ဒဗိုလ်မှုးကြီးနှင့်အပေါင်းအပါ၁၀ဦးထက်မနည်မွှင်းခါးဖြစ်(ရုပ်သံ)

ဖယ်ခုံ၊ လွယ်ပတာကုန်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဒုဗိုလ်မှူးကြီး အောင်ကိုဝင်း အပါ အဝင် စစ်သား ၁၀ ဦးထက်မနည်းသေဆုံး (ရုပ်/သံ)

မတ်လ ၂၁

ကရင်နီပြည်နယ် ၊ ဖယ်ခုံမြို့နယ်၊ လွယ်ပတာကုန်း၌ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး အောင်ကိုဝင်းအပါအဝင် ၁၀ ဦးအထက်သေဆုံးခဲ့ကြောင်း Danu Drone Force တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

မတ်လ ၈ ရက် ညနေ ၄ နာရီခန့်က ဖယ်ခုံမြို့နယ်၊ လွယ်ပတာကုန်းသို့ ဒုတိယဗိုလ်မှူးကြီး အောင်ကို ဝင်းဦးစီးပြီး အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ် မှ ဒုတိယဗိုလ်မှူးကြီး အောင်ကိုဝင်းအပါအဝင် ၁၀ ဦးအထက် သေဆုံးပြီး အများပြား ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“တိုက်ပွဲက လွယ်ပတာကုန်းမှာပါ၊ ၁၀ ဦးနဲ့အထက်သေတယ်၊ ထိတာလည်းတော်တော်များတယ်၊ အဲဒီတိုက်ပွဲမှာ ကျနော်တို့အဖွဲ့လည်း ဒရုန်း ၂ စီးပျက်ကျခဲ့တယ်၊ တစ်စီးကတော့ ပြန်ရတယ်ဗျ၊ စစ် ကြောင်းက ဖယ်ခုံကနေ ထိုးလာတာပါ။” ဟု Danu Drone Force တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို DANU Drone Force အပါအဝင် KNDF B-11 နှင့်အတူ ၁၁၁၁ မိုးဗြဲ-ဖယ်ခုံ မဟာမိတ်ပူးပေါင်းအဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း သေဆုံးသွားသော ဒုတိယဗိုလ်မှူးကြီး အောင်ကိုဝင်းသည် ကလောမြို့စစ်ဦးစီး တက္ကသိုလ်မှ စစ်ဦးစီး ပထမတန်းနည်းပြ ဖြစ်ပြီး ဒရုန်းဖြင့် ကျဲချသည့် ဗုံးစထိမှန်ကာ နောက်တန်းသို့ သယ်ဆောင်သွားစဉ် မတ်လ ၉ ရက်နေ့၌ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ပျက်ကျကာ ပြန်လည်ရရှိခဲ့သည့် ဒရုန်းကို လက်ရှိအချိန်တွင် ပြင်ဆင်မှုများ ပြုလုပ် လျက်ရှိရာ ပြင်ဆင်ရမည့် Drone များ၏ ပစ္စည်းများအား အရေးတကြီးဝယ်ယူရန်အတွက် အခက် အခဲ နေသဖြင့် မိဘပြည်သူများက ကူညီထောက်ပံ့ပေးကြပါရန် ဓနု ဒရုန်းတပ် – DANU Drone Force က အထူးမေတ္တာရပ်ခံထားသည်။

ဖယ္ခုံ၊ လြယ္ပတာကုန္း တိုက္ပြဲတြင္ စစ္တပ္ဘက္မွ ဒုဗိုလ္မႉးႀကီး ေအာင္ကိုဝင္း အပါ အဝင္ စစ္သား ၁၀ ဦးထက္မနည္းေသဆုံး (႐ုပ္/သံ)
မတ္လ ၂၁
ကရင္နီျပည္နယ္ ၊ ဖယ္ခုံၿမိဳ႕နယ္၊ လြယ္ပတာကုန္း၌ စစ္ေၾကာင္းထိုးဝင္ေရာက္လာေသာ အၾကမ္း ဖက္စစ္ေကာင္စီတပ္သားမ်ားကို ဒ႐ုန္းျဖင့္ ဗုံးက်ဲတိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္မွ ဒုဗိုလ္မႉးႀကီး ေအာင္ကိုဝင္းအပါအဝင္ ၁၀ ဦးအထက္ေသဆုံးခဲ့ေၾကာင္း Danu Drone Force တပ္ဖြဲ႕မွ တာဝန္ရွိ သူတစ္ဦးက ေျပာၾကားသည္။
မတ္လ ၈ ရက္ ညေန ၄ နာရီခန႔္က ဖယ္ခုံၿမိဳ႕နယ္၊ လြယ္ပတာကုန္းသို႔ ဒုတိယဗိုလ္မႉးႀကီး ေအာင္ကို ဝင္းဦးစီးၿပီး အင္အား ၆၀ ခန႔္ျဖင့္ စစ္ေၾကာင္းထိုးဝင္ေရာက္လာေသာ အၾကမ္းဖက္စစ္သားမ်ားကို ေတာ္လွန္ေရးပူးေပါင္းတပ္ဖြဲ႕မွ ဒ႐ုန္းျဖင့္ ဗုံးက်ဲပစ္ခတ္တိုက္ခိုက္ခဲ့ရာ အၾကမ္းဖက္စစ္ေကာင္စီတပ္ မွ ဒုတိယဗိုလ္မႉးႀကီး ေအာင္ကိုဝင္းအပါအဝင္ ၁၀ ဦးအထက္ ေသဆုံးၿပီး အမ်ားျပား ဒဏ္ရာရရွိခဲ့ ေၾကာင္း သိရသည္။
“တိုက္ပြဲက လြယ္ပတာကုန္းမွာပါ၊ ၁၀ ဦးနဲ႔အထက္ေသတယ္၊ ထိတာလည္းေတာ္ေတာ္မ်ားတယ္၊ အဲဒီတိုက္ပြဲမွာ က်ေနာ္တို႔အဖြဲ႕လည္း ဒ႐ုန္း ၂ စီးပ်က္က်ခဲ့တယ္၊ တစ္စီးကေတာ့ ျပန္ရတယ္ဗ်၊ စစ္ ေၾကာင္းက ဖယ္ခုံကေန ထိုးလာတာပါ။” ဟု Danu Drone Force တပ္ဖြဲ႕မွ တာဝန္ရွိ သူတစ္ဦးက ထံသို႔ ေျပာၾကားသည္။
အဆိုပါတိုက္ခိုက္မႈကို DANU Drone Force အပါအဝင္ KNDF B-11 ႏွင့္အတူ ၁၁၁၁ မိုးၿဗဲ-ဖယ္ခုံ မဟာမိတ္ပူးေပါင္းအဖြဲ႕မ်ား ပူးေပါင္းကာ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းတိုက္ပြဲအတြင္း ေသဆုံးသြားေသာ ဒုတိယဗိုလ္မႉးႀကီး ေအာင္ကိုဝင္းသည္ ကေလာၿမိဳ႕စစ္ဦးစီး တကၠသိုလ္မွ စစ္ဦးစီး ပထမတန္းနည္းျပ ျဖစ္ၿပီး ဒ႐ုန္းျဖင့္ က်ဲခ်သည့္ ဗုံးစထိမွန္ကာ ေနာက္တန္းသို႔ သယ္ေဆာင္သြားစဥ္ မတ္လ ၉ ရက္ေန႔၌ ေသဆုံးသြားျခင္းျဖစ္ေၾကာင္း သိရသည္။
တိုက္ပြဲအတြင္း ပ်က္က်ကာ ျပန္လည္ရရွိခဲ့သည့္ ဒ႐ုန္းကို လက္ရွိအခ်ိန္တြင္ ျပင္ဆင္မႈမ်ား ျပဳလုပ္ လ်က္ရွိရာ ျပင္ဆင္ရမည့္ Drone မ်ား၏ ပစၥည္းမ်ားအား အေရးတႀကီးဝယ္ယူရန္အတြက္ အခက္ အခဲ ေနသျဖင့္ မိဘျပည္သူမ်ားက ကူညီေထာက္ပံ့ေပးၾကပါရန္ ဓႏု ဒ႐ုန္းတပ္ – DANU Drone Force က အထူးေမတၱာရပ္ခံထားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *