ပထွေးတွက်ထန်းတတ်ရင်း အပင်ပေါ်ကပြုတ်ကျ ဂန့်😄😄😄

စစ်သားတွေအတွက် ထန်းပင်ပေါ်ကထန်းရည်အိုးတက်ချပေးနေတဲ့ပျူခေါင်းဆောင် PDFကပစ်ချလို့သေ

မတ်လ ၂၀၊၂၀၂၄

သောင်ရင်းသတင်းလွှာမကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာက ပျူစောထီးခေါင် ဝင်ငွေဆိုသူ စစ်သား၊ရဲ၊ ပျူစောထီးတွေအတွက် ထန်းပင်ပေါ်ကထန်းရေအိုးတက်ချနေတုန်း ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အနီးကပ်ပစ်ချနိုင်ခဲ့ရာ သေဆုံးသွားတယ်လို့ မြိုင်ပကဖဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ရက်နေ့မနက်၆နာရီအချိန်က စစ်အုပ်စုဝင်တွေသောက်ဖို့ ထန်းပင်ပေါ်တက်ထန်းရေအိုးချနေစဉ် အနီးကပ်ပစ်ခတ်ခဲ့ရာ နောက်ကျောကျည်ထိမှန် ပြုတ်ကျသေဆုံးသွားတာလို့သိရပါတယ်။”သူ့ပထွေးတွေ သောက်ဖို့ ထန်းတက်နေတုန်း နောက်ကနေပစ်ခံရတာ။ ပြုတ်ကျပြီးသေရော။

ဒီကောင်ဝင်းငွေက အတော်ဆိုးနေတဲ့ကောင် ဝက်ပုတ်ပျူပေါ့ဗျာ”လို့ဒေသခံတဦးကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။ဒီတိုက်ခိုက်မှုကိုတော့ မြိုင် ပကဖ နဲ့ ပခုက္ကူ ခရိုင် PDF ရင်း ၂ ၊ဘာမထီပြောက်ကြားတပ်ဖွဲ့၊မဟာမိတ်တပ်ပေါင်းစု ၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့ ၊MUGDF တပ်ဖွဲ့ ၊James Bond တပ်ဖွဲ့ Union Brothers တပ်ခွဲ ၁ တို့ ပူးပေါင်းပြီး စနစ်တကျ ကာကင်းယူတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ပုံစာ- မြိုင်ပကဖတပ်ဖွဲ့ဝင်များ#သောင်ရင်းသတင်းလွှာ #မြိုင် #ဝက်ပုတ်ကပျူဝင်းငွေ #စစ်သားတွေထန်းရေသောက်ဖို့ထန်းပင်ပေါ်တက်နေတုန်းပစ်ချခံရ #အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #RejectMilitaryCoupMyanmarYoutube https://youtube.com/@ThaungYinNews?si=ebf1syIB-350gRs1Facebook Link-https://www.facebook.com/thaungyinnews?mibextid=ZbWKwLသောင်ရင်းသတင်းလွှာရေရှည်ရပ်တည်နိုင်ဖို့အတွက် Facebook Pageနဲ့ Youtube Chennal တို့ကို Like၊ Follow နဲ့ Subscribedလုပ်ပေးဖို့ တောင်းဆိုပါရစေ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *