ကိုလှဆွေတို့ ယမကာလေးမှီဝဲတုန်း ဂွိ

ကဒက်ချောင်းတွင် လာရောက်အရက်သောက်နေသည့် အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံရဲသုံးဦးအား ဖမ်းဆီး

ဩဂုတ် ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းတွင် လာရောက်အရက်သောက်နေသည့် အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်သုံးဦးကို ဖမ်းဆီးရမိကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက ယနေ့မနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားပါသည်။ပြီးခဲ့သည့်ဇူလိုင် ၇ ရက်နေ့ ညနေ့သုံးနာရီတွင် အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ ကျိုက်ထိုမြို့မရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်သုံးဦးက ကဒက်ချောင်းတွင် လာရောက်အရက်သောက်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်တွေက နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေစဉ်အတွင်း အရှင်လက်ရဖမ်းဆီးခဲ့တာကြောင်း သိရသည်။

အဆိုပါရဲတပ်ဖွဲ့ဝင်သုံးဦးအား စစ်ဆေးမေးမြန်းပြီးစီးသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူထံသို့ ပို့ဆောင်အပ်နှံထားပြီး ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက ပြောဆိုထားသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားက စစ်အာဏာရှင်စနစ် ကျဆုံးသည့်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း နှင့် ပြည်သူ လူထုအပေါ် တစ်စုံတရာ ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျဉ်း မရှိပါကြောင်း ပြောဆိုထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *