ခေါ်လို့သွားတာကို သူတို့ကအရင်ပြေးတယ်

ခေါ်လို့သွားတာကို သူတို့ကအရင်ပြေးတယ်

ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာရှိ တော်လှန်ရေး တပ်ဖွဲ့များကို မကြာခဏ စိန်ခေါ်နေသော စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး မီးရှို့ရှင်းလင်း

ဩဂုတ် ၈

တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာရှိ တော်လှန်ရေး တပ်ဖွဲ့များကို မကြာခဏ စိန်ခေါ်နေသော အကြမ်းဖက် စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး မီးရှို့ရှင်းလင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ဩဂုတ်လ ၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသော နေရာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၂ နာရီခန့် တိုက်ပွဲဖြစ်ပွားကာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး စစ်တပ်က ဆက်လက် ခုခံနိုင်စွမ်းမရှိဘဲ အထိအခိုက်များစွာဖြင့် စခန်းမှ စွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားပြီးနောက် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက မီးလောင်ချောင်းကျေးရွာအတွင်းရှိ စစ်တပ် ခံစစ်နေရာများနှင့် စာသင်ကျောင်းအတွင်း တည်ဆောက်ထားသော ဘန်ကာများကို မီးရှို့ရှင်းလင်းခဲ့ပြီး တိုက်ပွဲအတွင်း ပိတ်မိနေသော ပြည်သူများကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရှိရသည်။”တိုက်ပွဲမှာ စစ်ခွေး ၁ ကောင် မျက်မြင်သေတယ်။ အထိအခိုက်များနိုင်ပါတယ်။ စစ်ခွေးတွေက မီးလောင်ချောင်းကျေးရွာနဲ့ ဘုတ်အခြေစိုက် ခလရ ၁၇ ကြားမှာရှိတဲ့ ကာကင်းကုန်းတစ်ခုကို ထွက်ပြေးသွားတယ်။

မီးလောင်ချောင်းစခန်းက ကျွန်တော်တို့ကို ခဏခဏ စိန်ခေါ်နေတဲ့ စခန်း။ သတ္တိရှိရင်လာခဲ့ဆိုပြီး တကယ့်တကယ် သွားတိုက်တော့ ဘယ်လောက်မှ မတိုက်လိုက်ရဘူး။ ပြေးတာပဲ” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော)၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း (၇) ၊ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) နှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ဩဂုတ်လ ၅ ရက်နေ့ကလည်း ပလမြို့ရဲစခန်းနှင့် ၎င်းရှေ့ရှိ စစ်ဆေးရေးဂိတ်ကို မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း(၇)တပ်ခွဲ(၂)တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်(ပုလော) မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *