သူပြန်လာမယ်လို့နင်ထင်နေတာလား

တပ်မ ၈၈ တပ်တွေ လိုင်ဇာမှာပိတ်မိနေလို့ မကွေးမြို့က နောက်တန်းတပ်ရင်းတွေကို တနေကုန်ပရိတ်၊ ပဌာန်းရွတ်ဆုတောင်းခိုင်း

မတ်လ ၁၆ ရက်

မကွေးမြို့အခြေစိုက် အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်းတွေက စစ်ကောင်စီတပ်မိသားစုဝင်တွေ တနေကုန်ပရိတ်၊ ပဌာန်းရွတ်ဆုတောင်းနေရတယ်လို့ တပ်မ ၈၈ နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ကချင်လွတ်မြောက်ရေးတပ် KIA ရဲ့ ၀၃၀၇ စစ်ဆင်ရေးစတင်ပြီးနောက် လိုင်ဇာမှာ တိုက်ပွဲတွေပြင်းထန်နေပြီး တပ်မ ၈၈ နဲ့လက်အောက်တပ်တွေထိုင်ထားတဲ့ တပ်စခန်းတွေ ဆက်တိုက်ဆိုသလို သိမ်းပိုက်ခံနေရတာပါ။

“ သူတို့တပ်မ(၈၈)က တပ်တွေ လိုင်ဇာကနေ ဆုတ်ပေးရင်းပိတ်မိနေလို့တဲ့ တပ်မိသားစုတွေကို အကုန်ဓမ္မာရုံထဲမှာ တနေကုန်ဝတ်ရွတ်ဆုတောင်းခိုင်းနေတာ။ အသေအပျောက်တွေလည်း ရှိမယ်ထင်တယ်” လို့ တပ်မ ၈၈ နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

မကွေးမြို့ပေါ်မှာ တပ်မ ၈၈ ဌာနချုပ်နဲ့ ခမရ ၃၀၁ ၊ ၃၁၇ စတဲ့ တပ်ရင်းတွေတည်ရှိတာဖြစ်ပြီး အဲ့ဒီတပ်တွေမှာ ပရိတ်၊ ပဌာန်းတွေရွတ်ကာ ဆုတောင်းနေကြတာလို့ သိရပါတယ်။

တပ်မ ၈၈ နဲ့လက်အောက်ခံတပ်တွေဟာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးတပ်စခန်းတွေမှာ တိုက်ခိုက်ရေးဝင်ရောက်နေရတာ ၂ နှစ်နီးပါးခန့်ရှိပြီ ဖြစ်ပြီး တပ်မမှူးက ဗိုလ်မှူးချုပ် အောင်ဟိန်းဝင်း ဖြစ်ပါတယ်။

KIA နဲ့ပူးပေါင်းတပ်တွေရဲ့ ၀၃၀၇ စစ်ဆင်ရေးအတွင်း ယမန်နေ့အထိ လိုင်ဇာဒေသတဝိုက်ရှိတပ်စခန်း အားလုံးနီးပါးကို သိမ်းပိုက်ထားနိုင်ကြောင်း မြေပြင်တပ်ဖွဲ့တွေနဲ့နီးစပ်သူတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ၎င်းတို့စစ်တပ်အရေးနိမ့်ချိန်တွေမှာ သက်ဆိုင်ရာတပ်ရင်း၊ တပ်ဖွဲ့တွေကို ယတြာချေခိုင်းတာတွေ ညွှန်ကြားလုပ်ဆောင်လေ့ရှိပြီး ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ နိုဝင်ဘာလအတွင်းမှာလည်း မဟာသမယသုတ်နဲ့ ပရိတ်ကြီး ၁၁ သုတ်ကို ၁ ရက် ၉ ခေါက်နဲ့ ၉ ရက်တိတိရွတ်ဖတ်စေပြီး မရွတ်ဖတ်မီ ကျောက်ကျော ၃ တုံး၊ ဘရာကြော် ၃ ခု နဲ့ မုန့်လုံးရေပေါ် ၃ လုံးစီထည့်ထားတဲ့ ပန်းကန် ၁၀၈ ချပ်ကို ဘုရားထံကပ်လှူပူဇော်ခိုင်းတဲ့ ယတြာလုပ်ဆောင်ကြဖို့ ကြေးနန်းစာပို့ ညွှန်ကြားခဲ့ပါသေးတယ်။

ပုံစာ – ၂၀၂၂ နိုဝင်ဘာ ၂၈ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင် မကွေးမြို့၊ တပ်မ ၈၈ ဌာနချုပ် ခန်းမမှာ လက်အောက်တပ်မိသားစုဝင်များအား တွေ့ဆုံစကားပြောစဉ်။

တပ္မ ၈၈ တပ္ေတြ လိုင္ဇာမွာပိတ္မိေနလို႔ မေကြးၿမိဳ႕က ေနာက္တန္းတပ္ရင္းေတြကို တေနကုန္ပရိတ္၊ ပဌာန္း႐ြတ္ဆုေတာင္းခိုင္း
မတ္လ ၁၆ ရက္
မေကြးၿမိဳ႕အေျခစိုက္ အမွတ္ ၈၈ ေျချမန္တပ္မဌာနခ်ဳပ္နဲ႔ လက္ေအာက္ခံတပ္ရင္းေတြက စစ္ေကာင္စီတပ္မိသားစုဝင္ေတြ တေနကုန္ပရိတ္၊ ပဌာန္း႐ြတ္ဆုေတာင္းေနရတယ္လို႔ တပ္မ ၈၈ နဲ႔နီးစပ္တဲ့သတင္းရင္းျမစ္ေတြထံက သိရပါတယ္။
ကခ်င္လြတ္ေျမာက္ေရးတပ္ KIA ရဲ႕ ၀၃၀၇ စစ္ဆင္ေရးစတင္ၿပီးေနာက္ လိုင္ဇာမွာ တိုက္ပြဲေတြျပင္းထန္ေနၿပီး တပ္မ ၈၈ နဲ႔လက္ေအာက္တပ္ေတြထိုင္ထားတဲ့ တပ္စခန္းေတြ ဆက္တိုက္ဆိုသလို သိမ္းပိုက္ခံေနရတာပါ။
“ သူတို႔တပ္မ(၈၈)က တပ္ေတြ လိုင္ဇာကေန ဆုတ္ေပးရင္းပိတ္မိေနလို႔တဲ့ တပ္မိသားစုေတြကို အကုန္ဓမၼာ႐ုံထဲမွာ တေနကုန္ဝတ္႐ြတ္ဆုေတာင္းခိုင္းေနတာ။ အေသအေပ်ာက္ေတြလည္း ရွိမယ္ထင္တယ္” လို႔ တပ္မ ၈၈ နဲ႔နီးစပ္တဲ့သတင္းရင္းျမစ္တဦးက ေျမလတ္အသံကို ေျပာပါတယ္။
မေကြးၿမိဳ႕ေပၚမွာ တပ္မ ၈၈ ဌာနခ်ဳပ္နဲ႔ ခမရ ၃၀၁ ၊ ၃၁၇ စတဲ့ တပ္ရင္းေတြတည္ရွိတာျဖစ္ၿပီး အဲ့ဒီတပ္ေတြမွာ ပရိတ္၊ ပဌာန္းေတြ႐ြတ္ကာ ဆုေတာင္းေနၾကတာလို႔ သိရပါတယ္။
တပ္မ ၈၈ နဲ႔လက္ေအာက္ခံတပ္ေတြဟာ ကခ်င္ျပည္နယ္၊ လိုင္ဇာၿမိဳ႕အနီးတပ္စခန္းေတြမွာ တိုက္ခိုက္ေရးဝင္ေရာက္ေနရတာ ၂ ႏွစ္နီးပါးခန႔္ရွိၿပီ ျဖစ္ၿပီး တပ္မမႉးက ဗိုလ္မႉးခ်ဳပ္ ေအာင္ဟိန္းဝင္း ျဖစ္ပါတယ္။
KIA နဲ႔ပူးေပါင္းတပ္ေတြရဲ႕ ၀၃၀၇ စစ္ဆင္ေရးအတြင္း ယမန္ေန႔အထိ လိုင္ဇာေဒသတဝိုက္ရွိတပ္စခန္း အားလုံးနီးပါးကို သိမ္းပိုက္ထားႏိုင္ေၾကာင္း ေျမျပင္တပ္ဖြဲ႕ေတြနဲ႔နီးစပ္သူေတြထံက သိရပါတယ္။
စစ္ေကာင္စီတပ္ဟာ ၎တို႔စစ္တပ္အေရးနိမ့္ခ်ိန္ေတြမွာ သက္ဆိုင္ရာတပ္ရင္း၊ တပ္ဖြဲ႕ေတြကို ယၾတာေခ်ခိုင္းတာေတြ ၫႊန္ၾကားလုပ္ေဆာင္ေလ့ရွိၿပီး ၿပီးခဲ့တဲ့ ၁၀၂၇ စစ္ဆင္ေရးကာလ ႏိုဝင္ဘာလအတြင္းမွာလည္း မဟာသမယသုတ္နဲ႔ ပရိတ္ႀကီး ၁၁ သုတ္ကို ၁ ရက္ ၉ ေခါက္နဲ႔ ၉ ရက္တိတိ႐ြတ္ဖတ္ေစၿပီး မ႐ြတ္ဖတ္မီ ေက်ာက္ေက်ာ ၃ တုံး၊ ဘရာေၾကာ္ ၃ ခု နဲ႔ မုန႔္လုံးေရေပၚ ၃ လုံးစီထည့္ထားတဲ့ ပန္းကန္ ၁၀၈ ခ်ပ္ကို ဘုရားထံကပ္လႉပူေဇာ္ခိုင္းတဲ့ ယၾတာလုပ္ေဆာင္ၾကဖို႔ ေၾကးနန္းစာပို႔ ၫႊန္ၾကားခဲ့ပါေသးတယ္။
ပုံစာ – ၂၀၂၂ ႏိုဝင္ဘာ ၂၈ ရက္က စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ မေကြးၿမိဳ႕၊ တပ္မ ၈၈ ဌာနခ်ဳပ္ ခန္းမမွာ လက္ေအာက္တပ္မိသားစုဝင္မ်ားအား ေတြ႕ဆုံစကားေျပာစဥ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *