မွန်ပြည်နယ်ပွဲတွေ ခပ်စိပ်စိပ်ကြားနေရဘီ

မွန်ပြည်နယ်ပွဲတွေ ခပ်စိပ်စိပ်ကြားနေရဘီ

မွန်ပြည်နယ်ကို ထွက်လာသည့် စစ်ကား ၁၈ စီးပါ ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး ကား ၃ စီးပျက်စီး၊

လက်ပံပင် သင်္ချိုင်းကုန်းရှေ့ရှိ ခိုအောင်းနေသော စစ်သားများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၀

မွန်ပြည်နယ်ကို ထွက်လာသည့် စစ်ကား ၁၈ စီးပါ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၈ ဦးသေဆုံးပြီး ကား ၃ စီးပျက်စီးခဲ့ကြောင်း ကျိုက်ထို တော်လှန်ရေးအင်အားစုထံမှ သိရသည်။ဧပြီလ ၉ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်တွင် မွန်ပြည်နယ်ကို ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၁၈ စီးပါ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ အနီးတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း ကား ၃ စီး ပျက်စီးသွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၂ ဦးနှင့် တပ်သား ၁၉ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး ၈ ဦး သေသွားခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၁ ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) ၊ KNU/KNLA ၊ ကဝ-ပကဖ ၊ ABSDF ၊ PDFတပ်ရင်း(၃) နှင့် ကျိုက်ထိုပကဖ တို့ ပူးပေါင်း၍ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင် လက်ပံပင်သင်္ချိုင်းကုန်းရှေ့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ခိုအောင်းနေသော နေအိမ် ၁ အိမ်ကိုလည်း ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် KRF NightHawks မှ ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး PDF-ခရမ်း အဖွဲ့မှလည်း ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) သည် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ပါကြောင်းနှင့် KRF အနေဖြင့် ပြည်သူလူထု အပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိပါကြောင်း ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *