သတိထားကြပါ ဒီလိုကောင်တွေနေရာတိုင်းရှိနိုင်တယ်

သတိထားကြပါ ဒီလိုကောင်တွေနေရာတိုင်းရှိနိုင်တယ်

ရေးဘီလူးတပ်ဖွဲ့ထဲက တော်လှန်ရေးအရေခြုံထားသူနှစ်ယောက် ကင်းစောင့်တာဝန်ကျချိန် ထွက်ပြေးသွား

သြဂုတ် ၁၁၊ ၂၀၂၄

မွန်ပြည်နယ် ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့ထံမှာ တော်လှန်ရေးတပ်သား အယောင်ဆောင်ထားတဲ့ သစ္စာဖောက် နှစ်ယောက် ထွက်ပြေးသွားတယ်လို့ ရေးဘီလူးတပ်ဖွဲ့က ပြောပါတယ်။

တော်လှန်ရေးတာဝန်ထမ်းဆောင်ဖို့ဆိုပြီး ရေးဘီလူးတပ်ဖွဲ့ထဲမှာ ၃လကြာ နေထိုင်ခဲ့ကာ သြဂုတ်လ ၁၁ရက်နေ့ မနက်ပိုင်း ကင်းစောင့်တာဝန်ကျနေချိန်မှာ ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

“သူတို့က ရေးဘီလူးတပ်ဖွဲ့နဲ့အတူ တော်လှန်ရေးလုပ်ဖို့ ရောက်ရှိနေသူ ဟန်ဆောင်ပြီး နေသွားတာ ၃လကြာပါတယ်။ ကျနော်တို့ ရေးဘီလူး Page ကလည်း တရားဝင်ထုတ်ပြန်ထားပါတယ်။ မနက်ကင်းစောင့်နေတဲ့အချိန်မှာ ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်တယ်” လို့ ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ထွက်ပြေးသွားနှစ်ယောက်မှာ တစ်ယောက်က ကောလင်းမြို့နယ် ဆင်းမကျေးရွာမှာနေတဲ့ အောင်မင်းပိုင်(ခ) ပိုင်ကြီး ဖြစ်ပြီး နောက်တစ်ယောက်ကတော့ မကွေးမြို့က ကိုစိုး ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူတွေအနေနဲ့ ဒီလူ ၂ယောက်ကို တွေ့ရင် ရေးဘီလူးတပ်ဖွဲ့ထံ အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

“သစ္စာဖောက်ပြီး ထွက်ပြေးသွားတာဆိုတော့ အမျိုးမျိုး ယူဆလို့ရပါတယ်။ ယုံကြည်မှုကို ရအောင်ယူပြီးတော့ တည်ဆောက်သွားတာဆိုတော့ တော်လှန်ရေးကြီး ပြီးသွားရင်တောင် တွေ့တဲ့နေရာမှာ အရေးယူဆောင်ရွက်သွားမှာပါ” လို့ ရေးဘီလူး တာဝန်ရှိသူက ပြောပါတယ်။

ပုံစာ – ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်နဲ့ ရဲဘော်များ (ပထမပုံ) ၊ သစ္စာဖောက်ကာ ထွက်ပြေးသွားသူ နှစ်ယောက် (ဒုတိယပုံ)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *