အပုံလိုက်ကြီးအိပ်နေကြတာ ကြည့်ကောင်းလိုက်တာ

အပုံလိုက်ကြီးအိပ်နေကြတာ ကြည့်ကောင်းလိုက်တာ

ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးကာ ဒရုန်း ၁ စင်း၊ လက်နက် ၁၀ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးကာ ဒရုန်း ၁ စင်း၊ လက်နက် ၁၀ လက်သိမ်းဆည်းရရှိကြောင်း PNLA က ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ၆ ရက်နေ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်PNLA၊ မဟာမိတ်တပ်များ နှင့် စစ်ကောင်စီတပ်ဖွဲတို့အကြား ဆီဆိုင်မြိုနယ် လွယ်ထွယ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီတပ်၏အလောင်း ၁၅လောင်း ၊ ဒရုန်း ၁ စင်းနှင့် လက်နက် ၁၀ လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက သြဂုတ်လ ၃ ရက်နေ့မှစပြီး ဆီဆိုင်မြိုနယ် အတွင်းရှိ ပအိုဝ်းကျေးရွာ ပအိုဝ်းနယ်မြေအတွင်းသို လက်နက်ကြီးများဖြင့် တမင်သက်သက်ပစ်ခတ်နေလျက်ရှိသဖြင့် ပြည်သူများအနေဖြင့် သတိဝီရိယဖြင့် သွားလာကြပါရန် PNLA က တိုက်တွန်းထားသည်။

“ဩဂုတ် ၃ ရက်နေ့ ရှမ်းတောင် ဆီဆိုင်မြို တိုက်ပွဲပြန်ဖြစ်နေပြီ။ ၁၀၂၇ ပထမပိုင်းပြီးတော့ ဆီဆိုင်မြို့မှာ တိုက်ပွဲ ဖြစ်ခဲ့တယ်။ ၁၀၂၇ ဒုတိယပိုင်း လားရှိုးမြို့ သိမ်းခံရပြီးတဲ့နောက် တောင်ကြီးမြို့ သိမ်းမယ်ဆိုတဲ့စကားကြောင့် ပအိုဝ်းအမျိုးသားလွတ် မြောက် ရေး PNLA ဌာနချုပ်ကို စစ်ကောင်စီနဲ့ PNAတွေက လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်တာကြောင့် တိုက်ပွဲပြန်ဖြစ်နေပါတယ်။ အရင်က ဆီဆိုင်မြို့ ရဲ့တိုက်ပွဲထဲမှာ PNLA က ဆီဆိုမြို့ ကို သိမ်းလိုက်တာ ပအိုဝ်းပြည်သူတွေနဲ့ ပအိုဝ်းသံဃာတွေရဲ့ တောင်းဆိုမှုကြောင့် PNLAက နောက်ဆုတ်ပေးလိုက်တယ်။ ဒီတစ်ခါတော့ PNO ကနောက်တစ်ကြိမ်စော်ကားလာတဲ့အတွက် ကျောက်တလုံးကြီးမြို့ အထိ တိုက်ပွဲကျယ်ပြန်မယ့် အခြေ အနေရှိတယ်”ဟု PNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဆီဆိုင္ၿမိဳ႕နယ္တြင္ တိုက္ပြဲျဖစ္ပြားၿပီး စစ္တပ္ဘက္မွ ၁၅ ဦးေသဆုံးကာ ဒ႐ုန္း ၁ စင္း၊ လက္နက္ ၁၀ လက္ သိမ္းဆည္းရရွိ
ရန္ကုန္၊ ဩဂုတ္ ၇
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဆီဆိုင္ၿမိဳ႕နယ္တြင္ တိုက္ပြဲျဖစ္ပြားၿပီး စစ္တပ္ဘက္မွ ၁၅ ဦးေသဆုံးကာ ဒ႐ုန္း ၁ စင္း၊ လက္နက္ ၁၀ လက္သိမ္းဆည္းရရွိေၾကာင္း PNLA က ေျပာဆိုသည္။
ယမန္ေန႔ ဩဂုတ္လ၆ ရက္ေန႔ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္PNLA၊ မဟာမိတ္တပ္မ်ား ႏွင့္ စစ္ေကာင္စီတပ္ဖြဲတို႔အၾကား ဆီဆိုင္ၿမိဳနယ္ လြယ္ထြယ္ေက်း႐ြာအနီးတြင္ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း၊ တိုက္ပြဲျဖစ္ပြားမႈအတြင္း စစ္ေကာင္စီတပ္၏အေလာင္း ၁၅ေလာင္း ၊ ဒ႐ုန္း ၁ စင္းႏွင့္ လက္နက္ ၁၀ လက္သိမ္းဆည္းရမိခဲ့ေၾကာင္း သိရွိရသည္။
စစ္ေကာင္စီတပ္ဖြဲ႕ ႏွင့္ စစ္ေကာင္စီလက္ေအာက္ခံ ျပည္သူ႔စစ္မ်ားက ၾသဂုတ္လ ၃ ရက္ေန႔မွစၿပီး ဆီဆိုင္ၿမိဳနယ္ အတြင္းရွိ ပအိုဝ္းေက်း႐ြာ ပအိုဝ္းနယ္ေျမအတြင္းသို လက္နက္ႀကီးမ်ားျဖင့္ တမင္သက္သက္ပစ္ခတ္ေနလ်က္ရွိသျဖင့္ ျပည္သူမ်ားအေနျဖင့္ သတိဝီရိယျဖင့္ သြားလာၾကပါရန္ PNLA က တိုက္တြန္းထားသည္။
“ဩဂုတ္ ၃ ရက္ေန႔ ရွမ္းေတာင္ ဆီဆိုင္ၿမိဳ တိုက္ပြဲျပန္ျဖစ္ေနၿပီ။ ၁၀၂၇ ပထမပိုင္းၿပီးေတာ့ ဆီဆိုင္ၿမိဳ႕မွာ တိုက္ပြဲ ျဖစ္ခဲ့တယ္။ ၁၀၂၇ ဒုတိယပိုင္း လားရႈိးၿမိဳ႕ သိမ္းခံရၿပီးတဲ့ေနာက္ ေတာင္ႀကီးၿမိဳ႕ သိမ္းမယ္ဆိုတဲ့စကားေၾကာင့္ ပအိုဝ္းအမ်ိဳးသားလြတ္ ေျမာက္ ေရး PNLA ဌာနခ်ဳပ္ကို စစ္ေကာင္စီနဲ႔ PNAေတြက လက္နက္ႀကီးေတြ၊ ေလယာဥ္ေတြနဲ႔ ပစ္တာေၾကာင့္ တိုက္ပြဲျပန္ျဖစ္ေနပါတယ္။ အရင္က ဆီဆိုင္ၿမိဳ႕ ရဲ႕တိုက္ပြဲထဲမွာ PNLA က ဆီဆိုၿမိဳ႕ ကို သိမ္းလိုက္တာ ပအိုဝ္းျပည္သူေတြနဲ႔ ပအိုဝ္းသံဃာေတြရဲ႕ ေတာင္းဆိုမႈေၾကာင့္ PNLAက ေနာက္ဆုတ္ေပးလိုက္တယ္။ ဒီတစ္ခါေတာ့ PNO ကေနာက္တစ္ႀကိမ္ေစာ္ကားလာတဲ့အတြက္ ေက်ာက္တလုံးႀကီးၿမိဳ႕ အထိ တိုက္ပြဲက်ယ္ျပန္မယ့္ အေျခ အေနရွိတယ္”ဟု PNLA သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *