ငပုဆိုတဲ့ကောင်က သွက်သွက်ခါအောင်ရူးနေပြီ

NLD အစိုးရလက်ထက် စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် စီးပွားရေးကျဆင်းခဲ့ရပြီး ၎င်း၏ စွမ်းဆောင်မှုကြောင့် မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့လာပြီဟု မင်းအောင်လှိုင် ပြောဆို

■ တိုင်းပြည်တည်ငြိမ်လျှင် ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပမည်ဟုဆိုပြန်

မတ်လ ၂၅

NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံ၏ စီးပွားရေးသည် စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ကျဆင်းခဲ့ရသော်လည်း အကြမ်းဖက်မင်းအောင်လှိုင်က ၎င်း၏ စွမ်းဆောင်မှုကြောင့် တိုင်းပြည်စီးပွားရေး ပြန်လည် ဦးမော့လာနေကြောင်း ထုတ်ဖော်ပြောဆိုသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media တွေ့ဆုံစဉ် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

“ကိုဗစ်ရောဂါကြောင့် ဖြစ်တာမဟုတ်ဘဲနဲ့ ၂၀၁၈ ခုနှစ်လောက်ကတည်းက မြန်မာနိုင်ငံရဲ့ စီးပွားရေး စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် ကျဆင်းခဲ့ပါတယ်။ ဒါကို ကျနော်တို့ စီးပွားရေး ပြန်လည် နာလန်ထူမှုဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးစားခဲ့တဲ့အတွက် ကျနော်တို့ စီးပွားရေး နာလန်ထူတာလည်းရှိပါတယ်။ ဒီအတွက်လည်း တော်တော်လေး ကျနော်တို့ရုန်းကန်ခဲ့ရတာရှိပါတယ်။ ၂၀၂၁-၂၀၂၂-၂၀၂၃ တောက်လျှောက်ကို စီးပွားရေး ပြန်လည် ဦးမော့လာတဲ့အခြေအနေတော့ ကျနော်တို့ ရရှိခဲ့ပါတယ်” ဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်တည်ငြိမ်လျှင် ရွေးကောက်ပွဲကို အပိုင်းလိုက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

“ကျနော်တို့ အဓိက ထား လုပ်ရမှာ မဲစာရင်းမှန်ကန်ရေးကလည်း ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံးကျနော်တို့ လုပ်ပါမယ်။ ပြည့်စုံလို့ရှိရင် တိုင်းပြည်တည်ငြိမ်မှု ကောင်းပြီဆိုတာနဲ့ လုပ်နိုင်တဲ့အပိုင်းလိုက်ပေါ့။ တစ်ပြိုင်နက်တည်းမဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ကျနော်တို့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေးဆောင်ရွက်သွားဖို့ရှိပါတယ်ဆိုတာကို ကျနော်ပြောလိုပါတယ်” ဟု အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် အာဏာသိမ်းရန် ကြိုးစားခဲ့ရခြင်းမှာလည်း မဲမသမာမှုများကြောင့် ဟုဆိုကာ ရုရှားမီဒီယာနှင့်တွေ့ဆုံစဉ် အကြမ်းဖက်မင်းအောင်လှိုင်က ထပ်မံ၍ လိမ်လည် ပြောဆိုသွားခဲ့သည်။

NLD အစိုးရလက္ထက္ စီမံခန႔္ခြဲမႈ အားနည္းခ်က္ေၾကာင့္ စီးပြားေရးက်ဆင္းခဲ့ရၿပီး ၎၏ စြမ္းေဆာင္မႈေၾကာင့္ ျမန္မာ့စီးပြားေရး ျပန္လည္ ဦးေမာ့လာၿပီဟု မင္းေအာင္လႈိင္ ေျပာဆို
■ တိုင္းျပည္တည္ၿငိမ္လွ်င္ ေ႐ြးေကာက္ပြဲကို အပိုင္းလိုက္ က်င္းပမည္ဟုဆိုျပန္
မတ္လ ၂၅
NLD အစိုးရလက္ထက္ ၂၀၁၈ ခုႏွစ္ကတည္းက ျမန္မာႏိုင္ငံ၏ စီးပြားေရးသည္ စီမံခန႔္ခြဲမႈ အားနည္းခ်က္ေၾကာင့္ က်ဆင္းခဲ့ရေသာ္လည္း အၾကမ္းဖက္မင္းေအာင္လႈိင္က ၎၏ စြမ္းေဆာင္မႈေၾကာင့္ တိုင္းျပည္စီးပြားေရး ျပန္လည္ ဦးေမာ့လာေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုသည္။
႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ITAR-TASS Media ေတြ႕ဆုံစဥ္ အၾကမ္းဖက္ မင္းေအာင္လႈိင္က အထက္ပါအတိုင္းေျပာဆိုျခင္းျဖစ္သည္။
“ကိုဗစ္ေရာဂါေၾကာင့္ ျဖစ္တာမဟုတ္ဘဲနဲ႔ ၂၀၁၈ ခုႏွစ္ေလာက္ကတည္းက ျမန္မာႏိုင္ငံရဲ႕ စီးပြားေရး စီမံခန႔္ခြဲမႈ အားနည္းခ်က္ေတြေၾကာင့္ က်ဆင္းခဲ့ပါတယ္။ ဒါကို က်ေနာ္တို႔ စီးပြားေရး ျပန္လည္ နာလန္ထူမႈျဖစ္ေအာင္ အားသြန္ခြန္စိုက္ ႀကိဳးစားခဲ့တဲ့အတြက္ က်ေနာ္တို႔ စီးပြားေရး နာလန္ထူတာလည္းရွိပါတယ္။ ဒီအတြက္လည္း ေတာ္ေတာ္ေလး က်ေနာ္တို႔႐ုန္းကန္ခဲ့ရတာရွိပါတယ္။ ၂၀၂၁-၂၀၂၂-၂၀၂၃ ေတာက္ေလွ်ာက္ကို စီးပြားေရး ျပန္လည္ ဦးေမာ့လာတဲ့အေျခအေနေတာ့ က်ေနာ္တို႔ ရရွိခဲ့ပါတယ္” ဟု အၾကမ္းဖက္ မင္းေအာင္လႈိင္က ေျပာဆိုသည္။
ထို႔ျပင္ အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က တိုင္းျပည္တည္ၿငိမ္လွ်င္ ေ႐ြးေကာက္ပြဲကို အပိုင္းလိုက္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ေျပာဆိုလိုက္သည္။
“က်ေနာ္တို႔ အဓိက ထား လုပ္ရမွာ မဲစာရင္းမွန္ကန္ေရးကလည္း ဒီႏွစ္ထဲမွာ အတတ္ႏိုင္ဆုံးက်ေနာ္တို႔ လုပ္ပါမယ္။ ျပည့္စုံလို႔ရွိရင္ တိုင္းျပည္တည္ၿငိမ္မႈ ေကာင္းၿပီဆိုတာနဲ႔ လုပ္ႏိုင္တဲ့အပိုင္းလိုက္ေပါ့။ တစ္ၿပိဳင္နက္တည္းမဟုတ္ေတာင္မွ လုပ္ႏိုင္တဲ့အပိုင္းလိုက္ကို ဥပေဒနဲ႔အညီ က်ေနာ္တို႔ ေ႐ြးေကာက္ပြဲ ျပန္လည္ က်င္းပႏိုင္ေရးေဆာင္႐ြက္သြားဖို႔ရွိပါတယ္ဆိုတာကို က်ေနာ္ေျပာလိုပါတယ္” ဟု အၾကမ္းဖက္ မင္းေအာင္လႈိင္က ဆိုသည္။
အၾကမ္းဖက္စစ္ေကာင္စီအေနျဖင့္ အာဏာသိမ္းရန္ ႀကိဳးစားခဲ့ရျခင္းမွာလည္း မဲမသမာမႈမ်ားေၾကာင့္ ဟုဆိုကာ ႐ုရွားမီဒီယာႏွင့္ေတြ႕ဆုံစဥ္ အၾကမ္းဖက္မင္းေအာင္လႈိင္က ထပ္မံ၍ လိမ္လည္ ေျပာဆိုသြားခဲ့သည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *