🐕ပြေး 🐖ပြေး ဘယ်ကိုပြေးကြတာတုန်း

🐕ပြေး 🐖ပြေး ဘယ်ကိုပြေးကြတာတုန်း

စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်သာရှိသော တကောင်းမြို့ကို PDF တပ်များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၁၃

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်သာရှိသော တကောင်းမြို့ကို PDF တပ်များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် တကောင်းမြို့ပေါ်ရှိ ထွေ/အုပ်ရုံး၊ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်းများ အများအပြား သိမ်းဆည်းရရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက လက်ရှိတွင် တကောင်းမြို့တစ်ခုလုံးကို ထိန်းချုပ်ထားကြောင်း သိရှိရသည်။ “တကောင်းတစ်မြို့လုံးမှာမှ စစ်တပ်ဘက်က အင်အား ၁၀၀ ဝန်းကျင်ပဲရှိတယ်။

ပျူစောထီးတွေနဲ့ ပြည်သူ့စစ်တွေပါ ပါရင်တော့ ၁၀၀ ကျော်တော့ရှိမယ်။ အကုန်ထွက်ပြေးကြတယ်။ စစ်သုံ့ပန်းအဖြစ် မိတာတွေလည်းရှိတယ်။ လက်နက်ခဲယမ်းတွေ လည်းသိမ်းပိုက်ရရှိထားပါတယ်။ စစ်တပ်ရော ပြည်သူ့စစ်တွေရော ခွေးပြေး ဝက်ပြေး ထွက်ပြေးကြတာလည်းများတယ်။

အသေးစိတ်ကတော့ သက်ဆိုင်ရာက ထုတ်ပြန်ပါလိမ့်မယ်”ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ထီးချိုင့်မြို့နယ်မှ တစ်ဆင့် တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ပူးပေါင်းတပ်များက ဇူလိုင်လမှ စတင်ပြီး တဖြည်းဖြည်း ထိုးဖောက်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် မောင်းကုန်းကျေးရွာရှိ တကောင်းနီကယ်စက် ရုံ၏ တောင်ပေါ်လုံခြုံရေးကင်းစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် တ ကောင်း နီကယ်စက်ရုံကို သိမ်းပိုက်ခဲ့ကြောင်း၊ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း တကောင်းမြို့၊ အင်းနက်ကျေးရွာရှိ စစ်‌တပ်၏ ဆက်သွယ်ရေး တာဝါတိုင် စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *