ဟာ မတန်လိုက်တာကွာ

ကော့ကရိတ်မြို့တွင်းရှိ အမှတ် ၃ ရဲစခန်း၊ တောင်ပေါ်ကျောင်း၊ မြို့တော်ဦးနေရာများကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံး

ရန်ကုန်၊ မတ် ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ အမှတ် ၃ ရဲစခန်း‌၊ တောင်ပေါ်ကျောင်းနှင့် မြို့တော်ဦးနေရာများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ပြောသည်။

ယမန်နေ့ မတ်လ ၂၅ ရက် နေ့က ကော့ကရိတ်မြို့ပေါ်ရှိ အမှတ် ၃ ရဲစခန်း ၊ တောင်ပေါ်ကျောင်းနှင့် မြို့တော်ဦး နေရာများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF လက် အောက်ခံ ကျားဖြူ စစ်ကြောင်း နှင့် နဂါးဖြူ စစ်ကြောင်းများမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးအရှိန်မြင့်တင်လျက်ရှိရာ ကော့ကရိတ်မြို့အတွင်း၌ နေ့ည မပြတ် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ကော့ကရိတ်နေပြည်သူများ အနေဖြင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာမှု မပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်ထား သည်။

ဓာတ်ပုံ- ကျားဖြူစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

ေကာ့ကရိတ္ၿမိဳ႕တြင္းရွိ အမွတ္ ၃ ရဲစခန္း၊ ေတာင္ေပၚေက်ာင္း၊ ၿမိဳ႕ေတာ္ဦးေနရာမ်ားကို တိုက္ခိုက္မႈ စစ္သား ၁၅ ဦး ေသဆုံးၿပီး ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္ ၄ ဦးက်ဆုံး
ရန္ကုန္၊ မတ္ ၂၆
ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕တြင္းရွိ အၾကမ္းဖက္စစ္သားမ်ား တပ္စြဲထားရာ အမွတ္ ၃ ရဲစခန္း‌၊ ေတာင္ေပၚေက်ာင္းႏွင့္ ၿမိဳ႕ေတာ္ဦးေနရာမ်ားကို ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ အၾကမ္းဖက္စစ္သား ၁၅ ဦး ေသဆုံးခဲ့ေၾကာင္း က်ားျဖဴစစ္ေၾကာင္းက ေျပာသည္။
ယမန္ေန႔ မတ္လ ၂၅ ရက္ ေန႔က ေကာ့ကရိတ္ၿမိဳ႕ေပၚရွိ အမွတ္ ၃ ရဲစခန္း ၊ ေတာင္ေပၚေက်ာင္းႏွင့္ ၿမိဳ႕ေတာ္ဦး ေနရာမ်ားကို ေတာ္လွန္ေရးပူးေပါင္းတပ္ဖြဲ႕ဝင္မ်ားက ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ အၾကမ္း ဖက္စစ္သား ၁၅ ဦးေသဆုံးၿပီး အမ်ားအျပားဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ တိုက္ခိုက္မႈကို ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ -PDF လက္ ေအာက္ခံ က်ားျဖဴ စစ္ေၾကာင္း ႏွင့္ နဂါးျဖဴ စစ္ေၾကာင္းမ်ားမွ ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္ ၄ ဦး က်ဆုံးကာ ၆ ဦး ဒဏ္ရာရရွိေၾကာင္း သိရွိရသည္။
ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားအေနျဖင့္ စစ္ေရးအရွိန္ျမင့္တင္လ်က္ရွိရာ ေကာ့ကရိတ္ၿမိဳ႕အတြင္း၌ ေန႔ည မျပတ္ တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိရာ ေကာ့ကရိတ္ေနျပည္သူမ်ား အေနျဖင့္ ေတာ္လွန္ေရး တပ္ဖြဲ႕ဝင္မ်ား၏ ခြင့္ျပဳခ်က္မရွိဘဲ ျဖတ္သန္းသြားလာမႈ မျပဳလုပ္ၾကရန္ တိုက္တြန္းႏႈိးေဆာ္ထား သည္။
ဓာတ္ပုံ- က်ားျဖဴစစ္ေၾကာင္းမွ ေတာ္လွန္ေရးရဲေဘာ္မ်ား။ (ပုံအေဟာင္းျဖစ္ပါသည္။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *