ငပုရေ ရေစက်ခွက်လေးကိုင် အမျှ အမျှအမျှ၃ကြိမ်ခေါ်

ငပုရေ ရေစက်ခွက်လေးကိုင် အမျှ အမျှအမျှ၃ကြိမ်ခေါ်

KIA က သိမ်းပိုက်ရရှိထားသော လွယ်ဂျယ်မြို့ရှိ မြို့စောင့်တပ် ခလရ ၁၄၂ အတွင်းမှ ငွေကျပ် သိန်းပေါင်းများစွာ ထည့်သွင်းထားသော သေတ္တာများ သိမ်းဆည်းရရှိ၊ သိန်းပေါင်း ၁ သောင်းဝန်းကျင်ရှိနိုင်ဟုဆို

ရန်ကုန်၊ ဧပြီ ၁၀

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ တရုတ်-မြန်မာနယ်စပ် ၊ လွယ်ဂျယ်မြို့ရှိ မြို့စောင့်တပ် ခလရ ၁၄၂ အတွင်းမှ ငွေကျပ် သိန်းပေါင်းများစွာ သိမ်းဆည်းရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ ခလရ ၁၄၂ တပ်အတွင်း စစ်ကောင်စီတပ်သားများနှင့် Non- CDM ဝန်ထမ်းများ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားပြီးနောက် KIA က တပ်အတွင်း ဝင်ရောက်၍ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် ငွေကျပ် သိန်းပေါင်းများစွာ သိမ်းဆည်းရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခု ခန့်မှန်းခြေတော့ သိန်းပေါင်း ၁ သောင်းဝန်းကျင်လောက်ရှိနိုင်တယ်လို့ သိရပါတယ်။ ဘဏ်တွေမှာရှိတဲ့ ငွေတွေကို တပ်ထဲမှာ ယူပြီး သိမ်းထားတာမျိုးဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ တပ်ရဲ့ ဂိုဒေါင်အဆောက်အအုံတစ်ခုအတွင်းက ရတယ်လို့ သိရတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ တရုတ်-မြန်မာ နယ်စပ် လွယ်ဂျယ်မြို့တွင် ကျန်ရှိနေသော ခလရ ၁၄၂ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် Non-CDM ဝန်ထမ်းများအားလုံး တရုတ်ပြည်အတွင်းသို့ ဝင်ရောက် ထွက်ပြေးသွားသဖြင့် စစ်ကောင်စီ ကင်းစင်သော မြို့အဖြစ် KIA က တရားဝင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၇ ရက်နေ့မှစတင်ပြီး ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ကာ ဧပြီလ ၁ ရက်နေ့တွင် စစ်ကောင်စီ၏ နောက်ဆုံးစခန်းကြီးဖြစ်သော စိန်လုံဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဧပြီလ ၂ ရက်နေ့တွင် လွယ်ဂျယ်မြို့အတွင်းသို့ KIA က တရားဝင် ဝင်ရောက်သိမ်းပိုက်ခဲ့သည်။

KIA က သိမ္းပိုက္ရရွိထားေသာ လြယ္ဂ်ယ္ၿမိဳ႕ရွိ ၿမိဳ႕ေစာင့္တပ္ ခလရ ၁၄၂ အတြင္းမွ ေငြက်ပ္ သိန္းေပါင္းမ်ားစြာ ထည့္သြင္းထားေသာ ေသတၱာမ်ား သိမ္းဆည္းရရွိ၊ သိန္းေပါင္း ၁ ေသာင္းဝန္းက်င္ရွိႏိုင္ဟုဆို
ရန္ကုန္၊ ဧၿပီ ၁၀
ကခ်င္ျပည္နယ္၊ မိုးေမာက္ၿမိဳ႕နယ္၊ တ႐ုတ္-ျမန္မာနယ္စပ္ ၊ လြယ္ဂ်ယ္ၿမိဳ႕ရွိ ၿမိဳ႕ေစာင့္တပ္ ခလရ ၁၄၂ အတြင္းမွ ေငြက်ပ္ သိန္းေပါင္းမ်ားစြာ သိမ္းဆည္းရရွိေၾကာင္း KIA သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ဧၿပီလ ၉ ရက္ေန႔ ခလရ ၁၄၂ တပ္အတြင္း စစ္ေကာင္စီတပ္သားမ်ားႏွင့္ Non- CDM ဝန္ထမ္းမ်ား တ႐ုတ္ႏိုင္ငံဘက္သို႔ ထြက္ေျပးသြားၿပီးေနာက္ KIA က တပ္အတြင္း ဝင္ေရာက္၍ နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ရာတြင္ ေငြက်ပ္ သိန္းေပါင္းမ်ားစြာ သိမ္းဆည္းရရွိျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“အခု ခန႔္မွန္းေျခေတာ့ သိန္းေပါင္း ၁ ေသာင္းဝန္းက်င္ေလာက္ရွိႏိုင္တယ္လို႔ သိရပါတယ္။ ဘဏ္ေတြမွာရွိတဲ့ ေငြေတြကို တပ္ထဲမွာ ယူၿပီး သိမ္းထားတာမ်ိဳးျဖစ္ႏိုင္တယ္လို႔ ယူဆပါတယ္။ တပ္ရဲ႕ ဂိုေဒါင္အေဆာက္အအုံတစ္ခုအတြင္းက ရတယ္လို႔ သိရတယ္” ဟု KIA သတင္းရင္းျမစ္က ေျပာဆိုသည္။
ဧၿပီလ ၉ ရက္ေန႔ ကခ်င္ျပည္နယ္၊ မိုးေမာက္ၿမိဳ႕နယ္၊ တ႐ုတ္-ျမန္မာ နယ္စပ္ လြယ္ဂ်ယ္ၿမိဳ႕တြင္ က်န္ရွိေနေသာ ခလရ ၁၄၂ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ Non-CDM ဝန္ထမ္းမ်ားအားလုံး တ႐ုတ္ျပည္အတြင္းသို႔ ဝင္ေရာက္ ထြက္ေျပးသြားသျဖင့္ စစ္ေကာင္စီ ကင္းစင္ေသာ ၿမိဳ႕အျဖစ္ KIA က တရားဝင္ သိမ္းပိုက္ရရွိခဲ့ျခင္းျဖစ္သည္။
မတ္လ ၂၇ ရက္ေန႔မွစတင္ၿပီး ဗန္းေမာ္-လြယ္ဂ်ယ္လမ္းရွိ စစ္ေကာင္စီတပ္စခန္းမ်ားကို KIA ႏွင့္ ေတာ္လွန္ေရးတပ္မ်ားက စတင္တိုက္ခိုက္ခဲ့ကာ ဧၿပီလ ၁ ရက္ေန႔တြင္ စစ္ေကာင္စီ၏ ေနာက္ဆုံးစခန္းႀကီးျဖစ္ေသာ စိန္လုံဗ်ဴဟာစခန္းကို တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း၊ ဧၿပီလ ၂ ရက္ေန႔တြင္ လြယ္ဂ်ယ္ၿမိဳ႕အတြင္းသို႔ KIA က တရားဝင္ ဝင္ေရာက္သိမ္းပိုက္ခဲ့သည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *