အထုတ်ကလေးပိုက်ပြီး ပြေးကြပေါ့ကွာ😄😄😄😄

အထုတ်ကလေးပိုက်ပြီး ပြေးကြပေါ့ကွာ😄😄😄😄

မန္တလေးတွင် ဌာနဆိုင်ရာ အရေးကြီးစာရွက်စာတမ်းများ အပါအဝင် ရုံးသုံးပစ္စည်းများ အရေးပေါ် ရွှေ့ပြောင်းရန်၊ ဝန်ထမ်းများ လုံခြုံသောနေရာသို့ ရွှေ့ပြောင်းရေး စီမံထားရန် ညွှန်ကြားချက်များ ထွက်ရှိ

■ မန္တလေးတစ်မြို့လုံးတွင် လုံခြုံရေးများ တိုးမြှင့်ပြီး ခုခံစစ်အတွက် ပြင်ဆင်

နေရန်ကုန်၊ ဩဂုတ် ၉ မန္တလေးတွင် ဌာနဆိုင်ရာ အရေးကြီးစာရွက်စာတမ်းများ အပါအဝင် ရုံးသုံးပစ္စည်းများ အရေးပေါ် ရွှေ့ပြောင်းရန်၊ ဝန်ထမ်းများ လုံခြုံသောနေရာသို့ ရွှေ့ ပြောင်းရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း CDM ဗိုလ်ကြီးဇင်ယော်ထံမှ သိရှိရသည်။

ဩဂုတ်လ ၈ ရက်နေ့ ထုတ်ပြန်ထားသော မန္တလေးတိုင်းမြေစာရင်းဦးစီးဌာန၏ ရုံးစာတွင် လက်ရှိဖြစ်ပေးနေသော လုံခြုံရေးအခြေအနေအရ ဌာနပိုင် အရေး ကြီးစာရွက်စာတမ်းများ၊ ရုံးသုံးစက်ကိရိယာများနှင့်မြေတိုင်းပစ္စည်းများ အရေးပေါ် ရွှေ့ပြောင်းသိမ်းဆည်းမည့် အစီအစဉ်နှင့် ဝန်ထမ်းများအား လုံခြုံမှုရှိသော နေရာသို့ ပြောင်းရွှေ့နိုင်ရေး အတွက် အစီအမံများ ရေးဆွဲထားရန် လိုအပ်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် မြို့နယ်ဦးစီးဌာနမှူးများအနေဖြင့် ရွှေ့ပြောင်းရေး အစီအမံများကို ရေးဆွဲပြီး အမြန်ဆုံး ပြန်လည်တင်ပြရန် ညွှန်ကြားထားသည်။

ထို့ပြင် လတ်တလော မန္တလေးတွင် စစ်ကောင်စီက လုံခြုံရေး တိုးမြှင့်မှုများလုပ်ဆောင်လာပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ နန်းတွင်းကျုံးပတ်လည်တွင် သဲအိတ်များဖြင့် ဘန်ကာတည်ဆောက်ခြင်း၊ CCTV များတပ်ဆင်ခြင်း၊ အတွင်းအပြင် လုံခြုံရေးစစ်သားများ တိုးမြှင့်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

အလားတူ မန္တလေးမြို့တစ်ခွင်ရှိ ရဲစခန်းများတွင် အတားအဆီး ဘယ်ရီဂိတ်များ တိုးမြှင့်ချထားခြင်း၊ ဘန်ကာများ တိုးမြှင့် တည်ဆောက်ခြင်း၊ ကင်းလှည့်ခြင်း၊ ရဲစခန်းရှေ့များတွင် Slowdown များ ပိုမို ပြုလုပ်လာခြင်း၊ မြို့အဝင်အထွက်တွင် ဂိတ်ချ စစ်ဆေးခြင်း၊ ပြည်သူများ မိုဘိုင်းလ်ဖုန်းများကို စစ်ဆေးခြင်း၊ ဧည့်စာရင်း စစ်ဆေးခြင်းများကို ပိုမိုပြုလုပ်လာကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *