တစ်ရက်ကို စခ-န်း၂ခုနှုန်းနဲ့သိမ်း စကေးကြမ်း(ရုပ်သံ)

ကချင်ပြည်နယ်တွင် ၃ ရက်အတွင်း အရေးပါသည့်စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် တပ်စခန်း ၆ ခုကို တိုက်ခိုက် သိမ်းပိုက် (ရုပ်/သံ)

■ လီဆူပါဂျောင်၊ အူဂါရှန်၊ ပွိုင့် -၆၆၆၇ ၊ ရင်ဆိုင်ကုန်း၊ ၀ူလော့ကောင်နှင့် နားဖေါ့ ဗျူဟာကုန်းတို့ကို KIA က အပြီး သတ်ထိန်းချုပ်

မတ်လ ၂၁

ကချင်ပြည်နယ်တွင် မတ်လ ၁၉ ရက်နေ့မှ မတ်လ ၂၁ ရက်နေ့အထိ ၃ ရက်အတွင်း အရေးပါသည့်စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် တပ်စခန်း ၆ ခုကို တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်သော စစ်ကောင်စီ၏ အရေးပါသော ဗျူဟာကုန်းနှင့်တပ်စခန်း ၆ ခုမှာ လီဆူပါဂျောင်၊ အူဂါရှန်၊ ပွိုင့် -၆၆၆၇ ၊ ရင်ဆိုင်ကုန်း၊ ၀ူလော့ကောင်နှင့် နားဖေါ့ ဗျူဟာကုန်းတို့ဖြစ်ပြီး KIA က အပြီး သတ်ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က သိမ်းပိုက်ထားခဲ့သော KIA ဌာနချုပ်ဟောင်း နားဖော့စခန်း နှင့် အူဂါရှန်စခန်းကို ပြန် လည် တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း KIA မြေပြင်သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန် ကချင်ပြည်နယ် KIO လိုင်ဇာဌာနချုပ်အနီးရှိ စစ်အင်အား ၁၅၀ ပါဂျိုနားဖော့စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊

အလားတူ အူဂါရှန်စခန်းကိုလည်း ယနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိကြောင်း ၊ မတ်လ ၁၉ ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၊ ဝူလော့ကောင်တောင်ရှိ အကြမ်း ဖက်စစ်တပ်၏ ခမရ ၃၈၇ တပ်စခန်းနှင့် ပွိုင့် ၆၆၆၇ တောင်ကုန်းရှိ ခမရ ၃၂၁ ၏ တပ်စခန်းတိုကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

“၁၉၈၆-၁၉၈၇ ကာလတွေမှာ ပါဂျိုနားဖော့စခန်းက KIA ဌာနချုပ်ဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက စစ်တပ်က တိုက်လို့ အဲဒီစခန်း ကျသွားခဲ့ဖူးတယ်။ ဒီမနက်တော့ ပြန်သိမ်းပိုက်လိုက်ပါပြီ။ နောက်တစ်ခါ အူဂါရှန်စခန်းကိုလည်း ရပါတယ်။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေပါတယ်။ လမ်းကနေဖြတ်တောက်တိုက်ခိုက်ချေမှုန်းနေပါတယ်”ဟု KIA သတင်းရင်းမြစ်က ယနေ့တိုက်ပွဲ အခြေအနေကို ရှင်းလင်း ပြောဆိုသည်။

လက်ရှိတွင် မတ်လ ၇ ရက်နေ့မှ စတင်ခဲ့သော KIA ၏ စစ်ဆင်ရေးကြောင့် ၁၄ ရက်အတွင်း စစ်ကောင်စီ တပ်စခန်းပေါင်း ၄၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

ကခ်င္ျပည္နယ္တြင္ ၃ ရက္အတြင္း အေရးပါသည့္စစ္ေကာင္စီ၏ ဗ်ဴဟာကုန္းႏွင့္ တပ္စခန္း ၆ ခုကို တိုက္ခိုက္ သိမ္းပိုက္ (႐ုပ္/သံ)
■ လီဆူပါေဂ်ာင္၊ အူဂါရွန္၊ ပြိဳင့္ -၆၆၆၇ ၊ ရင္ဆိုင္ကုန္း၊ ၀ူေလာ့ေကာင္ႏွင့္ နားေဖါ့ ဗ်ဴဟာကုန္းတို႔ကို KIA က အၿပီး သတ္ထိန္းခ်ဳပ္
မတ္လ ၂၁
ကခ်င္ျပည္နယ္တြင္ မတ္လ ၁၉ ရက္ေန႔မွ မတ္လ ၂၁ ရက္ေန႔အထိ ၃ ရက္အတြင္း အေရးပါသည့္စစ္ေကာင္စီ၏ ဗ်ဴဟာကုန္းႏွင့္ တပ္စခန္း ၆ ခုကို တိုက္ခိုက္ သိမ္းပိုက္လိုက္ေၾကာင္း KIA သတင္းရင္းျမစ္က ေျပာဆိုသည္။
KIA ဦးေဆာင္ေသာ ေတာ္လွန္ေရးတပ္မ်ားက တိုက္ခိုက္သိမ္းပိုက္လိုက္ေသာ စစ္ေကာင္စီ၏ အေရးပါေသာ ဗ်ဴဟာကုန္းႏွင့္တပ္စခန္း ၆ ခုမွာ လီဆူပါေဂ်ာင္၊ အူဂါရွန္၊ ပြိဳင့္ -၆၆၆၇ ၊ ရင္ဆိုင္ကုန္း၊ ၀ူေလာ့ေကာင္ႏွင့္ နားေဖါ့ ဗ်ဴဟာကုန္းတို႔ျဖစ္ၿပီး KIA က အၿပီး သတ္ထိန္းခ်ဳပ္လိုက္ျခင္းျဖစ္သည္။
ယေန႔ နံနက္ပိုင္းတြင္ အၾကမ္းဖက္ စစ္တပ္က သိမ္းပိုက္ထားခဲ့ေသာ KIA ဌာနခ်ဳပ္ေဟာင္း နားေဖာ့စခန္း ႏွင့္ အူဂါရွန္စခန္းကို ျပန္ လည္ တိုက္ခိုက္သိမ္းပိုက္ရရွိေၾကာင္း KIA ေျမျပင္သတင္းရင္းျမစ္က ေျပာဆိုသည္။
မတ္လ ၂၁ ရက္ေန႔ နံနက္ ၇ နာရီအခ်ိန္ ကခ်င္ျပည္နယ္ KIO လိုင္ဇာဌာနခ်ဳပ္အနီးရွိ စစ္အင္အား ၁၅၀ ပါဂ်ိဳနားေဖာ့စခန္းကို KIA ဦးေဆာင္ေသာ ေတာ္လွန္ေရးမဟာမိတ္တပ္မ်ားက တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း၊
အလားတူ အူဂါရွန္စခန္းကိုလည္း ယေန႔ နံနက္ပိုင္းတြင္ သိမ္းပိုက္ရရွိေၾကာင္း ၊ မတ္လ ၁၉ ရက္ေန႔တြင္ ၀ိုင္းေမာ္ၿမိဳ႕နယ္၊ ဝူေလာ့ေကာင္ေတာင္ရွိ အၾကမ္း ဖက္စစ္တပ္၏ ခမရ ၃၈၇ တပ္စခန္းႏွင့္ ပြိဳင့္ ၆၆၆၇ ေတာင္ကုန္းရွိ ခမရ ၃၂၁ ၏ တပ္စခန္းတိုကို အၿပီးသတ္ တိုက္ခိုက္သိမ္းပိုက္ခဲ့ေၾကာင္း သိရွိရသည္။
“၁၉၈၆-၁၉၈၇ ကာလေတြမွာ ပါဂ်ိဳနားေဖာ့စခန္းက KIA ဌာနခ်ဳပ္ျဖစ္ခဲ့တယ္။ အဲဒီအခ်ိန္တုန္းက စစ္တပ္က တိုက္လို႔ အဲဒီစခန္း က်သြားခဲ့ဖူးတယ္။ ဒီမနက္ေတာ့ ျပန္သိမ္းပိုက္လိုက္ပါၿပီ။ ေနာက္တစ္ခါ အူဂါရွန္စခန္းကိုလည္း ရပါတယ္။ ထြက္ေျပးသြားတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြကို လိုက္လံရွင္းလင္းေနပါတယ္။ လမ္းကေနျဖတ္ေတာက္တိုက္ခိုက္ေခ်မႈန္းေနပါတယ္”ဟု KIA သတင္းရင္းျမစ္က ယေန႔တိုက္ပြဲ အေျခအေနကို ရွင္းလင္း ေျပာဆိုသည္။
လက္ရွိတြင္ မတ္လ ၇ ရက္ေန႔မွ စတင္ခဲ့ေသာ KIA ၏ စစ္ဆင္ေရးေၾကာင့္ ၁၄ ရက္အတြင္း စစ္ေကာင္စီ တပ္စခန္းေပါင္း ၄၀ ေက်ာ္ကို တိုက္ခိုက္သိမ္းပိုက္ရရွိထားၿပီျဖစ္ေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *