင့်ဆုံးရောက်ခဲ့သော ကျပ် ၃၈ – ၄၀ သိန်းဝန်းကျင်ဈေးနှင့် ယှဉ်လျှင် ကျပ် ၅ သိန်းခန့် ပြန်ကျလာပြီ ဖြစ်သည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ရည်ညွှန်းရွှေဈေးမှာ 2254,900 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 1914 ဒေါ်လာခန့် ဖြစ်သည်။ ကမ္ဘာ့ရွှေဈေး ကျနေသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *