အုပ်ကြီးသောင်းကြည် စောစောစီးစီး ဆို့အောက်ပါ 😄😄😄

ကြို့ပင်ကောက်တွင် လူငယ်များကို စစ်မှုထမ်းရန် စစ်တပ်နှင့်အတူ လိုက်လံ ဖမ်းဆီါ် ခေါ်ဆောင်သူ အုပ်ချုပ်ရေးမှူး သောင်းကြည် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၂၆

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းရမည်ဟု ဆိုကာ စစ်တပ်နှင့် လိုက်လံ ခေါ်ဆောင်နေသည့် အုပ်ချုပ်ရေးမှူး သောင်းကြည်ကို ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု အုပ်ချုပ်ရေးမှူး သောင်းကြည်နှင့် ၎င်း၏ သားဖြစ်သူ နို့တူး ဆိုသူကို BTZM GBK PDF တပ်ခွဲ ပဲခူးရိုးမ တပ်ဖွဲ့က တပြိုင်တည်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး သောင်းကြည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်း၏ သားဖြစ်သူ နို့တူး ဆိုသူသည် လွတ်မြောက်သွားကြောင်း သိရသည်။”အုပ်ကြီးသားကို ရှင်းဖို့သွားတော့ သူ့ကိုအိမ်မှာ မတွေ့ဘူး။

သူ့မိန်းမနဲ့ သူ့ကလေး ၂ ဦးပဲတွေ့တော့ ဘာမှမလုပ်ဘဲ ပြန်လာခဲ့ပါတယ်။ ကလေးနဲ့ မိခင်မှာ အပြစ်မရှိတဲ့အတွက် အေးဆေးစွာ နေဖို့ပြောပြီး ဖုန်းကိုတော့ စစ်ဆေးဖို့ သိမ်းယူခဲ့ပါတယ်။ ဖုန်းသိမ်းယူလာပြီး သိပ်မကြာဘူး။ ပျူတွေ အဲ့ဖုန်းကို ဆက်လာတယ်။

အဲ့သားအဖကြောင့် ပြည်သူတွေ စိတ်ဆင်းရဲနေရတာ လူငယ်တွေကို စစ်မှုထမ်းရမယ်ဆိုပြီး စစ်ခွေးတွေနဲ့ လိုက်ခေါ်နေတာ ပြည်သူတွေ သူတို့ကြောင့် ပြေးနေရတယ်။ တချို့လူတွေကို သိန်း၅၀ ထက်မနည်း တောင်းတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဆက်လက်၍ ပြည်သူများကို စစ်မှုထမ်းရန် အတင်းအကျပ် စေခိုင်းခြင်းပြုလုပ်ပါက မည်သည့်အုပ်ချုပ်ရေးမှူးမဆို BTZM GBK PDF တပ်ခွဲး ပဲခူးရိုးမက အရေးယူ တိုက်ခိုက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *