မယားတွက်စိန်နားကပ်မရလိုက်ပဲ အုတ်ကြီးတော့နားကား

မယားတွက်စိန်နားကပ်မရလိုက်ပဲ အုတ်ကြီးတော့နားကား

မိန်းမကို စိန်နားကပ်ဝယ်ပေးဖို့ ပြည်သူတွေဆီကနေ ခြိမ်းခြောက်ငွေတောင်းနေတဲ့ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ဩဂုတ် ၁၃၊ ၂၀၂၄

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို မနေ့က ဩဂုတ်လ ၁၂ ရက် နေ့လည်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ကနေ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအလိုကျ လုပ်ကိုင်ပေးနေတဲ့ အုပ်ချုပ်ရေးမှူး သန်းမြင့်ဟာ မင်းလှမြို့ကနေ ဆိုင်ကယ်စီးပြီး ပြန်လာချိန် စိန်ပုရွာထိပ်လမ်းတစ်နေရာမှာ သေနတ်နဲ့ ၁၅ ချက်ခန့် ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ သိရပါတယ်။

“စစ်မှုထမ်းဖို့ နာမည်ပါတဲ့သူတွေကို တစ်ယောက် သိန်း၅၀တောင်းတယ်။ သူ့မိန်းမကို စိန်နားကပ်လုပ်ပေးချင်လို့ အုပ်ကြီးအာဏာအလွဲသုံးစားလုပ်ပြီး ဘာကိစ္စနဲ့ သူ့ဆီလာတိုင်တိုင် ၁သိန်းတောင်းတယ်။ လင်မယားချင်းစကားများလို့ လာတိုင်ရင်တောင် ၁သိန်းတောင်းတာ။ မပေးရင် သူ့မှာ စခတွေပေးထားတဲ့ သေနတ်ရှိတယ်လေ။ အဲ့တာပြပြီးတောင်းတာ” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာတော့ အဲဒီအုပ်ချုပ်ရေးမှူးထံက လက်ပစ်ဗုံး၁လုံး၊ မိုလ်ဘိုင်းဖုန်း၁လုံး၊ ဓား၁လက်၊ ပေကြိုး၁ခုနဲ့ စာရွက်စာတန်းတချို့ကို သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နဲ့အတူ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပုံ – အုပ်ချုပ်ရေးမှူးသန်းမြင့်ထံက သိမ်းဆည်းရရှိတဲ့ ပစ္စည်းများ

မိန္းမကို စိန္နားကပ္ဝယ္ေပးဖို႔ ျပည္သူေတြဆီကေန ၿခိမ္းေျခာက္ေငြေတာင္းေနတဲ့ အုပ္ခ်ဳပ္ေရးမႉး ရွင္းလင္းခံရ
ဩဂုတ္ ၁၃၊ ၂၀၂၄
ပဲခူးတိုင္း၊ သာယာဝတီခ႐ိုင္၊ မင္းလွၿမိဳ႕နယ္၊ ဆင္တဲကုန္းေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးကို မေန႔က ဩဂုတ္လ ၁၂ ရက္ ေန႔လည္ပိုင္းမွာ ပစ္ခတ္ရွင္းလင္းခဲ့တယ္လို႔ သာယာဝတီခ႐ိုင္ တပ္ရင္း ၃၈၀၂ တပ္ခြဲ ၂ ကေန သတင္းထုတ္ျပန္ထားပါတယ္။
စစ္ေကာင္စီအလိုက် လုပ္ကိုင္ေပးေနတဲ့ အုပ္ခ်ဳပ္ေရးမႉး သန္းျမင့္ဟာ မင္းလွၿမိဳ႕ကေန ဆိုင္ကယ္စီးၿပီး ျပန္လာခ်ိန္ စိန္ပု႐ြာထိပ္လမ္းတစ္ေနရာမွာ ေသနတ္နဲ႔ ၁၅ ခ်က္ခန႔္ ပစ္ခတ္ရွင္းလင္းခံခဲ့ရတယ္လို႔ သိရပါတယ္။
“စစ္မႈထမ္းဖို႔ နာမည္ပါတဲ့သူေတြကို တစ္ေယာက္ သိန္း၅၀ေတာင္းတယ္။ သူ႔မိန္းမကို စိန္နားကပ္လုပ္ေပးခ်င္လို႔ အုပ္ႀကီးအာဏာအလြဲသုံးစားလုပ္ၿပီး ဘာကိစၥနဲ႔ သူ႔ဆီလာတိုင္တိုင္ ၁သိန္းေတာင္းတယ္။ လင္မယားခ်င္းစကားမ်ားလို႔ လာတိုင္ရင္ေတာင္ ၁သိန္းေတာင္းတာ။ မေပးရင္ သူ႔မွာ စခေတြေပးထားတဲ့ ေသနတ္ရွိတယ္ေလ။ အဲ့တာျပၿပီးေတာင္းတာ” လို႔ သာယာဝတီခ႐ိုင္ တပ္ရင္း ၃၈၀၂ ရဲ႕ တာဝန္ရွိသူတစ္ေယာက္က ေမာင္းကိုေျပာပါတယ္။
ပစ္ခတ္မႈအၿပီးမွာေတာ့ အဲဒီအုပ္ခ်ဳပ္ေရးမႉးထံက လက္ပစ္ဗုံး၁လုံး၊ မိုလ္ဘိုင္းဖုန္း၁လုံး၊ ဓား၁လက္၊ ေပႀကိဳး၁ခုနဲ႔ စာ႐ြက္စာတန္းတခ်ိဳ႕ကို သိမ္းဆည္းရရွိခဲ့ၿပီး ေတာ္လွန္ေရးတပ္ဖြဲ႕ေတြကေတာ့ အထိအခိုက္မရွိ ျပန္လည္ဆုတ္ခြာႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
အဲဒီတိုက္ခိုက္မႈကိုေတာ့ သာယာဝတီခ႐ိုင္ တပ္ရင္း ၃၈၀၂ တပ္ခြဲ ၂၊ တပ္ခြဲ ၃ နဲ႔အတူ မင္းလွၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ ရဲေဘာ္ေတြ ပူးေပါင္းတိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ပုံ – အုပ္ခ်ဳပ္ေရးမႉးသန္းျမင့္ထံက သိမ္းဆည္းရရွိတဲ့ ပစၥည္းမ်ား

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *