🍉🍉🍉 ဖရဲသီးအကြီးကြီးတဲ့ဗျို့ 😳😳😳😳အရောက်ပို့ပေးပါတယ်

ကိုကျော်စိုးဦးကို ခံဝန်နဲ့ ပြန်လွှတ်မယ် မှတ်လို့ တမင် troll တဲ့ ပို့စ်တွေ တင်ပြီး ဆိုက်ဝါး ထည့်ခဲ့ပေမယ့် တကယ် ဖမ်းလိုက်ပြီ ဆိုလို့ စိတ်မကောင်း ဖြစ်ရပါတယ်။

အခုမှတော့ မထူးတော့ပါဘူး။ တချိန်လုံး လျို့ဝှက်ထားတဲ့ ကိစ္စတွေ ဟိုဘက်ကလည်း သိသင့်သလောက် သိနေပြီ ဆိုတော့ တခြားသူတွေ အမြင်မလွဲရအောင် ထုတ်ပြောရ ပါတော့မယ်။တကယ်တော့ ကိုကျော်စိုးဦးဟာ နေပြည်တော်က အမာခံ ဖရဲသီး တစ်ယောက်ပါ။

ခေတ်သစ်တို့၊ Myanmar Now တို့လို သတင်း ဌာနတွေ အတွက် ပြည်တွင်းက သတင်းတွေ လျို့ဝှက်ပြီး ပို့ပေးခဲ့တဲ့ သတင်းသမား တစ်ယောက်ပါ။ ဒါကြောင့် သူအဖမ်း ခံရတာ Myanmar Now သတင်းက အရင် သိတာပေါ့။ ဒါ့အပြင် စကစ အရာရှိတွေနဲ့ စစ်တပ် ထောက်ခံသူတွေရဲ့ သတင်းတွေကို အချိိန်နဲ့ တပြေးညီ ပေးပို့ခဲ့သူပါ။

လီလီနိုင်ကျော်တို့၊ တင့်လွင်တို့ကို ရှင်းလင်း နိုင်ခဲ့တဲ့ မစ်ရှင်တွေဟာ သူ့ကြောင့် အောင်မြင်ခဲ့ တာပါ။သူ့ရဲ့ သတင်း တင်ဆက်မှုကလည်း တပ်ကို ထောက်ခံ သလိုလိုနဲ့ စောင်ပေါကြီးတွေလို့ လူတွေ မြင်လာအောင် ပညာသား ပါပါ တင်ဆက် နေတာပါ။ ဒီတခေါက်က နည်းနည်း ထူသွားလို့ တဘက်က ရိပ်မိပြီး အဖမ်းခံလိုက် ရတာပါ။ သူဟာ ကျွန်တော်တို့ အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ သတင်းသမား တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ခေါင်းမာတဲ့သူ တစ်ယောက် ဖြစ်လို့ စစ်ကြောရေးမှာ တော်ရုံ နှိပ်စက်ရုံနဲ့လည်း ဖော်မယ့်သူ မဟုတ်ပါဘူး။ လက်လွန်ခြေလွန် ဖြစ်ကုန် ကြမှာ တကယ် စိုးရိမ်မိပါတယ် 😢

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *