ခေါင်းစိမ်းဖွတ်တွေ အသံထွက်လာဘီ အဆင်​ပြေလား

အရှေ့ဒဂုံ အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ကို ကြံ့ခိုင်ရေးပါတီဝင်များက စစ်မှုမထမ်းနိုင်ဘူးဟု ​​ပြောဆိုကာ ခြိမ်းခြောက်

မတ်လ ၂၀

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း(အရှေ့ဒဂုံ) မြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီဝင်များ၏ နေအိမ်များတွင် စစ်မှုထမ်းရန် စာရင်းကောက်ယူနေသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို ကြံ့ခိုင်ရေးပါတီဝင်များက ခြိမ်းခြောက် ပြောဆိုမှုများပြုလုပ်ခဲ့ကြောင်း မြို့ခံများထံက သိရသည်။

အရှေ့ ဒဂုံ (၁) ရပ်ကွက်၊ (၂) ရပ်ကွက်၊ (၃) ရပ်ကွက်၊ (၄) ရပ်ကွက်တို့တွင်နေထိုင်သည့် ကြံ့ခိုင်ရေးပါတီဝင်များက ၎င်းတို့ရပ်ကွက်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို စစ်မှုထမ်းရမည်ဆိုပါက စစ်မှုမထမ်းနိုင်ဟု ပြောဆိုကာ ပြန်လည် ခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။ “ကြံ့ခိုင်ရေးပါတီဝင်တွေက စစ်မှုမထမ်းချင်ကြဘူး။ သူတို့မိသားစုထဲမှာ အစကတည်းက စစ်မှုထမ်းနေတဲ့အရာရှိတွေ နဲ့ အခြားရဲတို့ စစ်သားတို့ရှိတယ်ပေါ့။

ဒါကြောင့် အခုစစ်မှုထမ်းဖို့ စာရင်းကောက်တာ သူတို့နဲ့မဆိုင်ဘူးပေါ့။ တွေ့မယ် စစ်မှုထမ်းခိုင်းရဲ ထမ်းခိုင်ကြည့် လို့ပြောနေကြတာ” ဟု အရှေ့ဒဂုံ (၁) ရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ပြောသည်။အဆိုပါ ကြံ့ခိုင်ရေးပါတီဝင်များ၏ မိသားစုများထဲတွင် ရဲ၊ စစ်သားများ တာဝန်ထမ်းဆောင်လျှ​က်ရှိသည့်အတွက် ၎င်းတို့၏ သားသမီ မိသားစုဝင်များ စစ်မှုထမ်းဆောင်ရမည်ဆိုလျှင် စစ်မှုထမ်းရန်မလိုအပ်ကြောင်း ၎င်းတို့နှင့်မဆိုင်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။”အခုလို​ပြောဆိုနေတဲ့ သူတွေက စစ်တပ်ထောက်ခံပွဲတွေမှာ အဖွဲ့လိုက်ပါဝင်နေကြသူတွေများတယ်။

အခုကြတော့ သေမှာအရမ်းကြောက်နေကြတာ။ တကယ်ဆိုရင် ရှေ့ဆုံးက ပါဝင်ကြလေ။ ခုကြတော့ဟိုလူထိုးထည့် ဒီလူထိုးထည့် လုပ်နေကြတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။အရှေ့ဒဂုံမြို့နယ် (၁) ရပ်ကွက်၊ (၂) ရပ်ကွက်၊ (၃) ရပ်ကွက်၊ (၄) ရပ်ကွက်တို့တွင်နေထိုင်သည့် ဒေသခံအချိုကိုလည်း စစ်မှုမထမ်းလိုလျှင် သိန်း ၅၀ တောင်းယူ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် သိန်း ၃၀ ပေးကာ အုပ်ချုပ်ရေးမှူးအဖွဲ့က သိန်း ၂၀ ခွဲဝေယူကြကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးထံက သိရသည်။

ထို့ပြင်မြောက်ဒဂုံ (၄၀) ရပ်ကွက်ရှိ ကျူးအတွင် နေထိုင်သည့် လူငယ်နှစ်ဦးသည် စစ်မှုထမ်းရန်စာရင်းတွင် ပါဝင်သည့် သူများ၏ကိုယ်စား စစ်မှုထမ်းပေးမည်ဖြစ်၍ စစ်မှုထမ်းရန်စာရင်းတွင်ပါဝင်သည့်သူများမှ ပိုက်ဆံစု၍ ပေးလိုက်ကြောင်း မြောက်ဒဂုံ (၄၀) ရပ်ကွက်ရှိ ဒေသခံများထံက သိရသည်။စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြု ထုတ်ပြန်ပြီးနောက် စစ်မှုမထမ်းလိုသည့် လူငယ်အချို့သည် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ရောက်ရှိနေကြသလို ပြည်ပထွက်ရန်အတွက် ပြင်ဆင်လာသူများနှင့် ထွက်ပြေးတိမ်းရှောင်သူ အများအပြား ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တိုင်းနယ်၊ ပြည်နယ် အသီးသီးရှိ ရပ်ကွက်၊ မြို့ရွာများမှ ပြည်သူ အများစုမှာသည် စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရမည့်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်စိတ်များ နေ့စဥ်မြင့်တက်လျက် ရှိကြောင်း စုံစမ်းသိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *