Expressပေါ်က မွှင်းခါး(ရုပ်သံ)

Expressပေါ်က မွှင်းခါး(ရုပ်သံ)

ချောင်းဦး-မုံရွာဘက်မှ Express ကား နှစ်စီးဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများ ကြားဖြတ်တိုက်ခိုက် (ရုပ်သံ)

ဩဂုတ် ၁၂

စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦး-မုံရွာဘက်မှ Express ကား နှစ်စီးဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများမှ ကြားဖြတ်တိုက်ခိုက်ကြောင်း Black Eagle Defence Force-MMU အဖွဲ့ထံမှ သိရသည်။

ချောင်းဦး-မုံရွာဘက်မှ Express ကား (၂)စီးဖြင့်လိုက်ပါလာသည့် အင်အား စုစုပေါင်း (၆၀) ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သြဂုတ်လ (၉)ရက်နေ့ နံနက်ကိုးနာရီခွဲခန့်တွင် မုံရွာ-မန္တလေးလမ်းပိုင်းပေါ်ရှိ ဂွေးပင်တောနှင့် ဘိုးမင်းကြီးကင်းအကြားတွင် တော်လှန်ရေးအင်အားစုများမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦး မျက်မြင်သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Black Eagle Defence Force-MMU အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(မြို့နယ် ပကဖ)မှ ဦးဆောင်၍ မြင်းမူမြို့နယ် ပလဖ၊ Black Eagle Defence Force-MMU တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ေခ်ာင္းဦး-မုံ႐ြာဘက္မွ Express ကား ႏွစ္စီးျဖင့္ လိုက္ပါလာသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားအား ေတာ္လွန္ေရးအင္အားစုမ်ား ၾကားျဖတ္တိုက္ခိုက္ (႐ုပ္သံ)
ဩဂုတ္ ၁၂
စစ္ကိုင္းတိုင္း မုံ႐ြာခ႐ိုင္ ေခ်ာင္းဦး-မုံ႐ြာဘက္မွ Express ကား ႏွစ္စီးျဖင့္ လိုက္ပါလာသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားအား ေတာ္လွန္ေရးအင္အားစုမ်ားမွ ၾကားျဖတ္တိုက္ခိုက္ေၾကာင္း Black Eagle Defence Force-MMU အဖြဲ႕ထံမွ သိရသည္။
ေခ်ာင္းဦး-မုံ႐ြာဘက္မွ Express ကား (၂)စီးျဖင့္လိုက္ပါလာသည့္ အင္အား စုစုေပါင္း (၆၀) ခန႔္ပါရွိသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားအား ၾသဂုတ္လ (၉)ရက္ေန႔ နံနက္ကိုးနာရီခြဲခန႔္တြင္ မုံ႐ြာ-မႏၲေလးလမ္းပိုင္းေပၚရွိ ေဂြးပင္ေတာႏွင့္ ဘိုးမင္းႀကီးကင္းအၾကားတြင္ ေတာ္လွန္ေရးအင္အားစုမ်ားမွ ၾကားျဖတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ (၁၅)ဦး မ်က္ျမင္ေသဆုံးခဲ့ၿပီး အမ်ားအျပား ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း Black Eagle Defence Force-MMU အဖြဲ႕က ဆိုသည္။
တိုက္ခိုက္မႈအတြင္း ေတာ္လွန္ေရးအင္အားစုမ်ားဘက္မွ တပ္ဖြဲ႕ဝင္တစ္ဦး မစိုးရိမ္ရ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါတိုက္ခိုက္မႈအား ျမင္းမူၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕(ၿမိဳ႕နယ္ ပကဖ)မွ ဦးေဆာင္၍ ျမင္းမူၿမိဳ႕နယ္ ပလဖ၊ Black Eagle Defence Force-MMU တို႔မွ ပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *