ပေါက်ကိုယ်တော် တောက်ခေါက်နေလောက်ပြီ(ရုပ်သံ)

ပေါက်ကိုယ်တော် တောက်ခေါက်နေလောက်ပြီ(ရုပ်သံ)

ပေါက်မြို့နယ်၊ ကုက္ကိုစု ပျူစောထီးရွာသို့ ရိက္ခာလာပို့သော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ မှု စစ်သား ၇ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစု ပျူစောထီးရွာကို ရိက္ခာလာပို့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဧပြီလ ၆ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် ပေါက်မြို့နယ် ရေပြာကျေးရွာရဲစခန်းမှ ကုက္ကိုစုပျူစောထီးရွာကို ရိက္ခာကား ၂ စီး၊ jammer ကား ၁ စီးနှင့် ရှေ့ပြေး ထွက်ခွာလာ‌‌သော စစ်သားနှင့် ပျူစောထီး အင်အား ၅၀ ခန့်ကို ကုက္ကိုလ်စု ပျူစောထီးရွာ ဘုရားကုန်း တောင်ဘက် မီတာ ၃၀၀ ကျော်ခန့်အကွာ လက်ပံပင်အောက် အရောက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ပေပါမိုင်း အကြီး ၂ လုံးတွဲဖြင့် မိုင်းဆွဲ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ပေပါမိုင်း အနီးကို ရောက်ရှိနေသည့် စစ်သားနှင့် ပျူစောထီး ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကျန်ရှိနေသူများက ထမ်းစင်များဖြင့် သယ်ထုတ်သွားကြောင်း၊ ယင်းသို့ သယ်ထုတ်လာစဉ် မကျီးစင်လမ်းဆုံအရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက တိုက်မိုင်းများဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး ထပ်မံသေဆုံးခဲ့ပြီး ပျူစောထီး ၃ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၁ ၊ ပေါက် ပကဖ၊ BLY ပြောက်ကျားတပ်ဖွဲ (ပေါက်)၊ FRF အထူးတပ်ဖွဲ (၂) ၊ ပခုက္ကူခရိုင် တပ်ရင်း (၁၆) တပ်ခွဲ (၂) ၊ NPRF (ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦး) တို့မှ ပူးပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ေပါက္ၿမိဳ႕နယ္၊ ကုကၠိဳစု ပ်ဴေစာထီး႐ြာသို႔ ရိကၡာလာပို႔ေသာ စစ္တပ္စစ္ေၾကာင္းကို မိုင္းဆြဲ မႈ စစ္သား ၇ ဦး ေသဆုံး (႐ုပ္/သံ)
မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္၊ ကုကၠိဳစု ပ်ဴေစာထီး႐ြာကို ရိကၡာလာပို႔ေသာ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ားကို ၂ ႀကိမ္ မိုင္းဆြဲ တိုက္ခိုက္ရာ စစ္တပ္ဘက္မွ ၇ ဦးေသဆုံးခဲ့ေၾကာင္း ၿမိဳင္ ပကဖ မွ တာဝန္ရွိသူ တစ္ဦးကေျပာဆိုသည္။
ဧၿပီလ ၆ ရက္ေန႔ နံနက္ ၆ နာရီ ၄၀ မိနစ္ခန႔္တြင္ ေပါက္ၿမိဳ႕နယ္ ေရျပာေက်း႐ြာရဲစခန္းမွ ကုကၠိဳစုပ်ဴေစာထီး႐ြာကို ရိကၡာကား ၂ စီး၊ jammer ကား ၁ စီးႏွင့္ ေရွ႕ေျပး ထြက္ခြာလာ‌‌ေသာ စစ္သားႏွင့္ ပ်ဴေစာထီး အင္အား ၅၀ ခန႔္ကို ကုကၠိဳလ္စု ပ်ဴေစာထီး႐ြာ ဘုရားကုန္း ေတာင္ဘက္ မီတာ ၃၀၀ ေက်ာ္ခန႔္အကြာ လက္ပံပင္ေအာက္ အေရာက္တြင္ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက ေပပါမိုင္း အႀကီး ၂ လုံးတြဲျဖင့္ မိုင္းဆြဲ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ရာ ေပပါမိုင္း အနီးကို ေရာက္ရွိေနသည့္ စစ္သားႏွင့္ ပ်ဴေစာထီး ၅ ဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း သိရသည္။
ယင္းတိုက္ခိုက္မႈအတြင္း ထိခိုက္ဒဏ္ရာ ျပင္းထန္စြာ ရရွိခဲ့သည့္ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ားကို က်န္ရွိေနသူမ်ားက ထမ္းစင္မ်ားျဖင့္ သယ္ထုတ္သြားေၾကာင္း၊ ယင္းသို႔ သယ္ထုတ္လာစဥ္ မက်ီးစင္လမ္းဆုံအေရာက္တြင္ ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက တိုက္မိုင္းမ်ားျဖင့္ ထပ္မံ မိုင္းဆြဲ တိုက္ခိုက္ရာ စစ္သား ၂ ဦး ထပ္မံေသဆုံးခဲ့ၿပီး ပ်ဴေစာထီး ၃ ဦး အျပင္းအထန္ ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရွိရသည္။
အဆိုပါ တိုက္ခိုက္မႈကို ၿမိဳင္ပကဖ တပ္ရင္း ၁ ၊ ေပါက္ ပကဖ၊ BLY ေျပာက္က်ားတပ္ဖြဲ (ေပါက္)၊ FRF အထူးတပ္ဖြဲ (၂) ၊ ပခုကၠဴခ႐ိုင္ တပ္ရင္း (၁၆) တပ္ခြဲ (၂) ၊ NPRF (ေပါက္ေျမာက္ပိုင္းေတာ္လွန္ေရးတပ္ဦး) တို႔မွ ပူးေပါင္း ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *