မှူးကြီးတွေလည်း သဘောပေါက်ကြပေါ့

မှူးကြီးတွေလည်း သဘောပေါက်ကြပေါ့

မိုးကုတ်တိုက်ပွဲတွင် စွန့်ခွာ ထွက်ပြေးသည့် အလယ်ပိုင်းတိုင်း ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်လွင်က စစ်ကူလူအင်အား ပြည့်စုံစွာမပေး၍ အမိန့်ကို မနာခံဘဲ ထွက်ပြေးရဟု စစ်ခုံရုံးတွင် ထွက်ဆို

ရန်ကုန်၊ ဩဂုတ် ၇

မန္တလေးတိုင်း၊ မိုးကုတ်တိုက်ပွဲတွင် မြို့ကို စွန့်ခွာထွက်ပြေးခဲ့၍ စစ်ခုံရုံးအတင်ခံနေရသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်လွင်က စစ်ကူလူအင်အား ပြည့်စုံစွာမပေး၍ အမိန့်ကို မနာခံဘဲ ထွက်ပြေးစွန့်ခွာရခြင်းဖြစ်ကြောင်း စစ်ခုံရုံးတွင် ထွက်ဆိုကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက မိုးကုတ်မြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့ကြောင်း၊ ထိုအချိန် အလယ်ပိုင်းတိုင်း ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်လွင်ဦးစီးသော စစ်ကြောင်းသည် မိုးကုတ်မြို့သို့ စစ်ကူ စေလွှတ်သော်လည်း လူအင်အား ပြည့်စုံစွာ မပေးသဖြင့် မန္တလေးသို့ ပြန်လာရခြင်းဖြစ်သည်ဟု မန္တလေး၊ နန်းတွင်း စစ်ခုံရုံးတွင် ဗိုလ်မှူးချုပ် အောင်လွင်က ထွက်ဆိုခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

” နဂိုကတည်းက သူက မိုးကုတ်ကို မသွားချင်လို့ ခါးနာတယ်ဆိုပြီးတော့ အကြောင်းပြနေတာ။ တိုင်းမှူးကြည်ခိုင် Case ဖြစ်တော့ ပြန်လာတယ်။ အဲဒါကို နောက်တိုင်းမှူးအသစ်က ဇွတ်ပြန်လွှတ်တာ။ ခု တစ်ခုခုဖြစ်တယ် သွားဆိုပြီး ဒုတိုင်းမှူး လွှတ် လိုက်တယ်။ ဒုတိုင်းမှူးကလည်း စစ်တိုက်တဲ့ ကောင်ပဲ။ ဒါပေမဲ့ ဒုတိုင်းမှူးတစ်ယာက်ကို လွှတ်လိုက်ပြီဆို သူ့အနေနဲ့ တင့်ကားတွေပါမယ်၊ အမြောက်တွေ ထပ်ပါဦးမလား လူပါမလား အဲဒီလို လူပါမှ ဒုတိုင်းမှူးသွားတယ်ဆိုပြီး ဖြစ်မှာ။ သူ့ crew ပါရမယ်။ ခုက စစ်တပ်မှာ အပေါဆုံးက ဗိုလ်ချုပ်။ ဗိုလ်ချုပ်ဆိုတော့ သွား ဒုတိုင်းမှူးလွှတ်လိုက်တယ်ဆိုပြီး ဖင်ပိတ်ကန်လိုက်တာ။ ဒုတိုင်းမှူးလည်း သူ့မှာ ကွပ်ကဲရမယ့် တပ်မရှိရင် သူလည်း ရဲဘော်ပဲ။ တပ်မရှိရင် အလကားပဲ ဘာမှ လုပ်လို့မရဘူး။ သူကလည်း အဲဒါတွေ feel တာပေါ့။ အဲဒီတော့ မှန်ကန်စွာ ထွက်ဆိုရန် သတိပေးပြီးတဲ့နောက်မှာ ကျွန်တော့် လူအင်အားမှ မပေးတာ ပြန်လာတယ်တွေ ဖြစ်ကုန်တာ”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်ကောင်စီတပ်အတွင်းတွင် နောက်ပိုင်းတွင် စစ်ပုန်ကန်မှု ဖြစ်လာနိုင်သည့် အနေအထားများရှိကြောင်း၊ စစ်တိုက်ရန် သွားရပြီးနောက် ထိုသို့ အရေးယူခံရခြင်းများ ဖြစ်လာပြီး စစ်ဗိုလ်ချုပ်များ၏ အနာဂတ်သည် မလှပတော့ဘဲ အဖမ်းခံရခြင်း ကျဆုံးခြင်းများနှင့် နောက်ကျည်ထိခြင်း အနေအထားမျိုး ရောက်လာတော့မည်ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

ဓာတ်ပုံ- အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်လွင်။(အနီဖြင့် ၀ိုင်းထားသူ)

May be an image of 10 people and text

မိုးကုတ္တိုက္ပြဲတြင္ စြန႔္ခြာ ထြက္ေျပးသည့္ အလယ္ပိုင္းတိုင္း ဒုတိယတိုင္းမႉး ဗိုလ္မႉးခ်ဳပ္ေအာင္လြင္က စစ္ကူလူအင္အား ျပည့္စုံစြာမေပး၍ အမိန႔္ကို မနာခံဘဲ ထြက္ေျပးရဟု စစ္ခုံ႐ုံးတြင္ ထြက္ဆို

ရန္ကုန္၊ ဩဂုတ္ ၇

မႏၲေလးတိုင္း၊ မိုးကုတ္တိုက္ပြဲတြင္ ၿမိဳ႕ကို စြန႔္ခြာထြက္ေျပးခဲ့၍ စစ္ခုံ႐ုံးအတင္ခံေနရသည့္ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ဒုတိယတိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ေအာင္လြင္က စစ္ကူလူအင္အား ျပည့္စုံစြာမေပး၍ အမိန႔္ကို မနာခံဘဲ ထြက္ေျပးစြန႔္ခြာရျခင္းျဖစ္ေၾကာင္း စစ္ခုံ႐ုံးတြင္ ထြက္ဆိုေၾကာင္း သိရွိရသည္။

ဇူလိုင္လ ၂၄ ရက္ေန႔ ညေန ၅ နာရီအခ်ိန္ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ (မႏၲေလး) ႏွင့္ တအာင္းအမ်ိဳးသားလြတ္ ေျမာက္ေရးတပ္မေတာ္ (TNLA) ဦးေဆာင္ေသာ မဟာမိတ္ပူးေပါင္းတပ္ဖြဲ႕မ်ားက မိုးကုတ္ၿမိဳ႕ကို အၿပီးသတ္ သိမ္းယူႏိုင္ခဲ့ေၾကာင္း၊ ထိုအခ်ိန္ အလယ္ပိုင္းတိုင္း ဒုတိယတိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ေအာင္လြင္ဦးစီးေသာ စစ္ေၾကာင္းသည္ မိုးကုတ္ၿမိဳ႕သို႔ စစ္ကူ ေစလႊတ္ေသာ္လည္း လူအင္အား ျပည့္စုံစြာ မေပးသျဖင့္ မႏၲေလးသို႔ ျပန္လာရျခင္းျဖစ္သည္ဟု မႏၲေလး၊ နန္းတြင္း စစ္ခုံ႐ုံးတြင္ ဗိုလ္မႉးခ်ဳပ္ ေအာင္လြင္က ထြက္ဆိုခဲ့ေၾကာင္း CDM ဗိုလ္ႀကီး ဇင္ေယာ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

” နဂိုကတည္းက သူက မိုးကုတ္ကို မသြားခ်င္လို႔ ခါးနာတယ္ဆိုၿပီးေတာ့ အေၾကာင္းျပေနတာ။ တိုင္းမႉးၾကည္ခိုင္ Case ျဖစ္ေတာ့ ျပန္လာတယ္။ အဲဒါကို ေနာက္တိုင္းမႉးအသစ္က ဇြတ္ျပန္လႊတ္တာ။ ခု တစ္ခုခုျဖစ္တယ္ သြားဆိုၿပီး ဒုတိုင္းမႉး လႊတ္ လိုက္တယ္။ ဒုတိုင္းမႉးကလည္း စစ္တိုက္တဲ့ ေကာင္ပဲ။ ဒါေပမဲ့ ဒုတိုင္းမႉးတစ္ယာက္ကို လႊတ္လိုက္ၿပီဆို သူ႔အေနနဲ႔ တင့္ကားေတြပါမယ္၊ အေျမာက္ေတြ ထပ္ပါဦးမလား လူပါမလား အဲဒီလို လူပါမွ ဒုတိုင္းမႉးသြားတယ္ဆိုၿပီး ျဖစ္မွာ။ သူ႔ crew ပါရမယ္။ ခုက စစ္တပ္မွာ အေပါဆုံးက ဗိုလ္ခ်ဳပ္။ ဗိုလ္ခ်ဳပ္ဆိုေတာ့ သြား ဒုတိုင္းမႉးလႊတ္လိုက္တယ္ဆိုၿပီး ဖင္ပိတ္ကန္လိုက္တာ။ ဒုတိုင္းမႉးလည္း သူ႔မွာ ကြပ္ကဲရမယ့္ တပ္မရွိရင္ သူလည္း ရဲေဘာ္ပဲ။ တပ္မရွိရင္ အလကားပဲ ဘာမွ လုပ္လို႔မရဘူး။ သူကလည္း အဲဒါေတြ feel တာေပါ့။ အဲဒီေတာ့ မွန္ကန္စြာ ထြက္ဆိုရန္ သတိေပးၿပီးတဲ့ေနာက္မွာ ကြၽန္ေတာ့္ လူအင္အားမွ မေပးတာ ျပန္လာတယ္ေတြ ျဖစ္ကုန္တာ”ဟု CDM ဗိုလ္ႀကီး ဇင္ေယာ္က ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာၾကားသည္။

စစ္ေကာင္စီတပ္အတြင္းတြင္ ေနာက္ပိုင္းတြင္ စစ္ပုန္ကန္မႈ ျဖစ္လာႏိုင္သည့္ အေနအထားမ်ားရွိေၾကာင္း၊ စစ္တိုက္ရန္ သြားရၿပီးေနာက္ ထိုသို႔ အေရးယူခံရျခင္းမ်ား ျဖစ္လာၿပီး စစ္ဗိုလ္ခ်ဳပ္မ်ား၏ အနာဂတ္သည္ မလွပေတာ့ဘဲ အဖမ္းခံရျခင္း က်ဆုံးျခင္းမ်ားႏွင့္ ေနာက္က်ည္ထိျခင္း အေနအထားမ်ိဳး ေရာက္လာေတာ့မည္ျဖစ္ေၾကာင္း CDM ဗိုလ္ႀကီး ဇင္ေယာ္က သုံးသပ္သည္။

ဓာတ္ပုံ- အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ဒုတိယတိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ေအာင္လြင္။(အနီျဖင့္ ၀ိုင္းထားသူ)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *