မရှိတဲ့$ရှက်တွေကွဲ ငပုနဲ့⚽မတစ်သိုက်

မရှိတဲ့$ရှက်တွေကွဲ ငပုနဲ့⚽မတစ်သိုက်

ရှမ်းမြောက်မှ တိုက်ခိုက်မှု ဖြစ်စဉ်များကို တရုတ်က ဆန့်ကျင်သည်ဆိုသော အချက်မှာ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် သာပါဝင်ပြီး တရုတ်အစိုးရသတင်းဌာန ၏ ထုတ်ပြန်ချက်တွင် ယင်းအချက် လုံး၀ ပါဝင်ခြင်းမရှိ

■ စစ်တပ်လော်ဘီများ လုပ်ဆောင်ခဲ့သော တရုတ်နိုင်ငံကို အိုးမဲသုတ်အပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်ဟု တရုတ်က သတိပေး

ရန်ကုန်၊ ဩဂုတ် ၁၅

မြန်မာနိုင်ငံသို့ ရောက်ရှိသော တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံမှုတွင် ရှမ်းမြောက်မှ တိုက်ခိုက်မှု ဖြစ်စဉ်များကို တရုတ်က ဆန့်ကျင်သည်ဆိုသော အချက်မှာ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် သာပါဝင်ပြီး တရုတ်အစိုးရသတင်းဌာန၏ ထုတ်ပြန်ချက်တွင် ယင်းအချက် ပါဝင်ခြင်းမရှိကြောင်း သိရှိရသည်။

တရုတ်နှင့် စစ်ကောင်စီအကြား ဆွေးနွေးမှုများနှင့်ပတ်သက်ပြီး တရုတ်အစိုးရ သတင်းဌာန ဆင်ဟွာက အပြည့်အစုံ သတင်း ထုတ်ပြန်ခဲ့ရာတွင် ရှမ်းမြောက်မှ တိုက်ပွဲများအပေါ် တရုတ်က ဆန့်ကျင်သည်ဆိုသော အချက်လုံး၀ ပါဝင်ခြင်းမရှိဘဲ ချစ် ကြည် ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်နေခြင်းနှင့် စစ်ဖြစ်ပွားနေခြင်း၊ မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင်အားစု ဝင်ရောက် စွက်ဖက်ခြင်းကို ဆန့်ကျင်ကြောင်းသာ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်မူ ရှမ်းမြောက်ဒေသမှ EAO များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ပါကြောင်း ဖော်ပြခဲ့သော်လည်း ယင်းသို့ တရုတ်က လုံး၀ ပြောဆိုခဲ့ခြင်း မရှိသည်ကို တရုတ်အစိုးရ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

တရုတ်နိုင်ငံက စစ်ကောင်စီသို့ သတိပေးချက် တစ်ခု လုပ်ဆောင်ခဲ့ပြီး ယင်းမှာ စစ်တပ် လော်ဘီများလုပ်ဆောင်ခဲ့သော တရုတ်-မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင် လုပ်ဆောင်နေမှုနှင့် တရုတ်နိုင်ငံအား အိုးမဲသုတ်အပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆို သတိပေးခဲ့ခြင်းဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *