ဖရဲသီးလေး ပြန်လွတ်လာဘီ😃😃😃😄😄

People Media ၏ အယ်ဒီတာချုပ် ဦးကျော်စိုးဦး ပြန်လည်လွတ်မြောက်လာ People Media ၏ အယ်ဒီတာချုပ် ဦးကျော်စိုးဦး

ယနေ့(မတ် ၂၅ ရက်)တွင် ပြန်လည်လွတ်မြောက်လာကြောင်း ၎င်း၏ဇနီးဖြစ်သူ ပြောကြားချက်အရ သိရသည်။ ဦးကျော်စိုးဦးသည် တယ်လီဂရမ်တွင် People Media၊ Kyaw Soe Oo စသည့် အမည်များဖြင့် သတင်းများကို တင်ဆက်လျက်ရှိပြီး မတ် ၂၀ ရက်မှစတင်ကာ ထိန်းသိမ်းခံရကြောင်း သိရသည်။

မတ် ၁၈ ရက်က ညနေပိုင်းက People media တွင် ဦးကျော်စိုဦး တင်ဆက်သော သတင်းတစ်ပုဒ်ဖြစ်သည့် တိုင်းပြည်အပေါ် သစ္စာစောင့်သိခဲ့သည့် ရဲအုပ်နေလင်းဟိန်းနာရေးသို့ ပြည်ထဲရေးဝန်ကြီးဌာန လာရောက်မှုမရှိဆိုသော သတင်းနှင့်ပတ်သက်၍ ထိန်းသိမ်းခံရခြင်းဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ၎င်းကို ရဲတပ်ဖွဲ့က နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် လှုံ့ဆော်သည်ဟုဆိုကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခဲ့သည်ဟုလည်း ထိုစဉ်က သတင်းများထွက်ပေါ်ခဲ့မှုအရ သိရသည်။

ဦးကျော်စိုးဦး ပြန်လည်လွတ်မြောက်ရေးအတွက် သတင်းမီဒီယာဥပဒေနှင့်အညီ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က ပြန်ကြားရေးဝန်ကြီးဌာနတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ဆက်သွယ်၍ ကြားဝင် ကူညီ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းလည်း စုံစမ်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *