⚽မ ကျော်စိုးဦး နေပြည်တော်မှာငပိကျော်စားနေရဘီ

စစ်တပ်ထောက်ခံသူ People Media မှ ကိုကျော်စိုးဦးကို စစ်တပ်ပြန်ဖမ်း၊ နေပြည်တော်အချုပ်ထောင်သို့ပို့

စထွန်းအောင်/Myanmar Now

နေပြည်တော်အခြေစိုက် စစ်တပ်ယိမ်းသတင်းဌာနတစ်ခုဖြစ်သည့် People Media ၏ အယ်ဒီတာချုပ် ကိုကျော်စိုးဦးသည် စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနကို ဝေဖန်မှုဖြင့် ပြီးခဲ့သည့် အင်္ဂါနေ့ညပိုင်းက ဖမ်းဆီးခံလိုက်ရပြီး ယနေ့ ညနေပိုင်းတွင် နေပြည်တော်အချုပ်ထောင်သို့ ပို့လိုက်ကြောင်း သတင်းရရှိသည်။

၎င်းကို ဆူပူအောင်လှုံ့ဆော်မှုဖြင့် စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာနက တရားလိုလုပ်ကာ အမှုဖွင့်ထားသည်ဟု ကနဦးသိရှိရသည်။

People Media နှင့် Kyaw Soe Oo အမည်တို့ဖြင့် တယ်လီဂရမ်တွင် စစ်ကောင်စီ၏လုပ်ရပ်များကို ထောက်ခံကြောင်း မကြာခဏ ပြောကြားလေ့ရှိသည့် ကိုကျော်စိုးဦးသည် မတ်လ ၁၈ ရက်နေ့ ညပိုင်းက ၎င်းလွှင့်တင်ခဲ့သည့် ရုပ်သံတစ်ခုအတွက် ဖမ်းခံရခြင်းဖြစ်သည်ဟု Myanmar Now က နားလည်ထားသည်။

ထိုရုပ်သံတွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် တိုက်ပွဲတွင် သေဆုံးသွားသည့် ရဲအုပ်နေလင်းဟိန်း၏နာရေးသို့ အထက်လူကြီးများက သွားရောက်ခြင်းမရှိဟုဆိုကာ ၎င်းက စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာနကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

“ဘာတွေကြောက်နေတာလဲ၊ ခင်ဗျားတို့ကို ပေးထားတဲ့ သေနတ်တွေရှိတယ်လေ ခါးမှာ၊ ခင်ဗျားတို့ကို ပေးထားတဲ့ ကျည်ကာတွေရှိတယ်လေ၊ သွားစမ်းပါ၊ ကြိုက်သလိုသွားစမ်းပါ” ဟု စစ်ကောင်စီကို ထောက်ခံသည့် ကိုကျော်စိုးဦးက စစ်တပ်နှင့် ပြည်ထဲရေးအရာရှိများကို အဆိုပါ ရုပ်သံတွင် ဝေဖန်ခဲ့သည်။

ထို့ပြင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က လာဘ်ငွေယူပြီး ဖွင့်ခွင့်ပေးထားသည့် လောင်းကစားဝိုင်းများကို ဖြိုခွင်းမည်ဟုလည်း ၎င်းက ကြွေးကြော်ခဲ့သည်။

“ငွေရှာပေးတဲ့သူကို (အရာရှိတွေက) ဘေးမှာ ထားတယ်၊ ငွေမရှာပေးတဲ့သူကို တောက်ချပစ်တာ” ဟု ၎င်းက ဆိုသည်။

၎င်းကို နေပြည်တော်၏ စစ်ကြောရေးစခန်းတစ်ခုတွင် ၂ ရက်ကြာ ထိန်းသိမ်းထားပြီးနောက် ယနေ့ မွန်းလွဲပိုင်းတွင် ဇဗ္ဗူသီရိမြို့နယ်တရားရုံးသို့ Toyota Hiace အမျိုးအစား ယာဉ်တစ်စီးဖြင့် ရုံးထုတ်လာကာ၊ ချုပ်ရမန်ယူပြီးနောက် ညနေပိုင်းတွင် နေပြည်တော်အချုပ်ထောင်သို့ ပို့လိုက်ခြင်းဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူက အတည်ပြုသည်။

တရားလိုမှာ ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲအရာရှိတစ်ဦးဖြစ်ပြီး ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲထားကြောင်း သိရသည်။

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ မြို့မဈေးအနီးတွင် ဖွင့်လှစ်ထားသော People Media ရုံးသို့ မှုခင်းရဲတပ်ဖွဲ့ဝင်များ ယနေ့နံနက်ပိုင်းက ရောက်ရှိလာပြီး ရုံးခန်းအတွင်းရှိ ကွန်ပျူတာများ၊ ကင်မရာများ၊ ဖုန်းများကိုလည်း သိမ်းဆည်းသွားသည်။ People Media ၏ သတင်းထုတ်လွှင့်မှုသည် ယနေ့တွင် ရပ်တန့်နေသည်။

People Media နှင့် အခြားသော စစ်တပ်ဘက်ယိမ်းသတင်းဌာနများသည် နေပြည်တော်တွင် အခြေစိုက်ကာ စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံကြောင်း အစဉ်တစိုက်ပြောဆို ရေးသားနေကြပြီး ၎င်းတို့ကို စစ်တပ်၊ ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်ထောက်ခံသူ စီးပွားရေးလုပ်ငန်းရှင်တချို့က ငွေကြေးထောက်ပံ့ပေးထားသည်။

People Media ဝန်ထမ်းများနှင့် နေပြည်တော်အချုပ်ထောင်တွင် ဖမ်းဆီးခံထားရသူ ကိုကျော်စိုးဦးကို ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်ထောက်ခံသူ စီးပွားရေးလုပ်ငန်းရှင်တချို့က အဓိက ထောက်ပံ့ပေးနေကြောင်း စုံစမ်းသိရှိရသည်။

၎င်းတို့သည် စစ်တပ်ကောင်းကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင် စစ်တပ်ကို ဆန့်ကျင်သူများမကောင်းကြောင်း ဝါဒဖြန့်ပေးနေရသော်လည်း စစ်တပ်က ငြိုငြင်လာပါက ဖမ်းဆီးထောင်ချခံရလေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၂၂ အတွင်းကလည်း နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် စစ်တပ်ဘက်ယိမ်းသတင်းဌာနများဖြစ်သည့် NHP News သတင်းထောက် ဦးဝင်းဦးသည် ဒေါ်အောင်ဆန်းစုကြည်အား “အမေစု” ဟု ခေါ်ဝေါ်မှု၊ ဒဲ့ပြောသတင်းဌာန အယ်ဒီတာချုပ် ဦးဇော်မင်းဦးသည် ကရင်လက်နက်ကိုင်တပ် KNU နှင့်ပတ်သက်ပြီး စစ်တပ်မကြိုက်သည့် မေးခွန်းမေးမှုတို့ဖြင့် ဖမ်းခံခဲ့ရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *