ထိုင်းကတော့နိုင်မြင်းကိုရွေးလိုက်ဘီ ငပုရေ့

ထိုင်းကတော့နိုင်မြင်းကိုရွေးလိုက်ဘီ ငပုရေ့

မြန်မာစစ်ကောင်စီ အင်အား ချိနဲ့လာနေကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin ထုတ်ဖော်ပြောဆို

ရန်ကုန်၊ ဧပြီ ၈

မြန်မာအကြမ်းဖက်စစ်ကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းခဲ့ပြီးနောက် ၃ နှစ်ကျော်အကြာတွင် အင်အား ချိနဲ့နေကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ရိုက်တာသတင်းဌာနသို့ ဧပြီ ၈ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာစစ်ကောင်စီအနေဖြင့် လတ်တလော အကြီးမားဆုံးသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး အင်အားတချို့လည်း ဆုံးရှုံးနေကြောင်း ၊ လက်ရှိအချိန်တွင် အင်အားချိနဲ့နေသော စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုလုပ်ရန် အကောင်းဆုံးအချိန်ဟု ယူဆကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုသည်။

“လက်ရှိစစ်အစိုးရဟာ အင်အားတချို့ ဆုံးရှုံးနေပြီ။ ဒါပေမယ့် သူတို့ ရှုံးနေပေမယ့်လည်း သူတို့မှာ ပါဝါရှိတယ်၊ လက်နက်တွေလည်း ရှိတယ်။ဒီအချိန်က ထိတွေ့ဆက်ဆံပြီး သဘောတူညီချက်ရယူဖို့ အချိန်ကောင်း ဖြစ်လာနိုင်တယ်” ဟု ထိုင်းဝန်ကြီးချုပ်က ဆိုသည်။

မြန်မာအကြမ်းဖက်စစ်ကောင်စီသည် ထိုင်း-မြန်မာ နယ်စပ်မြို့ ဖြစ်သော မြ၀တီမြို့ကို ထိန်းချုပ်မှု လက်လွှတ်ရတော့မည်ဖြစ်ပြီး အရာရှိများ အပါအဝင် စစ်သား ၆၁၇ ဦး KNU ထံတွင် လက်နက်ချ အညံ့ခံသွားကြောင်း၊ ထို့ကြောင့် ထိုင်းအစိုးရထံတွင် အကူအညီတောင်းခံကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ခေါ်ယူရန် မဲဆောက်- ရန်ကုန် လေယာဉ် ခရီးစဉ်များ ပျံသန်းရန် ထိုင်းအစိုးရထံမှ ခွင့်ပြုချက်ရယူထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ထိုင်းဝန်ကြီးချုပ် Srettha Thavisin ။

ျမန္မာစစ္ေကာင္စီ အင္အား ခ်ိနဲ႔လာေနေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ Srettha Thavisin ထုတ္ေဖာ္ေျပာဆို
ရန္ကုန္၊ ဧၿပီ ၈
ျမန္မာအၾကမ္းဖက္စစ္ေကာင္စီအေနျဖင့္ ၂၀၂၁ ခုႏွစ္ အာဏာသိမ္းခဲ့ၿပီးေနာက္ ၃ ႏွစ္ေက်ာ္အၾကာတြင္ အင္အား ခ်ိနဲ႔ေနေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ Srettha Thavisin က ႐ိုက္တာသတင္းဌာနသို႔ ဧၿပီ ၈ ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ျမန္မာစစ္ေကာင္စီအေနျဖင့္ လတ္တေလာ အႀကီးမားဆုံးေသာ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ေနရၿပီး အင္အားတခ်ိဳ႕လည္း ဆုံးရႈံးေနေၾကာင္း ၊ လက္ရွိအခ်ိန္တြင္ အင္အားခ်ိနဲ႔ေနေသာ စစ္ေကာင္စီႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈလုပ္ရန္ အေကာင္းဆုံးအခ်ိန္ဟု ယူဆေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္က ေျပာဆိုသည္။
“လက္ရွိစစ္အစိုးရဟာ အင္အားတခ်ိဳ႕ ဆုံးရႈံးေနၿပီ။ ဒါေပမယ့္ သူတို႔ ရႈံးေနေပမယ့္လည္း သူတို႔မွာ ပါဝါရွိတယ္၊ လက္နက္ေတြလည္း ရွိတယ္။ဒီအခ်ိန္က ထိေတြ႕ဆက္ဆံၿပီး သေဘာတူညီခ်က္ရယူဖို႔ အခ်ိန္ေကာင္း ျဖစ္လာႏိုင္တယ္” ဟု ထိုင္းဝန္ႀကီးခ်ဳပ္က ဆိုသည္။
ျမန္မာအၾကမ္းဖက္စစ္ေကာင္စီသည္ ထိုင္း-ျမန္မာ နယ္စပ္ၿမိဳ႕ ျဖစ္ေသာ ျမ၀တီၿမိဳ႕ကို ထိန္းခ်ဳပ္မႈ လက္လႊတ္ရေတာ့မည္ျဖစ္ၿပီး အရာရွိမ်ား အပါအဝင္ စစ္သား ၆၁၇ ဦး KNU ထံတြင္ လက္နက္ခ် အညံ့ခံသြားေၾကာင္း၊ ထို႔ေၾကာင့္ ထိုင္းအစိုးရထံတြင္ အကူအညီေတာင္းခံကာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ျပန္လည္ေခၚယူရန္ မဲေဆာက္- ရန္ကုန္ ေလယာဥ္ ခရီးစဥ္မ်ား ပ်ံသန္းရန္ ထိုင္းအစိုးရထံမွ ခြင့္ျပဳခ်က္ရယူထားေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ထိုင္းဝန္ႀကီးခ်ဳပ္ Srettha Thavisin ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *