🐕🐕🐕သုံးကောင် မတ်စေ့ငုံ

စစ်ကိုင်းမြို့၊ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်မှ စစ်ယာဉ်တန်းနှင့် ကင်းပုန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၁

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်မှ ထွက်လာသော စစ်ယာဉ်တန်းနှင့် ကင်းပုန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Moe Nyo Revolution Force MNRF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၇ မိနစ်ခန့်တွင် အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်မှ ထွက်လာသော စစ်ကား ၄ စီးပါ ယာဉ်တန်းမှ ရှေ့ဆုံးက ထွက်လာသည့် စစ်ကား ၁ စီးကို ကန်ဖျားဇရပ်နှင့် ထီးဆောင်း အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကျန်ကား ၃ စီး သည် ရှေ့ဆက် မတိုးရဲဘဲ ကားပေါ်ပါလာသည့် စစ်သားများကို ညောင်ပင်ဝန်းတွင်ချပြီး စစ်ကိုင်းမြို့ဘက်ကို ပြန်လည် မောင်းနှင်သွားကြောင်း သိရသည်။မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ပြန်လှည့်သွားသော စစ်ကား ၃ စီးသည် မှာစစ်ကိုင်းမြို့ဘက်မှ စစ်သားများ ထပ်မံ တင်ဆောင်လာပြီး မြင်းမူဘက်ကို ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ကန်ဖျားဇရပ်အနီးတွင် မိုင်း ၆ လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေး ရဲဘော်များက မိုင်းများ မပေါက်ကွဲမည်ကို စိုးရိမ်သောကြောင့် ကားလမ်းနှင့်အနီးဆုံး အထိတတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပြန်အဆုတ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းနှင့် တွေ့ကာ လက်ဦးမှုရယူပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အထိခိုက်မရှိ ထိုးဖောက်ကာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။”ရဲဘော်တွေ မျက်မြင်အရ စစ်သား ၃ ကောင်လဲကျတာ မြင်ရပြီး ခရီးသွား ပြည်သူတစ်ဦး ပြောပြချက်အရ အရပ်ဝတ် စစ်‌သား အလောင်း ၃ လောင်းကို ကားပေါ်တင်ပြီး စစ်ကိုင်းမြို့ဘက် ပြန်လည် မောင်းနှင်သွာလို့ သိရတယ်။

စစ်ခွေးတွေက တိုက်ခိုက်ခံရပြီးတဲ့ နောက်မှာ ညောင်ပင်ဝန်းနဲ့ ထီးဆောင်း အကြား ကားလမ်းပေါ်မှာ အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ခဲ့တယ်” ဟု Moe Nyo Revolution Force MNRF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။အဆိုပါ တိုက်ခိုက်မှုကို Moe Nyo Revolution Force MNRF ၊ PENTAGRAM (ငါးထောင့်ကြယ်) ၊ People Revolution Force Kyaukse တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *