ပြေးလိုက်ကြတာ ခုမှကြောက်ပါပီမလုပ်နဲ့(ရုပ်/သံ)

ပြေးလိုက်ကြတာ ခုမှကြောက်ပါပီမလုပ်နဲ့(ရုပ်/သံ)

စစ်တပ်ထောက်ပို့ယာဉ်ကို မိုင်းဆွဲပြီး အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု အများအပြားထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

သြဂုတ် ၆၊ ၂၀၂၄

စစ်ကိုင်းတိုင်း ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းမှာ စစ်တပ်ရဲ့ ထောက်ပို့ယာဉ် ၃ စီးကို ဇူလိုင် ၂၉ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLACK WOLF – ARMY အဖွဲ့ထံက သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ထောက်ပို့ယာဉ် ၁ စီး ဆက်လက်မမောင်းနှင်လို့ မရတော့ဘဲ ရပ်တန့်သွားကာ အဲဒီယာဉ်ကို လုံခြုံရေးကင်းယူထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဇူလိုင် ၃၀ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့ကနေ ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိသွားပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီစစ်ဆင်ရေးကိုတော့ BLACK WOLF – ARMY ၊ who am i – army ၊ ပြည်သူ့အစေခံအဖွဲ့ ၊ ရွှေဘိုခရိုင် တပ်ရင်း – ၃ ၊ ဇာမဏီ ဒရုန်းတပ်ဖွဲ့ နဲ့ ဖောက်ခွဲလူငယ်အဖွဲ့ မဟာမိတ်တွေ ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ္တပ္ေထာက္ပို႔ယာဥ္ကို မိုင္းဆြဲၿပီး အၾကမ္းဖက္စစ္သားေတြကို ဒ႐ုန္းနဲ႔ ဗုံးသီးႀကဲခ်တိုက္ခိုက္မႈ အမ်ားအျပားထိခိုက္ဒဏ္ရာရ (႐ုပ္/သံ)
ၾသဂုတ္ ၆၊ ၂၀၂၄
စစ္ကိုင္းတိုင္း ေ႐ႊဘို-ေက်ာက္ေျမာင္းလမ္းပိုင္းမွာ စစ္တပ္ရဲ႕ ေထာက္ပို႔ယာဥ္ ၃ စီးကို ဇူလိုင္ ၂၉ ရက္ မနက္ပိုင္းက မိုင္းဆြဲတိုက္ခိုက္ခဲ့တယ္လို႔ BLACK WOLF – ARMY အဖြဲ႕ထံက သိရပါတယ္။
မိုင္းဆြဲတိုက္ခိုက္ခံရတဲ့ ေထာက္ပို႔ယာဥ္ ၁ စီး ဆက္လက္မေမာင္းႏွင္လို႔ မရေတာ့ဘဲ ရပ္တန႔္သြားကာ အဲဒီယာဥ္ကို လုံၿခဳံေရးကင္းယူထားတဲ့ အၾကမ္းဖက္စစ္သားေတြကို ဇူလိုင္ ၃၀ ရက္ မနက္ပိုင္းမွာ ေတာ္လွန္ေရးပူးေပါင္းအဖြဲ႕ကေန ဒ႐ုန္းနဲ႔ ဗုံးသီးႀကဲခ်ၿပီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။
အဲဒီတိုက္ခိုက္မႈမွာ အၾကမ္းဖက္စစ္သားအမ်ားအျပား ထိခိုက္ဒဏ္ရာရရွိသြားၿပီး လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ရမ္းသမ္းပစ္ခတ္ခဲ့တယ္လို႔ သိရပါတယ္။
ဒီစစ္ဆင္ေရးကိုေတာ့ BLACK WOLF – ARMY ၊ who am i – army ၊ ျပည္သူ႔အေစခံအဖြဲ႕ ၊ ေ႐ႊဘိုခ႐ိုင္ တပ္ရင္း – ၃ ၊ ဇာမဏီ ဒ႐ုန္းတပ္ဖြဲ႕ နဲ႔ ေဖာက္ခြဲလူငယ္အဖြဲ႕ မဟာမိတ္ေတြ ပူးေပါင္းလုပ္ ေဆာင္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *