မဂ်လာရှိလိုက်တာ 🐕ကင်းစင်နယ်မြေအဖြစ်မြင်ရတောမြယ်

မိုးမောက်၊ နွယ်မလန်းကျေးရွာအနီးရှိ ခမရ ၄၃၈ တပ်၊ ၆၁၆ ဒုံးတပ်နှင့် အမြောက်တပ် ၃၇၀ တို့ကို ၁ ရက်အတွင်း KIA က တိုက်ခိုက်သိမ်းပိုက် ၊ စစ်ဆင်ရေး ၁၅ ရက်အတွင်း စစ်တပ်စခန်း ၅၀ နီးပါး သိမ်းပိုက်ရရှိ

ရန်ကုန်၊ မတ် ၂၂

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နွယ်မလန်းကျေးရွာအနီးရှိ ခမရ ၄၃၈ တပ်ရင်း၊ အမှတ် ၆၁၆ ဒုံးတပ်ရင်းနင့် အမှတ် ၃၇၀ အမြောက်တပ်ရင်း တို့ကို ယမန်နေ့ညနေပိုင်းတွင် KIA က တစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ နံနက်အစောပိုင်းမှစတင်ပြီး မိုးမောက်မြို့နယ်၊ နွယ်မလန်းကျေးရွာအနီးရှိ ခမရ ၄၃၈ တပ်ရင်း၊ အမှတ် ၆၁၆ ဒုံးတပ်ရင်း၊ နောင်ကွန်အမှတ် ၃၇၀ အမြှောက်တပ် တို့ကို KIA ဦးဆောင်သော မဟာမိတ်တပ်များက စ တင် တိုက်ခိုက်ခဲ့ ကြောင်း၊ ယမန်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် တွင် ခမရ ၄၃၈ တပ်စခန်းကိုလည်းကောင်း၊ ယမန်နေ့ ည ၇ နာရီအချိန်တွင် အမှတ် ၆၁၆ ဒုံးတပ်ရင်းကိုလည်းကောင်း အသီးသီး သိမ်းပိုက်ရရှိကြောင်း၊ နောင်ကွန်ကျေးရွာအခြေစိုက် အမြောက်တပ်ရင်း အမှတ် ၃၇၀ တပ်ကို ယမန်နေ့ညနေ၇နာရီခန့်တွင်လည်းကောင်း KIAသိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

“မနေ့က တစ်ရက်တည်းမှာပဲ စခန်း ၃ ခုလုံး သိမ်းပိုက်ရရှိပါတယ်။ အခုဆိုရင် စခန်းပေါင်း ၅၀ နီးပါးရှိလာပြီ စစ်ဆင်ရေး ၁၅ ရက်အတွင်းမှာ ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။KIA က သိမ်းပိုက်ရရှိထားသော တပ်စခန်းများသည် မဟာဗျူဟာအရ အချက်အချာကျပြီး နယ်မြေစိုးမိုးရေးနှင့် စစ်ရေးအတွက် အလွန်အရေးကြီးသော နေရာများကို တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *