💣💣💣ထိလို့ ဒရမကြီး ကျော်ဇင့်မြင့် ဂန့်

မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်ဇင်မြင့် စစ်ကြောင်းထွက်စဉ် မိုင်းဆွဲခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၂၅

မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးကျော်ဇင်မြင့်သည် မြင်းခြံဘက်သို့ စစ် ကြောင်းထွက်စဉ် မိုင်းဆွဲခံရပြီး သေဆုံးသွားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယခုမတ်လ ဒုတိယအပတ်တွင် မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်ဇင်မြင့်သည် မြင်းခြံ-မြို့သာ ကားလမ်းတွင် စစ်ကြောင်းထွက်စဉ် မိုင်းဆွဲခံရပြီး ဒဏ်ရာရရှိကြောင်း၊ ရရှိသော ဒဏ်ရာဖြင့် မန္တလေးဆေးရုံသို့ တင်ပို့ခဲ့သော် လည်း ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“မြင်းခြံဘက်ကို စစ်ကြောင်းထွက်တုန်းမှာ မိုင်းမိတယ်။ မန္တလေး ဆေးရုံပြန်ပို့ပေမယ့် ရရှိတဲ့ဒဏ်ရာနဲ့ ဆုံးသွားပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဒုတိယရဲမှူးကြီး ကျော်ဇင်မြင့်သည် သေဆုံးချိန်တွင် အသက် ၅၃ နှစ်ရှိနေပြီဖြစ်ပြီး သားသမီး ၂ ဦး ကျန်ရစ်ကြောင်း သိရှိရသည်။

မႏၲေလးတိုင္းရဲတပ္ဖြဲ႕မွ ဒုတိယရဲမႉးႀကီး ေက်ာ္ဇင္ျမင့္ စစ္ေၾကာင္းထြက္စဥ္ မိုင္းဆြဲခံရၿပီး ေသဆုံး

ရန္ကုန္၊ မတ္ ၂၅

မႏၲေလးတိုင္းရဲတပ္ဖြဲ႕မွ ဒုတိယရဲမႉးႀကီးေက်ာ္ဇင္ျမင့္သည္ ျမင္းၿခံဘက္သို႔ စစ္ ေၾကာင္းထြက္စဥ္ မိုင္းဆြဲခံရၿပီး ေသဆုံးသြားေၾကာင္း ေနျပည္ေတာ္ စစ္ဘက္သတင္းရင္းျမစ္က ေျပာဆိုသည္။

ယခုမတ္လ ဒုတိယအပတ္တြင္ မႏၲေလးတိုင္းရဲတပ္ဖြဲ႕မွ ဒုတိယရဲမႉးႀကီး ေက်ာ္ဇင္ျမင့္သည္ ျမင္းၿခံ-ၿမိဳ႕သာ ကားလမ္းတြင္ စစ္ေၾကာင္းထြက္စဥ္ မိုင္းဆြဲခံရၿပီး ဒဏ္ရာရရွိေၾကာင္း၊ ရရွိေသာ ဒဏ္ရာျဖင့္ မႏၲေလးေဆး႐ုံသို႔ တင္ပို႔ခဲ့ေသာ္ လည္း ရရွိေသာဒဏ္ရာျဖင့္ ေသဆုံးသြားခဲ့ေၾကာင္း သိရွိရသည္။

“ျမင္းၿခံဘက္ကို စစ္ေၾကာင္းထြက္တုန္းမွာ မိုင္းမိတယ္။ မႏၲေလး ေဆး႐ုံျပန္ပို႔ေပမယ့္ ရရွိတဲ့ဒဏ္ရာနဲ႔ ဆုံးသြားပါတယ္” ဟု ေနျပည္ေတာ္စစ္ဘက္သတင္းရင္းျမစ္က ေျပာဆိုသည္။

ဒုတိယရဲမႉးႀကီး ေက်ာ္ဇင္ျမင့္သည္ ေသဆုံးခ်ိန္တြင္ အသက္ ၅၃ ႏွစ္ရွိေနၿပီျဖစ္ၿပီး သားသမီး ၂ ဦး က်န္ရစ္ေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *