ရခိုင်မုန့်တီ ၃၃ပွဲရှယ်ကြိတ်

ဘူးသီးတောင်နှင့်မောင်တောမြို့နယ်ရှိ စစ်တပ်စခန်းများကို AA က ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေပြီး ထွက်ပြေးသွားသည့် စစ်ကြောင်းများကို လိုက်လံတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၃ ဦးသေဆုံး

■ ရန်အောင်မြင်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိ

မတ်လ ၂၅

ရခိုင်ပြည်၊ ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို AA က သိမ်းပိုက်ရရှိနိုင်ရေး ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်လျက်ရှိပြီး တပ်စခန်းများမှ ထွက်ပြေးသွားသည့် စစ်တပ်စစ်ကြောင်းများကို လိုက်လံတိုက်ခိုက်ရာတွင် စစ်တပ်ဘက်မှ ၃၃ ဦးသေဆုံးကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။

မောင်တောမြို့ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော် AA က ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ပြီး တိုက်ခိုက်နေခဲ့သည်မှာ ၁ လ နီးပါးခန့်ရှိခဲ့ပြီး အဆိုပါကြိမ်ချောင်းစခန်းကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အား ယခုရက်များမှစတင်ပြီး အရှိန်အဟုန်မြှင့် လျက်ရှိကြောင်း၊ ထိုးစစ်အား အရှိန်မြှင့်ခဲ့သည့် ၂ ရက်တာကာလအတွင်း ကြိမ်ချောင်းစခန်းကို အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ရယူထားပြီးဖြစုကြောင်း သိရှိရသည်။

မောင်တော ကြိမ်ချောင်း စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ကာလအတွင်း ကြိမ်ချောင်းအနောက်ဘက်ရှိ ရန်အောင်မြင် စခန်းကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း၊ စစ်သားအလောင်း၊ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းအချိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မောင်တောမြို့ ၊ တမန်းသား စခန်းကိုလည်း ရက္ခိုင့်တပ်တော်က စတင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အဆိုပါ စခန်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းခဲ့ရာ စစ်သားအလောင်း ၂၀ ကျော်၊ လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော ဘူးသီးတောင်အခြေစိုက်၊ ခမရ ၅၅၂ တပ်ရင်းကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စခန်းတစ်ခုလုံးကို သိမ်းပိုက်ရယူရေး အတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ ဂုပ္ပီစခန်းမှ ထွက်ပြေးလာကြသော စစ်တပ်စစ်ကြောင်းကို မတ်လ ၂၀ ရက်နေ့မှစတင်ပြီး လိုက်လံချေမှုန်း တိုက်ခိုက်ခဲ့ကြောင်း ၊ ဘူးသီးတောင်မြိုနယ်၊ အနောက်ပြင် ( ရွာပျက်) ၏ မီတာ ၃၀၀ ခန့်အကွာတွင် အဆိုပါထွက်ပြေးလာသော စစ်တပ်စစ်ကြောင်းထဲမှ စစ်သား ၁၂ ဦးကို သုတ် သင်ရှင်းလင်းနိုင်ခဲ့ကြောင်း၊ အလားတူ အခြား စစ်သား ၁၀ ဦး ကျော် ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း၊ ထွက်ပြေးနေသော စစ်သားများကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ဘူးသီးေတာင္ႏွင့္ေမာင္ေတာၿမိဳ႕နယ္ရွိ စစ္တပ္စခန္းမ်ားကို AA က ထိုးစစ္အရွိန္ျမႇင့္တိုက္ခိုက္ေနၿပီး ထြက္ေျပးသြားသည့္ စစ္ေၾကာင္းမ်ားကို လိုက္လံတိုက္ခိုက္မႈ စစ္တပ္ဘက္မွ ၃၃ ဦးေသဆုံး
■ ရန္ေအာင္ျမင္တပ္စခန္းကို အၿပီးသတ္ သိမ္းပိုက္ရရွိ
မတ္လ ၂၅
ရခိုင္ျပည္၊ ဘူးသီးေတာင္ႏွင့္ေမာင္ေတာၿမိဳ႕နယ္တို႔ရွိ စစ္ေကာင္စီတပ္စခန္းမ်ားကို AA က သိမ္းပိုက္ရရွိႏိုင္ေရး ထိုးစစ္အရွိန္ျမႇင့္တင္ တိုက္ခိုက္လ်က္ရွိၿပီး တပ္စခန္းမ်ားမွ ထြက္ေျပးသြားသည့္ စစ္တပ္စစ္ေၾကာင္းမ်ားကို လိုက္လံတိုက္ခိုက္ရာတြင္ စစ္တပ္ဘက္မွ ၃၃ ဦးေသဆုံးေၾကာင္း AA က တရားဝင္သတင္းထုတ္ျပန္သည္။
ေမာင္ေတာၿမိဳ႕ ႀကိမ္ေခ်ာင္းနယ္ျခားေစာင့္တပ္စခန္းကို ရကၡိဳင့္တပ္ေတာ္ AA က ဝိုင္းရံပိတ္ဆို႔ျဖတ္ေတာက္ၿပီး တိုက္ခိုက္ေနခဲ့သည္မွာ ၁ လ နီးပါးခန႔္ရွိခဲ့ၿပီး အဆိုပါႀကိမ္ေခ်ာင္းစခန္းကို အၿပီးသတ္ သိမ္းပိုက္ရယူႏိုင္ေရးအတြက္ ထိုးစစ္အား ယခုရက္မ်ားမွစတင္ၿပီး အရွိန္အဟုန္ျမႇင့္ လ်က္ရွိေၾကာင္း၊ ထိုးစစ္အား အရွိန္ျမႇင့္ခဲ့သည့္ ၂ ရက္တာကာလအတြင္း ႀကိမ္ေခ်ာင္းစခန္းကို အတိုင္းအတာတစ္ခုအထိ သိမ္းပိုက္ရယူထားၿပီးျဖစုေၾကာင္း သိရွိရသည္။
ေမာင္ေတာ ႀကိမ္ေခ်ာင္း စခန္းကို ထိုးစစ္ဆင္တိုက္ခိုက္ေနသည့္ကာလအတြင္း ႀကိမ္ေခ်ာင္းအေနာက္ဘက္ရွိ ရန္ေအာင္ျမင္ စခန္းကို ၂၀၂၄ ခုႏွစ္၊ မတ္လ ၂၃ ရက္ေန႔တြင္ အၿပီးသတ္သိမ္းပိုက္ရယူထားၿပီးျဖစ္ေၾကာင္း၊ စစ္သားအေလာင္း၊ စစ္အသုံးအေဆာင္၊ လက္နက္ခဲယမ္းအခ်ိဳအား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရွိရသည္။
ထို႔အတူ ေမာင္ေတာၿမိဳ႕ ၊ တမန္းသား စခန္းကိုလည္း ရကၡိဳင့္တပ္ေတာ္က စတင္ ထိုးစစ္ဆင္တိုက္ခိုက္လ်က္ရွိၿပီး အဆိုပါ စခန္းမွ ထြက္ေျပးေနေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို လိုက္လံရွင္းလင္းခဲ့ရာ စစ္သားအေလာင္း ၂၀ ေက်ာ္၊ လက္နက္ခဲယမ္းမ်ားကို ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရွိရသည္။
အလားတူ ေဖေဖာ္ဝါရီလ ၂၄ ရက္မွ စတင္၍ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ေသာ ဘူးသီးေတာင္အေျခစိုက္၊ ခမရ ၅၅၂ တပ္ရင္းကိုလည္း ဆက္လက္ထိုးစစ္ဆင္တိုက္ခိုက္လ်က္ရွိၿပီး စခန္းတစ္ခုလုံးကို သိမ္းပိုက္ရယူေရး အတြက္ ထိုးစစ္အား အရွိန္အဟုန္ျမႇင့္ တိုက္ခိုက္လ်က္ရွိေၾကာင္း သိရွိရသည္။
ထို႔အတူ ဂုပၸီစခန္းမွ ထြက္ေျပးလာၾကေသာ စစ္တပ္စစ္ေၾကာင္းကို မတ္လ ၂၀ ရက္ေန႔မွစတင္ၿပီး လိုက္လံေခ်မႈန္း တိုက္ခိုက္ခဲ့ေၾကာင္း ၊ ဘူးသီးေတာင္ၿမိဳနယ္၊ အေနာက္ျပင္ ( ႐ြာပ်က္) ၏ မီတာ ၃၀၀ ခန႔္အကြာတြင္ အဆိုပါထြက္ေျပးလာေသာ စစ္တပ္စစ္ေၾကာင္းထဲမွ စစ္သား ၁၂ ဦးကို သုတ္ သင္ရွင္းလင္းႏိုင္ခဲ့ေၾကာင္း၊ အလားတူ အျခား စစ္သား ၁၀ ဦး ေက်ာ္ ဒဏ္ရာရရွိခဲ့ၿပီး လက္နက္ခဲယမ္းအခ်ိဳ႕ကိုလည္း သိမ္းဆည္း ရမိခဲ့ေၾကာင္း၊ ထြက္ေျပးေနေသာ စစ္သားမ်ားကိုလည္း ရကၡိဳင့္တပ္ေတာ္မွ ဆက္လက္ေခ်မႈန္းတိုက္ခိုက္လ်က္ရွိေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *