ညစာမွှင်းခါး အိုးဘဲဥနှင့်လိုက်ပွဲ😄😄😄😄

မြောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ဗိုလ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၉ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ စစ်ဗိုလ်တစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးကရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ မတ်လ ၁၈ ရက် နံနက် ၁၁ နာရီခန့်မှ ညနေ ၄ နာရီခန့်အထိ ရေစကြိုမြို့မှ အင်အား ၅၀ ခန့် ဖြင့် မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းသို့ ခဲယမ်း၊ ကျည်၊ ရိက္ခာဖြည့်ရန် နနွင်းကိုင်းကျေးရွာသို့ လာရောက်ခဲ့ကြောင်း၊ ကျောက်ရစ်စခန်းမှလည်း အင်အား ၇၀ ခန့်ဖြင့် ထွက်လာပြီး နနွင်းကိုင်ကျေးရွာသို့ လာရောက်ကာ ပို့ဆောင်ပေးသည့် လက်နက်ခဲယမ်းများကို ယူ ဆောင်ခဲ့ကြောင်း၊ ထိုသို့ ယူဆောင်ပြီးနောက် ကျောက်ရစ်စခန်းသို့ ပြန်လာစဉ် ကျောက်တန်းကျေးရွာ အရှေ့ဘက်အရောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ခြုံခို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“ရေစကြိုဘက်က အင်အား ၅၀ လောက်နဲ့ ရေကြောင်းကနေ ထွက်လာတာ၊ ကျောက်ရစ်စခန်းကနေ ခြေလျင်ထွက်တဲ့ စစ်ကြောင်းက အင်အား ၇၀ လောက်ရှိတယ်၊ နနွင်းကိုင်းကျေးရွာမှ ဆုံကြတာ၊ ရေစကြိုကနေ လာပို့တဲ့သူတွေဆီက လက်နက်၊ ခဲယမ်း၊ ရိက္ခာတွေယူပြီး ပြန်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာ၊ ၂ ဦးက နေရာမှာပဲသေတယ်၊သေတဲ့အထဲမှာ ဗိုလ်တစ်ဦးပါတယ်” ဟု စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သ တင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်သားများမှာ ကျောက်တန်းအရှေ့ရွာအတွင်းသို့ ပြန်ဆုတ်သွားကြောင်း၊ ထိုသို့ ကျေးရွာအတွင်း ပြန်ဆုတ်သွားသည့် စစ်သားများကို MSPDFထုတ် လက်လုပ် Rocket ၂ လုံး ၊ “Shar Htoo WAW”နည်းပညာ တိုက်ခိုက် ရေး Fixed Wings Drone များဖြင့် AIR BOMB ၁၀ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေ ဆုံးမှုရှိကြောင်း သိရသည်။

ထပ်မံတိုက်ခိုက်မှုအတွင်း သေဆုံးထိခိုက်သည့် စစ်သားအရေအတွက် အတိအကျ သိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ပြီး ပထမ တစ်ကြိမ်တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော စစ်ဗိုလ်အလောင်းကို ရေစကြို မြို့ဘက်သို့ သယ်ဆောင်သွားကြောင်း၊ သာမန်စစ်သား ရုပ်အလောင်းကို ယနေ့ မတ်လ ၁၉ ရက် နံနက် ၃ နာရီခန့်တွင် ကျောက်တန်းအရှေ့ရွာအတွင်း၌ မီးရှို့ပစ်ထားခဲ့ကြောင်း သိရသည်။

ထို့နောက် အကြမ်းဖက်စစ်သားများသည် အပြစ်မဲ့ပြည်သူများကို ဓားစာခံဖမ်းဆီးပြီး ကျောက်ရစ် စခန်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း- MSPDF/ MSDF ၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF ၊ မုံရွာခရိုင်အမှတ် ၁၂ တပ် ရင်း-တပ်ခွဲ ၂ ၊ မိတ္ထီလာ ခရိုင်အမှတ် ၂ တပ်ရင်း ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း ၊ Justice Warriors Force ၊ Freedom Fighter Guerrilla Force နှင့် CHAUK PDF တိုမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *