ကျန်တဲ့အုပ်ကြီးတွေ မျာက်ခုံးလှုပ်နေလောက်ဘီ😄😄😄

ကျိုက်ထိုတွင် လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းရန် စာရင်းကောက် ဖိအားပေးခြိမ်းခြောက်နေသည့် အုပ်ချုပ်ရေးမှူး စံလွင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အတင်းအဓမ္မစစ်မှုထမ်းရန် စာရင်းကောက်ပြီး စစ်ထဲသွင်းနေသည့် အုပ်ချုပ်ရေးမှူး စံလွင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း ကျိုက်ထို တော်လှန်ရေးအင်အားစု – KRF က သတင်းထုတ်ပြန်သည်။

ယနေ့မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၃ မိနစ်ခန့်က ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအသစ် စံလွင်သည် ၎င်း၏ နေအိမ်မှ ကျေးရွာအုပ်ချုပ်ရေး မှူးရုံးသို့ သွားရောက်စဉ် စစ်ကောင်စီတပ်က ခ.မ.ရ ၂ အနီး လမ်းခုလတ် တစ်နေရာအရောက် ပစ်ခတ်ရှင်းလင်း ခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါပစ်ခတ်ရှင်းလင်းမှုကိုကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) နှင့် ကျိုက်ထို ပကဖ ပူးပေါင်း အဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူး စံလွင်သည် ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စုရှိ အင်းဝကျေးရွာ၊ ကွင်းကလေး ကျေးရွာ နှင့် တောင်ကလေးကျေးရွာမှ လူငယ် ၊ လူရွယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မ စာရင်း ကောက်ခံခြင်း၊ စုဆောင်းခြင်းတို့ကို လုပ်ဆောင်နေပြီး မတ်လ ၂၅ ရက်နေ့တွင် မဲနှိုက်ပွဲပြုလုပ်ကာ လူငယ်များကို စစ်ထဲသို့ တွန်းပို့ရန် ကြိုးပမ်းနေသူဖြစ်ကြောင်း သိရသည်။

KRF တပ်ဖွဲ့ဝင်များ အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင် သွားမည် ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိပါကြောင်း အသိပေးထားသည်။ဓာတ်ပုံ- ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး စံလွင် သေဆုံးနေစဉ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *