ကိုယ့်အလှည့်ကျ ကြောက်တက်လိုက်ကျတာ

ကိုယ့်အလှည့်ကျ ကြောက်တက်လိုက်ကျတာ

ပြင်ဦးလွင်ကို တော်လှန်ရေးတပ်များက မကြာမီ တိုက်ခိုက်မည်ဆိုသော သတင်း များကြောင့် စစ်တပ်အရာရှိကြီးများ၏ မိသားစုများ၊ ရဲနှင့် ဝန်ထမ်းများ၏ မိသားစုများ အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့ နေ

ရန်ကုန်၊ ဩဂုတ် ၈

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ကို တော်လှန်ရေးတပ်များက မကြာမီ တိုက် ခိုက်မည်ဆိုသော သတင်းများကြောင့် စစ်တပ်အရာရှိကြီးများ၏ မိသားစုများ၊ ရဲနှင့် ဝန်ထမ်းများ၏ မိသားစုများ အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့ နေကြကြောင်း ပြင်ဦးလွင်မြို့အခြေစိုက် တပ်သတင်းရင်းမြစ်များက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၆ ရက်နေ့မှစတင်၍ စစ်တပ်အရာရှိကြီးများ၏ မိသားစုဝင်များ၊ ရဲမိသားစုများ၊ Non-CDM ဝန်ထမ်းများ၏ မိသား စုဝင်များက ပြင်ဦးလွင်မြို့မှ စတင်ပြောင်းရွှေ့နေကြခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်ကလည်း ပြင်ဦးလွင်တွင် ခံစစ်ပြင်ဆင်မှုများ သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာချိန်တွင် ထိုသို့ စစ်တပ်၊ရဲနှင့်ဝန်ထမ်းများ၏ မိသားစုဝင်များ အလုံးအရင်းဖြင့် ပြောင်း ရွှေ့နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဩဂုတ်လ ၅ ရက်နေ့မှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ရမခတိုင်းက စစ်အရာရှိကြီးတွေ အဖမ်းခံထားရတယ်။ ရမခတိုင်းစစ်ဌာနချုပ်ကို အစွမ်းကုန် ခုခံကာကွယ်တယ်ဆိုတဲ့ သတင်းစကားထွက်ပြောတဲ့အချိန်မှာ ပြင်ဦးလွင်တပ်အသိုင်းအ၀ိုင်းမှာ အတော်ကို ဂယက် စရိုက်တာပဲ။ ပြင်ဦးလွင်ကို ဟိုနေ့ လာတိုက်တော့ မယ်၊ ဒီနေ့ လာတိုက်ခိုက်ခံရတော့မယ်ဆိုတဲ့သတင်းတွေကလည်း ပါးစပ် သတင်းတွေ ထွက်နေတယ်။ တပ်မိသားစုတွေကတော့ မနေ့က အတော်များများ ပြောင်းကုန်ကြပြီ။ ရန်ကုန်ပြောင်းကြ တာ များတယ်။ ပြင်ဦးလွင်မြို့မရဲ စခန်းမှာလည်း ရဲမိသားစုဝင်တွေကို ရဲတွေက ရှောင်ခိုင်းနေပြီ။ ဝန်ထမ်းမိသား စုတွေလည်း စုပေါင်းကားတွေငှားပြီး ပြင်ဦးလွင်က ပြန်ဆင်းကြတာများတယ်” ဟု ပြင်ဦးလွင်မြို့မှ တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ပြင်ဦးလွင် တပ်မတော်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသန တပ်)၊ စစ် အင်ဂျင်နီယာတပ်၊ တပ်မတော်ဆေးတပ်ရင်း၊ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ ထောက်ပို့တပ်များမှ စစ်အရာရှိမိသားစုဝင်များမှာ ကိုယ်ပိုင်ကားများ၊ စုပေါင်းငှားရမ်းထားသော ကားများဖြင့် ဩဂုတ်လ ၇ ရက်နေ့တွင် အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့နေကြကြောင်း သိရှိရသည်။

စစ်ကောင်စီဘက်ကမူ တပ်အရာရှိကြီးများ၏ မိသားစုဝင်များ၊ ရဲမိသားစုဝင်များ၊ Non-CDM ဝန်ထမ်းများ၏ မိသားစုဝင်များ ပြောင်းရွှေ့မှုအပေါ် တစ်စုံတစ်ရာ တားဆီးမှုမရှိဘဲ တချို့တပ်ရင်းများတွင် တပ်မှူးနှင့် တပ်အကြီးအကဲများကိုယ်တိုင် မိသားစုဝင်များကို ဘေးကင်းရာသို့ ပြောင်းရွှေ့ကြရန် နှုတ်မိန့်ဖြင့် ညွှန်ကြားချက်ပေးနေကြောင်း သိရှိရသည်။

“ပြင်ဦးလွင်မှာရှိတဲ့ တပ်အကြီးပိုင်းမိသားစုတွေတော့ နေပြည်တော်ပြောင်းကြပြီ။ မနေ့ညနေက ရပ်ကွက်နေပြည်သူတွေမပြေးဖို့နဲ့ မီဒီယာတွေ့ သတင်းအမှားတွေမယုံဖို့လိုက်ပြောတယ်။ တပ်မိသားစုတွေက တကယ်ကိုတိတ်တဆိတ် ပြေးနေကြပြီ။ ဗိုလ်ကတော် ကျောင်းဆရာမတွေလည်း ကျောင်မလာကြတော့ဘူး။ နောက်ပြီး ပြင်ဦးလွင် မိုးကြိုးကွက်သစ် ဘုရားကုန်းမှာ စစ်တပ်က အင် အား အများပြားချနေရာယူထားကြတယ်။ အထပ်မြင့် အဆောက်အအုံတွေမှာလည်း စနိုက်ပါ တပ်သားတချို့ နေရာယူမယ်လို့ အိမ်ရှင်တွေကို လိုက်ပြောတာရှိတယ်” ဟု ပြင်ဦးလွင်ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီတပ်များက ပြင်ဦးလွင်မြို့အတွင်းသို့ မိုးကုတ်၊ နောင်ချိုတို့ဘက်မှ ဝင်ရောက်လာမှုများကို တားမြစ်ထားပြီး မြို့အဝင်တွင် စစ်ဆေးမှုများကို ပိုမိုး တင်းကျပ်ထားကြောင်း၊ ပြည်သူ့စစ်(ခေါ်) ပျူစောထီးများကိုလည်း လက်နက်တပ်ဆင်မှုများကို ယခုရက်ပိုင်းအတွင်း ပိုမိုးတိုးမြှင့်လုပ်ဆောင်လာကြောင်း ပြင်ဦးလွင်အခြေစိုက် တပ်သတင်းရင်းမြစ်များက ပြောဆိုကြသည်။

ဓာတ်ပုံ- ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်။

May be an image of 7 people and text

ျပင္ဦးလြင္ကို ေတာ္လွန္ေရးတပ္မ်ားက မၾကာမီ တိုက္ခိုက္မည္ဆိုေသာ သတင္း မ်ားေၾကာင့္ စစ္တပ္အရာရွိႀကီးမ်ား၏ မိသားစုမ်ား၊ ရဲႏွင့္ ဝန္ထမ္းမ်ား၏ မိသားစုမ်ား အလုံးအရင္းျဖင့္ စတင္ေျပာင္းေ႐ႊ႕ ေန
ရန္ကုန္၊ ဩဂုတ္ ၈
မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္ကို ေတာ္လွန္ေရးတပ္မ်ားက မၾကာမီ တိုက္ ခိုက္မည္ဆိုေသာ သတင္းမ်ားေၾကာင့္ စစ္တပ္အရာရွိႀကီးမ်ား၏ မိသားစုမ်ား၊ ရဲႏွင့္ ဝန္ထမ္းမ်ား၏ မိသားစုမ်ား အလုံးအရင္းျဖင့္ စတင္ေျပာင္းေ႐ႊ႕ ေနၾကေၾကာင္း ျပင္ဦးလြင္ၿမိဳ႕အေျခစိုက္ တပ္သတင္းရင္းျမစ္မ်ားက ရန္ကုန္ေခတ္ သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ဩဂုတ္လ ၆ ရက္ေန႔မွစတင္၍ စစ္တပ္အရာရွိႀကီးမ်ား၏ မိသားစုဝင္မ်ား၊ ရဲမိသားစုမ်ား၊ Non-CDM ဝန္ထမ္းမ်ား၏ မိသား စုဝင္မ်ားက ျပင္ဦးလြင္ၿမိဳ႕မွ စတင္ေျပာင္းေ႐ႊ႕ေနၾကျခင္းျဖစ္ေၾကာင္း၊ စစ္ေကာင္စီတပ္ဘက္ကလည္း ျပင္ဦးလြင္တြင္ ခံစစ္ျပင္ဆင္မႈမ်ား သိသိသာသာ တိုးျမႇင့္လုပ္ေဆာင္လာခ်ိန္တြင္ ထိုသို႔ စစ္တပ္၊ရဲႏွင့္ဝန္ထမ္းမ်ား၏ မိသားစုဝင္မ်ား အလုံးအရင္းျဖင့္ ေျပာင္း ေ႐ႊ႕ေနၾကျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“ဩဂုတ္လ ၅ ရက္ေန႔မွာ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ရမခတိုင္းက စစ္အရာရွိႀကီးေတြ အဖမ္းခံထားရတယ္။ ရမခတိုင္းစစ္ဌာနခ်ဳပ္ကို အစြမ္းကုန္ ခုခံကာကြယ္တယ္ဆိုတဲ့ သတင္းစကားထြက္ေျပာတဲ့အခ်ိန္မွာ ျပင္ဦးလြင္တပ္အသိုင္းအ၀ိုင္းမွာ အေတာ္ကို ဂယက္ စ႐ိုက္တာပဲ။ ျပင္ဦးလြင္ကို ဟိုေန႔ လာတိုက္ေတာ့ မယ္၊ ဒီေန႔ လာတိုက္ခိုက္ခံရေတာ့မယ္ဆိုတဲ့သတင္းေတြကလည္း ပါးစပ္ သတင္းေတြ ထြက္ေနတယ္။ တပ္မိသားစုေတြကေတာ့ မေန႔က အေတာ္မ်ားမ်ား ေျပာင္းကုန္ၾကၿပီ။ ရန္ကုန္ေျပာင္းၾက တာ မ်ားတယ္။ ျပင္ဦးလြင္ၿမိဳ႕မရဲ စခန္းမွာလည္း ရဲမိသားစုဝင္ေတြကို ရဲေတြက ေရွာင္ခိုင္းေနၿပီ။ ဝန္ထမ္းမိသား စုေတြလည္း စုေပါင္းကားေတြငွားၿပီး ျပင္ဦးလြင္က ျပန္ဆင္းၾကတာမ်ားတယ္” ဟု ျပင္ဦးလြင္ၿမိဳ႕မွ တပ္သတင္းရင္းျမစ္က ေျပာဆိုသည္။
ျပင္ဦးလြင္ တပ္မေတာ္သိပၸံႏွင့္ သုေတသနနည္းပညာဌာနခ်ဳပ္ (သသန တပ္)၊ စစ္ အင္ဂ်င္နီယာတပ္၊ တပ္မေတာ္ေဆးတပ္ရင္း၊ စစ္တကၠသိုလ္၊ တပ္မေတာ္နည္းပညာတကၠသိုလ္၊ ေထာက္ပို႔တပ္မ်ားမွ စစ္အရာရွိမိသားစုဝင္မ်ားမွာ ကိုယ္ပိုင္ကားမ်ား၊ စုေပါင္းငွားရမ္းထားေသာ ကားမ်ားျဖင့္ ဩဂုတ္လ ၇ ရက္ေန႔တြင္ အလုံးအရင္းျဖင့္ စတင္ေျပာင္းေ႐ႊ႕ေနၾကေၾကာင္း သိရွိရသည္။
စစ္ေကာင္စီဘက္ကမူ တပ္အရာရွိႀကီးမ်ား၏ မိသားစုဝင္မ်ား၊ ရဲမိသားစုဝင္မ်ား၊ Non-CDM ဝန္ထမ္းမ်ား၏ မိသားစုဝင္မ်ား ေျပာင္းေ႐ႊ႕မႈအေပၚ တစ္စုံတစ္ရာ တားဆီးမႈမရွိဘဲ တခ်ိဳ႕တပ္ရင္းမ်ားတြင္ တပ္မႉးႏွင့္ တပ္အႀကီးအကဲမ်ားကိုယ္တိုင္ မိသားစုဝင္မ်ားကို ေဘးကင္းရာသို႔ ေျပာင္းေ႐ႊ႕ၾကရန္ ႏႈတ္မိန႔္ျဖင့္ ၫႊန္ၾကားခ်က္ေပးေနေၾကာင္း သိရွိရသည္။
“ျပင္ဦးလြင္မွာရွိတဲ့ တပ္အႀကီးပိုင္းမိသားစုေတြေတာ့ ေနျပည္ေတာ္ေျပာင္းၾကၿပီ။ မေန႔ညေနက ရပ္ကြက္ေနျပည္သူေတြမေျပးဖို႔နဲ႔ မီဒီယာေတြ႕ သတင္းအမွားေတြမယုံဖို႔လိုက္ေျပာတယ္။ တပ္မိသားစုေတြက တကယ္ကိုတိတ္တဆိတ္ ေျပးေနၾကၿပီ။ ဗိုလ္ကေတာ္ ေက်ာင္းဆရာမေတြလည္း ေက်ာင္မလာၾကေတာ့ဘူး။ ေနာက္ၿပီး ျပင္ဦးလြင္ မိုးႀကိဳးကြက္သစ္ ဘုရားကုန္းမွာ စစ္တပ္က အင္ အား အမ်ားျပားခ်ေနရာယူထားၾကတယ္။ အထပ္ျမင့္ အေဆာက္အအုံေတြမွာလည္း စႏိုက္ပါ တပ္သားတခ်ိဳ႕ ေနရာယူမယ္လို႔ အိမ္ရွင္ေတြကို လိုက္ေျပာတာရွိတယ္” ဟု ျပင္ဦးလြင္ေဒသျပည္သူတစ္ဦးက ရွင္းျပသည္။
အျခားတစ္ဖက္တြင္လည္း စစ္ေကာင္စီတပ္မ်ားက ျပင္ဦးလြင္ၿမိဳ႕အတြင္းသို႔ မိုးကုတ္၊ ေနာင္ခ်ိဳတို႔ဘက္မွ ဝင္ေရာက္လာမႈမ်ားကို တားျမစ္ထားၿပီး ၿမိဳ႕အဝင္တြင္ စစ္ေဆးမႈမ်ားကို ပိုမိုး တင္းက်ပ္ထားေၾကာင္း၊ ျပည္သူ႔စစ္(ေခၚ) ပ်ဴေစာထီးမ်ားကိုလည္း လက္နက္တပ္ဆင္မႈမ်ားကို ယခုရက္ပိုင္းအတြင္း ပိုမိုးတိုးျမႇင့္လုပ္ေဆာင္လာေၾကာင္း ျပင္ဦးလြင္အေျခစိုက္ တပ္သတင္းရင္းျမစ္မ်ားက ေျပာဆိုၾကသည္။
ဓာတ္ပုံ- ျပင္ဦးလြင္ၿမိဳ႕ရွိ စစ္တကၠသိုလ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *