မြန်မာခက်ရင် ထိုင်းလည်း ကြပ်မှာ နင်တို့လဲ အမျိုးမျိုးပဲနော်

မြန်မာခက်ရင် ထိုင်းလည်း ကြပ်မှာ နင်တို့လဲ အမျိုးမျိုးပဲနော်

လျှင်မြန်ဆန်စွာ ပြောင်းလဲနေသော မြန်မာ့အရေး အခြေအနေများကြောင့် ထိုင်းဝန်ကြီးချုပ်က အရေးပေါ် အစည်း အဝေးခေါ်ယူပြီး နယ်စပ်ကုန်သွယ်ရေး အပါအဝင် အခြေအနေများကို စောင့်ကြည့်ရန် အလုပ်ကော်မတီတစ်ခုဖွဲ့စည်း

ရန်ကုန်၊ ဧပြီ ၉

ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် Srettha Thavisin က လျှင်မြန်ဆန်စွာ ပြောင်းလဲနေသော မြန်မာ့အရေး အခြေအနေများကြောင့် ယနေ့နံနက်ပိုင်း အရေးပေါ် အစည်းအဝေးခေါ်ယူပြီး အလုပ်ကော်မတီတစ်ခုဖွဲ့စည်းလိုက်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများသည် ထိုင်းနိုင်ငံအတွက် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး၊ နှစ်နိုင်ငံ ပြည်သူများ အကျိုးစီးပွားအတွက် ထိုင်းနိုင်ငံက မူဝါဒချမှတ်အလုပ်လုပ်နေကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် အရေးပေါ် အစည်းအဝေး ခေါ်ယူ၍ ထိုင်း-မြန်မာနယ်စပ်အရေးကိစ္စ ဆွေးနွေးကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အတွက် ပံ့ပိုးလျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်ရေး အပါအဝင် မြန်မာနိုင်ငံတွင်း တည်ငြိမ်အေးချမ်းရေးအတွက် နယ်ပယ်ပေါင်းစုံနှင့် လက်တွဲ အလုပ်လုပ်ရန် အဆင်သင့်ဖြစ်နေကြောင်း၊ ဖြစ်ပေါ်နေသော အခြေအနေများကြောင့် နယ်စပ်ကုန်သွယ်ရေး အပါအင် ဖြစ်ပေါ်လာနိုင်သော သက်ရောက်မှုများကိုလည်း လေ့လာစောင့်ကြည့်နေကြောင်း ထိုင်းဝန်ကြီးချုပ်က ဆိုသည်။

ထို့နောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်မည့် မြန်မာ့အရေး ဆိုင်ရာ အလုပ်ကော်မတီတစ်ခုကို ဖွဲ့စည်းမည်ဖြစ်ပြီး အဆိုပါအလုပ်ကော်မတီတွင် ထိုင်းလုံခြုံရေးဌာနမှ အတွင်းရေးမှူးက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အတူ ပူးတွဲတာဝန်ယူမည်ဖြစ်ကြောင်း ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ထိုင်းလုံခြုံရေးဌာန အတွင်းရေးမှူးက ပံ့ပိုးကူညီဖြစ်ကြောင်း သိရှိရသည်။

လွ်င္ျမန္ဆန္စြာ ေျပာင္းလဲေနေသာ ျမန္မာ့အေရး အေျခအေနမ်ားေၾကာင့္ ထိုင္းဝန္ႀကီးခ်ဳပ္က အေရးေပၚ အစည္း အေဝးေခၚယူၿပီး နယ္စပ္ကုန္သြယ္ေရး အပါအဝင္ အေျခအေနမ်ားကို ေစာင့္ၾကည့္ရန္ အလုပ္ေကာ္မတီတစ္ခုဖြဲ႕စည္း
ရန္ကုန္၊ ဧၿပီ ၉
ထိုင္းႏိုင္ငံ၊ ဝန္ႀကီးခ်ဳပ္ Srettha Thavisin က လွ်င္ျမန္ဆန္စြာ ေျပာင္းလဲေနေသာ ျမန္မာ့အေရး အေျခအေနမ်ားေၾကာင့္ ယေန႔နံနက္ပိုင္း အေရးေပၚ အစည္းအေဝးေခၚယူၿပီး အလုပ္ေကာ္မတီတစ္ခုဖြဲ႕စည္းလိုက္ေၾကာင္း ၎၏ လူမႈကြန္ရက္ စာမ်က္ႏွာမွ တစ္ဆင့္ သတင္းထုတ္ျပန္သည္။
ျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနေသာ အေျခအေနမ်ားသည္ ထိုင္းႏိုင္ငံအတြက္ အေရးႀကီးေၾကာင္း၊ ျမန္မာႏိုင္ငံၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္ေရး၊ ႏွစ္ႏိုင္ငံ ျပည္သူမ်ား အက်ိဳးစီးပြားအတြက္ ထိုင္းႏိုင္ငံက မူဝါဒခ်မွတ္အလုပ္လုပ္ေနေၾကာင္း၊ ယေန႔ နံနက္ပိုင္းတြင္ အေရးေပၚ အစည္းအေဝး ေခၚယူ၍ ထိုင္း-ျမန္မာနယ္စပ္အေရးကိစၥ ေဆြးေႏြးေၾကာင္း၊ ထိုင္းႏိုင္ငံအေနျဖင့္ လူသားခ်င္းစာနာေထာက္ထားမႈ အတြက္ ပံ့ပိုးလ်က္ရွိေၾကာင္း၊ နယ္စပ္ကုန္သြယ္ေရး အပါအဝင္ ျမန္မာႏိုင္ငံတြင္း တည္ၿငိမ္ေအးခ်မ္းေရးအတြက္ နယ္ပယ္ေပါင္းစုံႏွင့္ လက္တြဲ အလုပ္လုပ္ရန္ အဆင္သင့္ျဖစ္ေနေၾကာင္း၊ ျဖစ္ေပၚေနေသာ အေျခအေနမ်ားေၾကာင့္ နယ္စပ္ကုန္သြယ္ေရး အပါအင္ ျဖစ္ေပၚလာႏိုင္ေသာ သက္ေရာက္မႈမ်ားကိုလည္း ေလ့လာေစာင့္ၾကည့္ေနေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္က ဆိုသည္။
ထို႔ေနာက္ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဦးေဆာင္မည့္ ျမန္မာ့အေရး ဆိုင္ရာ အလုပ္ေကာ္မတီတစ္ခုကို ဖြဲ႕စည္းမည္ျဖစ္ၿပီး အဆိုပါအလုပ္ေကာ္မတီတြင္ ထိုင္းလုံၿခဳံေရးဌာနမွ အတြင္းေရးမႉးက ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္အတူ ပူးတြဲတာဝန္ယူမည္ျဖစ္ေၾကာင္း ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ လူမႈေရးဆိုင္ရာ လုပ္ငန္းစဥ္မ်ားတြင္ ထိုင္းလုံၿခဳံေရးဌာန အတြင္းေရးမႉးက ပံ့ပိုးကူညီျဖစ္ေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *