ဘယ်နိုင်ငံမှာမှ မရှိတဲ့ ဥပဒေ မွန်ပြည်မှာစတင်ထုတ်ပြန်

မွန်ပြည်နယ်အတွင်းမှ ခရီးသွားမည့်သူများ ရပ်ကွက်ထောက်ခံစာပါရှိမှ ကားလက်မှတ်ဝယ်ယူခွင့်ရရှိမည်

ရာမညအသံ မတ် ၂၁ ။

မွန်ပြည်နယ်အတွင်းရှိ အဝေးပြေးဂိတ်များတွင် ခရီးသွားရန် လက်မှတ်ဝယ်ယူလို့ပါကခရီးသွားမှတ်တမ်း (ကိုယ်ရေးအချက် အလက်)ဖြည့်ရမည်ဖြစ်ပြီး ရပ်ကွက်ထောက်ခံစာ ပြနိုင်မှလက်မှတ်ရောင်းချပေးမည်ဟု မော်လမြိုင်မြေနီကုန်းကားဝင်းအတွင်းရှိ ကားဂိတ်များထံမှသိရှိရသည်။

“ရန်ကုန်တို့ မန္တလေးတို့မှာ အဲလိုစနစ်တွေစလုပ်နေပြီပေါ့။ ကျွန်တော်တို့ဆီမှာလည်း အဲလိုလုပ်ရမယ်ဆိုပြီး ညွှန်ကြားထားတယ်”ဟု ကားဂိတ်ဝန်ထမ်းတစ်ဦးကဆိုသည်။မတ်လ ၂၀ ရက်နေ့မှ စတင်ကာ မော်လမြိုင် အဝေးပြေးဂိတ်များတွင် အဆိုပါစနစ်ကို စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ခရီးသွားလာမည်ဆိုပါက ရပ်ကွက်ထောက်ခံစာ (သို့မဟုတ်) ရဲစခန်းထောက်ခံစာနှင့် မှတ်ပုံတင် တစ်ခုခု ပါရမည်ဖြစ်သည်။ထို့ပြင် ခရီးသွားအချက်အလက်ဖြည့်ရာတွင် ခရီးသည်၏ နာမည်၊ အဖေနာမည်၊ မှတ်ပုံတင်အမှတ်၊ အမြဲတမ်းနေရပ်လိပ်စာ၊ မိမိထွက်ခွာခဲ့သည့် နေရာ၊ဆိုက်ရောက်မည့် နေရာ၊ ဖုန်းနံပါတ်စသည့်တို့ကို စာနှစ်စောင်ရေးသွင်းရမည်ဖြစ်သည်။

အဆိုပါ အချက်အလက်ဖြည့်သွင်းထားသည့် စာနှစ်စောင်ကို ထွက်ခွာသည့် ဂိတ်နေရာတွင် တစ်စောင်ပေးခဲ့ရမည်ဖြစ်ပြီး ကျန်တစ်စောင်ကို မိမိဆိုက်ရောက်ရာဂိတ်၌ ပေးရမည်ဖြစ်သည်။#ရာမညအသံ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *