ဗျူ🐕တစ်ကောင်တော့ဘောင်ချာဆုတ်လိုက်ဘီ

စစ်တပ်စစ်ကြောင်းနဲ့တိုက်ပွဲလိုက်နေတဲ့ ပျူခေါင်းဆောင် ပစ်ခတ်ခံရလို့သေဆုံး

မတ်လ ၁၆ ရက်

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကြာအင်းကုန်းကျေးရွာနဲ့ တောင်အိုင်ကျေးရွာကြားမှာ စစ်ကောင်စီတပ်လက်အောက် ပျူခေါင်းဆောင်တစ်ဦးပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရေတာရှည်မြို့နယ်ပကဖထံက သိရပါတယ်။

အသတ်ခံရသူမှာ ကြာအင်းကုန်းရွာနေ အသက် ၄၅ နှစ်အရွယ် ပျူစောထီးခေါင်းဆောင် မင်းမင်း ဖြစ်ပြီး ရေတာရှည်မြို့ဘက်ကနေ ကြာအင်းကုန်းကျေးရွာကို ဆိုင်ကယ်နဲ့ပြန်လာစဉ် မတ် ၁၅ ရက် မနေ့နေ့လယ် ၁ နာရီခန့်မှာ တော်လှန်ရေးအဖွဲ့တွေနဲ့ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်။” ဒီဘက်က ဒေသကာကွယ်ရေးအဖွဲ့တွေက အလုပ်ကိစ္စနဲ့သွားတာ။

သူကလည်း အရပ်ဝတ်နဲ့ လက်နက်မပါဘဲ တယောက်တည်းလာတာနဲ့ဆုံလို့ ပစ်ခတ်ရှင်းလင်းလိုက်တာ။ သူကိုရှင်းဖို့အဖွဲ့စုံက လိုက်နေတာ။ ခုက ဦးတဲ့အဖွဲ့က ရှင်းလိုက်တာ”လို့ ရေတာရှည်မြို့နယ်ပကဖတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။သေနတ်နဲ့ပစ်ခံရလို့ ပျူခေါင်းဆောင်မင်းမင်းမှာ မျက်လုံး၊ ဦးခေါင်း၊ နောက်ကျောတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားပြီး သူ့ရဲ့အလောင်းကို ဒေသခံတွေက မြို့လှတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးလိုက်ကြတယ်လို့ သိရပါတယ်။

ပျူစောထီးခေါင်းဆောင် မင်းမင်းဟာ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေမှာလိုက်ပါပြီး လမ်းပြတာ၊ ကိုယ်တိုင်တိုက်ပွဲမှာ ပါဝင်တာ၊ တော်လှန်ရေးအဖွဲ့တွေရဲ့သတင်းတွေစုံစမ်းတာတွေ လုပ်ကိုင်နေသူဖြစ်တယ်လို့ ဆိုပါတယ်။မတ် ၁၀ ရက်ညကလည်း ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာအုပ်စု၊ ကျွန်းတောစုကျေးရွာမှာ စစ်ကောင်စီသတင်းပေး ၂ ဦးကို နေအိမ်နဲ့လမ်းတွေမှာ PDF တွေက ပစ်ခတ်ရှင်းလင်းခဲ့သေးတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *