စစ်ရေးတိုက်ပွဲတွေအပြင် အထွေထွေ အာဏာဖီဆန်ရေး ‘ဘူးသပိတ်’ တိုက်ပွဲဆင်နွှဲကြဖို့ ဒေါက်တာတေဇာစန်း တိုက်တွန်း (ရုပ်/သံ)
သြဂုတ် ၈၊ ၂၀၂၄
စစ်အာဏာရှင်ဖြုတ်ချရေးအတွက် မြေပြင်မှာ စစ်ရေးတိုက်ပွဲတွေအပြင် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ အထွေထွေ အာဏာဖီဆန်ရေး ‘ဘူးသပိတ်’ တိုက်ပွဲကို ပါဝင်ဆင်နွှဲကြဖို့ ဒေါက်တာတေဇာစန်းက တိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေကို ပိတ်ပစ်နိုင်ဖို့ စစ်တပ်ပိုင်ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို မသုံးဘူး၊ မဝယ်ဘူး၊ မသယ်ဘူး၊ မရောင်းဘူး၊ ဖက်ဆစ်တပ်ထောက်တိုင်တွေကို လက်မခံဘူး၊ အကြမ်းဖက်စစ်အုပ်စုနဲ့ အမိန့်တွေကို လက်မခံဘူး၊ မပူးပေါင်းဘူး၊ မနာခံဘူး၊ စစ်တပ်က ကြံစည်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံဘူး စသဖြင့် အကြမ်းဖက်စစ်တပ် သက်ဆိုး ရှည်စေမယ့်အရာတွေကို ပြည်သူတစ်ဦးတစ်ယောက်မကျန် ပါဝင်ဆောင်ရွက်နိုင်တဲ့ ‘ဘူး’ သပိတ်ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ်ကို ဖြိုလှဲကြဖို့ ဒေါက်တာ တေဇာစန်းက တိုက်တွန်းနှိုး ဆော်ထားပါတယ်။