ရွှေကိုင်ထားသူတွေတွက်သတင်းကောင်းလားသတင်းဆိုးလား😳😳😳

ပြင်ပစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ၄၂ သိန်းနီးပါး စံချိန်တင်စျေးတက်လာချိန် သတ်မှတ်စျေး ငွေ ၃၈ သိန်းနီးပါးဖြင့်သာ အရောင်းအဝယ်လုပ်ရန် ရွှေအသင်းက ညွှန်ကြား

■ သတ်မှတ်စျေးဖြင့် အရောင်းအဝယ်မလုပ်နိုင်လျှင် ရွှေအရောင်းအဝယ်ရပ်ထားရန် ရွှေအသင်းက အထူးသတိပေးဟုဆို

ရန်ကုန်၊ မတ် ၁၆

ပြည်တွင်းစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ၄၂ သိန်းနီးပါး စံချိန်တင်စျေးတက်လာချိန် ရွှေအသင်းက သတ်မှတ်ထားသော အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၃၈ သိန်းနီးပါးဖြင့် အရောင်းအဝယ်လုပ်ရန် ရွှေအသင်းက ယနေ့ ညွှန်ကြားချက် ထုတ်ပြန်သည်။

စျေးကွက်အတွင်းရှိ ရွှေဆိုင်များ၊ ပြင်ပရွှေဝယ်ရောင်းသူများအားလုံး ရန်ကုန်တိုင်းရွှေအသင်းက နေ့စဉ် သတ်မှတ်ထားသော အခေါက်ရွှေနှုန်းဖြင့်သာ အရောင်းအဝယ် လုပ်ကြရန်၊ အရောင်းအဝယ် မလုပ်နိုင်ပါက ရွှေအရောင်းအဝယ် ရပ်ထားကြရန် အထူးသတိပေးအပ်သည်ဟု ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

ယနေ့တွင် ရန်ကုန်တိုင်းရွှေအသင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၃၈ သိန်းနီးပါး ( ၃၇၉၄၅၀၀ ) သတ်မှတ်ထားသည်။လက်ရှိစျေးကွက်တွင် ကောလဟာလ အခြေအမြစ် မရှိသော သတင်းအမှားအမျိုးမျိုးကို အကြောင်းပြ၍ ပြင်ပစျေးကွက်တွင် ရွှေစျေးနှုန်းကို ဆွဲတင် ၊ ဆွဲချ လျက်ရှိကြောင်း၊ သက်ဆိုင်ရာက စုံစမ်း စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ပြင်ပစျေးကွက်တွင် ရွှေစျေးကစားခြင်းမပြုလုပ်ရန် ပန်ကြားကြောင်း ရွှေအသင်းက ထုတ်ပြန်သည်။ “အခု ရွှေအသင်းက အခေါက်ရွှေတစ်ကျပ်သားကို ၃၈ သိန်းနီးပါး သတ်မှတ်တယ်ပေါ့။

ရွှေအသင်းက လူကြီးတွေ၊ ရွှေကုန်သည်တွေ၊ ရွှေဆိုင်တွေ မေးလိုက်ပါ။ ခင်ဗျားတို့ သတ်မှတ်စျေးနဲ့ ခင်ဗျားတို့ ရွှေတွေ ထုတ်ရောင်းမလားလို့။ စစ်တပ်ခိုင်းတိုင်း လိုက်လုပ်နေရင် ဒီစျေးကွက်ကြီးပျက်ပြီး မှောင်ခိုရွှေစျေး ကွက်ပေါ်လာမှာပဲလေ။ အခုလည်း သူတို့မှာ စစ်တပ်က ဖိအားပေးလို့ ဒီကြေညာချက်ထုတ်တယ်လို့ နားလည်ပါတယ်။ ဒါပေမယ့် တိုင်းပြည်စီးပွားပျက်နေတာက နိုင်ငံရေးနဲ့ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်နေတာပဲ။ ဒါက အဓိက ပြဿနာပါ။

စျေးကစားလို့ မဟုတ်ဘူး။ ရွှေစျေးဆိုတာ အဝယ်နဲ့ အရောင်းပေါ်မှာပဲ မူတည်ပြီးဖြစ်တာပါ” ဟု လသာမြို့နယ်မှ ရွှေကုန်သည်က ဝေဖန်ထောက်ပြသည်။ ယနေ့မတ်လ ၁၆ ရက်နေ့ အခေါက်ရွှေတစ်ကျပ်သား လျှင် ငွေကျပ် ၄၁ သိန်း ၈ သောင်းကျပ်စျေးဖွင့်ထားပြီး ရောင်းသူမရှိဘဲ ဝယ်ယူသူများ သာရှိနေကြောင်း သိရှိရသည်။ “စစ်တပ်က အရေးယူမယ် ကြေညာခြိမ်းခြောက်လိုက်၊ ရွှေအသင်းက ထုတ်ပြန်လိုက်နဲ့ စျေးကွက်က အရောင်းမရှိတော့ဘူး။ အဝယ်တွေချည်းပဲ။

သူတို့ ဝင်ဟန့်ရင် စျေးပိုတက်နေတယ်။ ဒီလာမယ့်အပတ်ထဲ စျေးပိုတက်ဦးမယ်လို့ ခန့်မှန်းပါတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *