ကျိုက်ထို အက်ရှင်ရုပ်သံရှိုးလိုက်အုန်း

ကျိုက်ထို အက်ရှင်ရုပ်သံရှိုးလိုက်အုန်း

ကျိုက်ထိုမြို့နယ် KNU တပ်မဟာ ၁ နယ်မြေ တပ်ရင်း (၃)အတွင်း အင်အား ၅၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက် (ရုပ်/သံ)

+++++++++++++++++++++++++

ဧပြီ ၉၊ ၂၀၂၄

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် KNU တပ်မဟာ ၁ နယ်မြေ တပ်ရင်း (၃)အတွင်းရှိ မရမ်းချောင် စစ်ဆေးရေးဂိတ်အနီး ကွာရီရွာသို့ ဧပြီ ၈ ရက်က အင်အား ၅၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက M79ဗုံးသီး ၆ လုံးနဲ့ ပစ်ခတ်ပြီးလက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Black Eagle Forces(Thongwa PDF)မှ သိရပါ တယ်။

တိုက်ခိုက်ခံရတဲ့ စစ်သားတွေ ထိခိုက်မှုများခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ့ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။ အထက်ပါတိုက်ခိုက်မှုကို Black Eagle Forces(Thongwa PDF) နှင့် သေမင်းတမန် (Local PDF) နှစ်ဖွဲ့က ပူးပေါင်း စစ်ဆင်ရေးပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

+++++++++++++++++++++++++
ဧပြီ ၉၊ ၂၀၂၄

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *