ထိုင်းသွားလည်တာ အဲလိုပုံစံလား လေးဘက်လေးတွေထောက်လို့ ရုပ်သံ

KNLA အပါအဝင် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅၀ နီးပါး ထိုင်းဘက်ထဲသို့ လက်နက်များဖြင့် ထွက်ပြေး၊ ထိုင်းစစ်တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝမ်းလျားမှောက်၊ လက်မြှောက်ခိုင်းပြီး လက်နက်များသိမ်းဆည်း(ရုပ်/သံ)

ရန်ကုန်၊ မတ် ၁၉

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေတွင် KNLA အပါအဝင် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅၀ နီးပါး ထိုင်းဘက်ထဲသို့ လက်နက်များဖြင့် ထွက်ပြေးသွားကြောင်း PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ထိုင်း-မြန်မာနယ်စပ် မယ်သရောခီး စစ်ကောင်စီတပ်စခန်းနှင့် ကာကင်းစခန်းများမှ စစ်သား အင်အား ၄၈ ဦးသည် တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့၊ ပိုင်ခလန်ကျေးရွာထဲသို့ ထွက်ပြေးသွားကြကြောင်း၊ ကျေးရွာမှ ထိုင်းပြည်သူများက ထိုင်းစစ်တပ်နှင့်ရဲတပ်ဖွဲ့ထံ သို့ တိုင်ကြားသည့်အတွက် အဆိုပါ စစ်ကောင်စီတပ်သားများကို ထိုင်းစစ်တပ်နှင့်ရဲများက လာရောက် ဖမ်းဆီး ကြောင်း၊ ဖမ်းဆီးချိန်တွင် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို လက် ခေါင်းပေါ် တင်ခိုင်းပြီး ဝမ်းလျား မှောက်ခိုင်းကာ သေနတ်များကို ထိုင်းစစ်တပ်က သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

“နယ်စပ်က စစ်တပ်စခန်းကိုတော့ ရပြီလို့ ပြောတယ်။ စစ်တပ်ဘက်က ထွက်ပြေးတာလည်း အတည်ပြုတယ်။ စစ်သား ၄၈ ဦး။ လက်နက်တွေလည်းပါတယ်။ လက်နက်ချဖို့ ပြောတာ မချဘဲ ထွက်ပြေးတာလို့ပြောတယ်” ဟု တောင်ပိုင်းတိုင်းစစ်ဒေသမှ PDF သတင်းရင်းမြစ်က ရှင်းပြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *