အုပ်ကြီးနဲ့စာရေး မွှင်းခါးဖြစ်

ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းအုပ်စု စကစခန့်အုပ်ကြီးနှင့် စာရေး တို့ ပစ်ခတ်ခံရပြီး ‌သေဆုံး

မတ်လ ၂၁ ရက်

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊အုတ်ရှစ်ကုန်းကျေးရွာ အုပ်စု၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းနိုင် နှင့် ထွေအုပ်စာရေး ဦးစန်းနိုင် တို့သည် ယမန်နေ့က ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

၎င်းတို့ ၂ ဦးသည် ယမန်နေ့က ရေနံချောင်းမြို့ပေါ်သို့ သွားရောက်ပြီး ဆိုင်ကယ်ဖြင့်ပြန်လာစဥ် လမ်း၌ပစ်ခတ်ခံခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ရေနံချောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့သည်အုတ်ရှစ်ကုန်းကျေးရွာအုပ်စုအတွင်းမတရားစစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မ မလိုက်မနေရ လူစုကာ ငွေညစ်တောင်းခံနေသောကြောင့် ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုသို့ နောက်ထပ် လုပ်ဆောင်နေသော အုပ်ကြီး၊ စာရေး၊ဒလံ၊ ဒေါက်တိုင်များကို လုံးဝသက်ညှာမည်မဟုတ်ဟုလည်း သတိပေးထုတ်ပြန်ထားသည်။

ေရနံေခ်ာင္းၿမိဳ႕နယ္၊ အုတ္ရွစ္ကုန္းအုပ္စု စကစခန္႔အုပ္ႀကီးႏွင့္ စာေရး တို႔ ပစ္ခတ္ခံရၿပီး ‌ေသဆုံး
မတ္လ ၂၁ ရက္
မေကြးတိုင္း၊ ေရနံေခ်ာင္းၿမိဳ႕နယ္၊အုတ္ရွစ္ကုန္းေက်း႐ြာ အုပ္စု၏ စစ္ေကာင္စီခန္႔ အုပ္ခ်ဳပ္ေရးမႉး ဦးတင္ဝင္းႏိုင္ ႏွင့္ ေထြအုပ္စာေရး ဦးစန္းႏိုင္ တို႔သည္ ယမန္ေန႔က ပစ္ခတ္ခံရၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
၎တို႔ ၂ ဦးသည္ ယမန္ေန႔က ေရနံေခ်ာင္းၿမိဳ႕ေပၚသို႔ သြားေရာက္ၿပီး ဆိုင္ကယ္ျဖင့္ျပန္လာစဥ္ လမ္း၌ပစ္ခတ္ခံျခင္းျဖစ္ေၾကာင္း သိရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရနံေခ်ာင္း ျပည္သူ႔ကာကြယ္ေရးအဖြဲ႕က ၎တို႔၏ လက္ခ်က္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာထားသည္။
အုပ္ခ်ဳပ္ေရးမႉးႏွင့္ စာေရးတို႔သည္အုတ္ရွစ္ကုန္းေက်း႐ြာအုပ္စုအတြင္းမတရားစစ္မႈထမ္းဥပေဒအရ အတင္းအဓမၼ မလိုက္မေနရ လူစုကာ ေငြညစ္ေတာင္းခံေနေသာေၾကာင့္ ရွင္းလင္းလိုက္ျခင္းျဖစ္ေၾကာင္း အဆိုပါအဖြဲ႕က ထုတ္ျပန္ထားသည္။
ထိုသို႔ ေနာက္ထပ္ လုပ္ေဆာင္ေနေသာ အုပ္ႀကီး၊ စာေရး၊ဒလံ၊ ေဒါက္တိုင္မ်ားကို လုံးဝသက္ညႇာမည္မဟုတ္ဟုလည္း သတိေပးထုတ္ျပန္ထားသည္။.

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *