တ-ပ်ရင်း၅ရင်းပေါင်းပြီအပီကြီတ်တော့မယ်

တ-ပ်ရင်း၅ရင်းပေါင်းပြီအပီကြီတ်တော့မယ်

ယင်းမာပင်က NUG လက်အောက်ခံ တော်လှန်ရေး တပ်ရင်းငါးရင်း ပေါင်းပြီး ဗျူဟာတပ်ရင်းအဖြစ် ဖွဲ့စည်း၊

တပ်ရင်းတစ်ခုချင်းအလိုက် စစ်အုပ်စုကိုတိုက်ခိုက်ရာမှာ ထိရောက်မှုအားနည်းလို့ အခုလို ဗျူဟာတပ်ရင်း အဖြစ် ပေါင်းစည်းတာဖြစ်၊

လက်ရှိ ရှမ်းမြောက် ၊ ရှမ်း-မန်း စစ်ဆင်ရေးမှာ ပါဝင်ဆင်နွှဲနေ

ဩဂုတ် ၆

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ခရိုင် တပ်ရင်း ငါးရင်းပေါင်းပြီး ယင်းမာပင်ခရိုင် ဗျူဟာ ၄၇ ကို ဖွဲ့စည်းလိုက်လိုက်တယ်လို့ အဆိုပါဗျူဟာရဲ့ ပြန်ကြား ရေးတာဝန်ခံ ကိုမင်းက ပြောပါတယ်။

ခရိုင်တပ်ရင်းတစ်ခုချင်းအလိုက် စစ်အုပ်စုကို တိုက်ခိုက်တဲ့အခါ ထိရောက်မှုအားနည်းတာကြောင့် အမျိုးသားညီ ညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အတူ အခုလို ဗျူဟာတပ်ရင်းအဖြစ် ဖွဲ့စည်းလိုက် တာဖြစ်ပြီး ပူးပေါင်းလိုက်တဲ့ ခရိုင်တပ်ရင်းငါးခုဟာ ယင်းမာပင်ခရိုင် အမှတ် ၂၇၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆ တပ်ရင်းတွေ ဖြစ် တယ်လို့ ဆိုပါတယ်။

“ကျနော်တို့မြို့နယ်မှာ တစ်ရင်းတည်းတိုက်ကြတာ။ တိုက်ခိုက်ရေးအတွက် ထိထိရောက်ရောက် မတိုက်နိုင်ဘူး ပေါ့။ တခြားနေရာတွေမှာ စခန်းသိမ်း၊ မြို့သိမ်းတွေ လုပ်နေတဲ့အချိန်မှာ ကျည်အထောက်အပံ့ လက်နက် အင်အား နည်းတဲ့အတွက် မတိုက်နိုင်ဘူး။ ဒီငါးရင်းကနေ ရှိတဲ့ Gun (လက်နက်) လေးတွေနဲ့ စုဖွဲ့ပြီးမှ လက်နက်ငယ် ၅၀ နဲ့ ဗျူဟာရုံး၊ ရဲဘော်တွေစတန်းဘိုင်နဲ့ လေ့ကျင့်ရေးရော၊ စုဖွဲ့မှုရော စတင်လိုက်တာ” လို့ ပြန်ကြားရေးတာဝန်ခံ ကို မင်းက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အရင်စုဖွဲ့ပြီးသား တပ်ရင်းတွေကို စုဖွဲ့မှု ပိုမိုအား ကောင်းအောင် သုံးရင်းတစ်ဗျူဟာ၊ လေးရင်းတစ်ဗျူဟာ၊ ငါးရင်းတစ်ဗျူဟာ စတဲ့ ဗျူဟာစစ်ကြောင်းတွေ ပူးပေါင်း ပြီး ပြန်လည်ဖွဲ့စည်းမှု ပြုလုပ်လာရာမှာ အခုဖွဲ့စည်းလိုက်တဲ့ ယင်းမာပင်ခရိုင် ဗျူဟာ ၄၇ လည်း တစ်ခုပါဝင်လာ တာပါ။

အဆိုပါ ယင်းမာပင်ခရိုင် ဗျူဟာ ၄၇ ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက် က ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိ ၁၀၂၇ စစ်ဆင်ရေး၊ ရှမ်း-မန်းစစ် ရေးမှာ ဗျူဟာ ၄၇ အဖွဲ့ဝင် တွေထဲက ရဲဘော် ၁၀၉ ဦး ပါဝင်တိုက်ခိုက်နေတယ်လို့ ပြန် ကြားရေးတာဝန်ခံ ကိုမင်းက ပြောပါတယ်။

“ကျနော်တို့ ရှမ်းမြောက် MNDAA ဘက်မှာတော့ ကျနော်တို့ဗျူဟာက ၁၀၉ ယောက်လွှတ်ထားတယ်ဗျ။ ပြီးတော့ မြေပြင်မှာလည်း ကျန်ရှိအင်အားနဲ့ (တပ်) ရင်းတွေမှာရှိတဲ့ Gun ( လက်နက်) တွေကို စုပြီးခါမှ စုဖွဲ့မှု၊ မြေပြင် လည်း တိုက်နိုင်ဖို့ မြောက်ပိုင်းမှာလည်း လွှတ်လိုက်တဲ့ ရဲဘော်တွေက တိုက်နေပြီ။ အဲလိုမျိုးသွားထားလိုက်တာပေါ့” လို့ ကိုမင်းက ဆိုပါတယ်။

လက်ရှိ ယင်းမာပင်ခရိုင်မှာ တပ်ရင်းပေါင်း ၃၉ ရင်းရှိပြီး ဗျူဟာစစ်ကြောင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်တဲ့ဗျူဟာ ကိုးခုရှိပြီလို့ ဆိုပါတယ်။

“ဗျူဟာ ၁ ကရေးဆွဲတဲ့ စစ်ရေးမစ်ရှင်ပဲဖြစ်ဖြစ်၊ ဗျူဟာ ၂ က ရေးဆွဲတဲ့ စစ်ရေးမစ်ရှင်ပဲဖြစ်ဖြစ် ဒီဗျူဟာတွေ ပူး ပေါင်းပြီးမှ တိုက်တာမျိုးပဲ ကျနော်တို့ သွားနေတယ်ဗျ” လို့ ကိုမင်းက ပြောပါတယ်။

ခရိုင်တပ်ရင်း ငါးရင်းနဲ့ ဖွဲ့စည်းလိုက်တဲ့ ယင်းမာပင်ခရိုင် ဗျူဟာ- ၄၇ အနေနဲ့ တပ်ရင်းတွေမှာရှိတဲ့ အနည်း ငယ်သော လက်နက်ခဲယမ်းတွေကို စုပေါင်းပြီး စစ်ရေးလုပ်ဆောင်နေရတာကြောင့် ရဲဘော်အင်အားနဲ့ လက်နက်ခဲ ယမ်းအင်အားကလည်း မမျှမတဖြစ်နေတယ်လို့ဆိုပါတယ်။

အဲဒီအခက်အခဲကို ပြေလည်နိုင်ဖို့ ယင်းမာပင်ခရိုင် ဗျူဟာ-၄၇ ရဲ့ လက်နက်ခဲယမ်း ကမ်ပိန်းကို လာမယ့် ဩဂုတ် လ ၁၅ ရက်မှာ စတင်ပြုလုပ်မှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ပါဝင်အားဖြည့်ပေးကြဖို့ ပြန်ကြားရေးတာဝန်ခံကို မင်း က ပြောပါတယ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *