🐕လေ🐕လွင့်တစ်သိုက် နံနံခြား​ပြေးကြပြန်ဘီ😄😊😊

ထိုင်း-မြန်မာနယ်စပ် ကြာအင်းဆိပ်ကြီး၊ ရေတလျောက်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ ဦး ထိုင်းနိုင်ငံထဲသို့ ယနေ့ ထွက်ပြေး

■ ၃ ရက်အတွင်း ထိုင်းနိုင်ငံထဲသို့ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ ဦး အထိရှိလာပြီး ထိုင်းစစ်တပ်က လက်နကများသိမ်းဆည်း ဖမ်းဆီးထား

ရန်ကုန်၊ မတ် ၂၁ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီး ကြာအင်းဆိပ်ကြီးမြို့နယ် ရေတလျှောက်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ ဦး ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးသွားပြီး ထိုင်းစစ်တပ်က လက်နက်များသိမ်းဆည်းကာ စစ်သားများကို ထိန်းသိမ်းထားကြောင်း ထိုင်းစစ်တပ်သတင်းရင်းမြစ်က သတင်းဖော်ပြသည်။ ယနေ့ မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ၂ သုတ်ခွဲ၍ ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့၊ ပိုင်ခလန်ကျေးရွာအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ပထမအသုတ်အဖြစ် ၂၆ ဦး၊ ဒုတိယအသုတ်အဖြစ် ၄၆ ဦး ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ရေတလျောက်စခန်းအတွင်း ရိက္ခာမလုံလောက်ခြင်း၊ KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက စခန်းကို တိုက်ခိုက်ရန် စစ်ရေး ပြင်ဆင်လာခြင်းတို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး စခန်းစွန့်ခွာ ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။ အလားတူ မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ထိုင်း-မြန်မာနယ်စပ် မယ်သရောခီး စစ်ကောင်စီတပ်စခန်းနှင့် ကာကင်းစခန်းများမှ စစ်သား အင်အား ၄၈ ဦးသည် တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့၊ ပိုင်ခလန်ကျေးရွာထဲသို့ ထွက်ပြေးခဲ့ကြောင်း၊ ကျေးရွာမှ ထိုင်းပြည်သူများက ထိုင်းစစ်တပ်နှင့်ရဲတပ်ဖွဲ့ထံ သို့ တိုင်ကြားသည့်အတွက် အဆိုပါ စစ်ကောင်စီတပ်သားများကို ထိုင်းစစ်တပ်နှင့်ရဲများက လာရောက် ဖမ်းဆီးခဲ့ ကြောင်း၊ ဖမ်းဆီးချိန်တွင် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို လက် ခေါင်းပေါ် တင်ခိုင်းပြီး ဝမ်းလျား မှောက်ခိုင်းကာ သေနတ်များကို ထိုင်းစစ်တပ်က သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် မတ်လ ၁၉ ရက်နေ့မှ ယနေ့ မတ်လ ၂၁ ရက်နေ့အထိ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂၀ ဦး ထိုင်းနိုင်ငံထဲသို့ ထွက်ပြေး ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။ဓာတ်ပုံ- ယနေ့ ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့သို့ ထွက်ပြေးရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *