စဆရရဲထွန်း 🐍🐍ကိုက်ဘီ😄😄😄

😂😆
မကွေးမြို့၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးမှူး
ဦးရဲထွန်း၏ ဇနီးကို ဂန့်ဂေါမြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့များမှဖမ်းဆီး

ဂန့်ဂေါ ၊မတ်လ ၂၀

မကွေးမြို့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးမှူး
ဦးရဲထွန်း၏ ဇနီးကို ဂန့်ဂေါမြို့နယ် တနေရာတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မတ်လ ၁၉ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်းသိရပါတယ်။

ဦးရဲထွန်း၏ ဇနီးသည် ၂၀၂၃ခုနှစ် ဇူလိုင်လတွင်
မကွေးမြို့ ဆိုးကောင်းမင်းရပ်ကွက် ဝန်ထမ်းအိမ်ယာမှ မိမိ၏ဇာတိဖြစ်သော ဂန့်ဂေါမြို့သို့ ပြန်လာခဲ့ပြီးနောက် ဂန့်ဂေါမြို့ ကျောတိုက်ရပ်ကွက်တွင် ၂၀၂၃ခုနှစ် ဇူလိုင်လမှ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလအထိ အသက် ၁၄နှစ်အရွယ် သမီးတစ်ဦး ၊ အသက် ၈နှစ်အရွယ်သားတစ်ဦး စုစုပေါင်း မိသားစု ၃ဦး အတူတကွ နေထိုင်ခဲ့ပြီး သားသမီး ၂ဦးအား
ဂန့်ဂေါမြို့ အထက (၁)တွင် ကျောင်းထားခဲ့ကြောင်းသိရပါတယ်။

ဦးရဲထွန်း၏ ဇနီးဖြစ်သူသည် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ခေတ္တနေထိုင်ရာ
ဂန့်ဂေါမြို့မှ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ ဇာတိရွာသို့ အလည်လာရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရပါတယ်။

ဒေသခံတစ်ဉီး၏ပြောပြချက်အရ “”ဦးရဲထွန်းက
ဂန့်ဂေါမြို့ ခလရ ၅၀ နဲ့ မြို့မရဲစခန်းကိုအကူညီတောင်းပြီး ဂန့်ဂေါမြို့ ကျောတိုက်ထဲမှာထားထားတာပါ။ သမီးအကြီးက ၇တနျး၊ သားလေးက ၃တန်းတက်နေတာ။သားသမီးတွေ စာမေးပွဲပြီးပြီးချင်း
သူ့ယောက်ျားမသိအောင် ဂန့်ဂေါကနေ ရွာဖက်ကိုအလည်လာရင်း ရဲဘော်တွေကသိသွားပြီးတော့ မတ်လ၁၉ ရက်နေ့မှာဘဲသွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်””လို့ ပြောပြခဲ့ပါတယ်။

မကွေးမြို့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးမှူး ရဲထွန်းသည် ယခင်က တစ်ပွင့်ဗိုလ်ရာထူးဖြင့် မုံရွာမြို့၊ နှစ်ပွင့်ဗိုလ်ရာထူးဖြင့် ပဲခူးမြို့၊ ၃ပွင့်ဗိုလ်ရာထူးဖြင့် ဘားအံမြို့တို့တွင် တာဝန်ထမ်ဆောင်ခဲ့ဖူးပြီး ယခုအခါ အထူးစုံစမ်းစစ်ဆေးရေးဦးစီးမှူး ရာထူးဖြင့် မကွေးမြို့တွင် တာဝန်ထမ်းဆောင်နေပြီး မကွေးမြို့ ဆိုးကောင်းမင်းရပ်ကွက် ဝန်ထမ်းအိမ်ယာတွင် နေထိုင်နေကြောင်းသိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *