ဒီအုပ်ကြီး မကြာတော့ဘူး

ဒီအုပ်ကြီး မကြာတော့ဘူး

ရွှေညောင်မှာ အုပ်ချုပ်ရေးမှူးက သိန်း ၃၀၀ မရရင် အိမ်တိုင်း ဗလာမပါ စစ်မှူထမ်း မဲနှိုက်ခိုင်းမယ်လို့ ခြိမ်းခြောက်

ဩဂုတ် ၁၉

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်တွေက စစ်မှုထမ်းအတွက် သိန်း ၃၀၀ ကျပ် ပို့ဆောင်ရမယ်ဆိုပြီး အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မင်္ဂလာအောင်မြေရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး တင်ဇော်၊ ရာအိမ်မှူး စိုးဦး၊ စန်းစန်းအေးနဲ့ တင်ရွှေတို့က စစ်မှုထမ်းအတွက် လူ ၅ ဦးမရရင် အိမ်တိုင်းကို ဗလာမပါ ကံစမ်းမဲ နှိုက်ခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်တောင်းခံနေတာပဲ ဖြစ်ပါတယ်။

အုပ်ကြီးထက် စန်းစန်းအေးက ပိုဆိုးနေတာ။ သူ့လင် ခင်မောင်စိုးက Non-CDM, သူ့သားနဲ့ ချွေးမက ရဲဝန်ထမ်း။ သူ့ကိုပဲ ကြောက်နေရတာ။ ခြိမ်းလားခြောက်လားနဲ့ လို့ အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

စစ်မှုထမ်း မဲနှိုက်ဖို့အတွက် အသက် ၁၈ ကနေ ၄၅ နှစ်ကြားရှိ အမျိုးသားအားလုံး ပါဝင်ပြီး လူစားထိုးအတွက် သိန်း ၃၀၀ ကို အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်တွေ ကိုယ်တိုင် ကောက်ခံမှာ မဟုတ်ဘဲ အားလုံးစုံညီမှ လာရောက် အပ်နှံရမယ်လို့ဆိုပါတယ်။

မိဘတွေကတော့ ငိုယိုနေကြတာပေါ့။ တစ်အိမ် ၃ သိန်းနှုန်းဆိုတော့ ဒီကာလဘယ်လွယ်မလဲ။ အုပ်ကြီးကတော့ ငွေပြည့်ရင် ဖုန်းဆက် သူလာယူမယ်တဲ့ လို့ မင်္ဂလာအောင်မြေ၊ နယ်မြေ ၃ မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

လတ်တလောမှာ သိန်း ၃၀၀ အတွက် တစ်အိမ်ဘယ်လောက် ကျမလဲဆိုတာ မသိနိုင်သေးပေမယ့် ရပ်ကွက်နေထိုင်သူ အများစုဟာ ရှိသမျှပစ္စည်းတွေ ပေါင်နှံရောင်းချပြီလို့ စုံစမ်း သိရပါတယ်။

အလားတူ ရွှေညောင်နဲ့ နီးစပ်တဲ့ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာမှာလည်း ပအိုဝ်းပြည်သူ့စစ် (PNA)က ၃ ရက်တစ်ဖြတ်နှုန်းနဲ့ စစ်သင်တန်းပေးနေပြီး ကျောက်ဂူကျေးရွာကို စစ်ကူပို့ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုံ အုပ်ကြီးတင်ဇော်နဲ့ ရာအိမ်မှူး စန်းစန်းအေး

ေ႐ႊေညာင္မွာ အုပ္ခ်ဳပ္ေရးမႉးက သိန္း ၃၀၀ မရရင္ အိမ္တိုင္း ဗလာမပါ စစ္မႉထမ္း မဲႏွိုက္ခိုင္းမယ္လို႔ ၿခိမ္းေျခာက္ဩဂုတ္ ၁၉ရွမ္းျပည္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေ႐ႊေညာင္ၿမိဳ႕၊ မဂၤလာေအာင္ေျမရပ္ကြက္မွာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး အဖြဲ႕ဝင္ေတြက စစ္မႈထမ္းအတြက္ သိန္း ၃၀၀ က်ပ္ ပို႔ေဆာင္ရမယ္ဆိုၿပီး အစည္းအေဝးမွာ ေျပာၾကားခဲ့တယ္လို႔ ေဒသတြင္း သတင္းအရင္းအျမစ္ေတြက ေျပာပါတယ္။မဂၤလာေအာင္ေျမရပ္ကြက္ရဲ႕ အုပ္ခ်ဳပ္ေရးမႉး တင္ေဇာ္၊ ရာအိမ္မႉး စိုးဦး၊ စန္းစန္းေအးနဲ႕ တင္ေ႐ႊတို႔က စစ္မႈထမ္းအတြက္ လူ ၅ ဦးမရရင္ အိမ္တိုင္းကို ဗလာမပါ ကံစမ္းမဲ ႏွိုက္ခိုင္းမယ္ဆိုၿပီး ၿခိမ္းေျခာက္ေတာင္းခံေနတာပဲ ျဖစ္ပါတယ္။အုပ္ႀကီးထက္ စန္းစန္းေအးက ပိုဆိုးေနတာ။ သူ႕လင္ ခင္ေမာင္စိုးက Non-CDM, သူ႕သားနဲ႕ ေခြၽးမက ရဲဝန္ထမ္း။ သူ႕ကိုပဲ ေၾကာက္ေနရတာ။ ၿခိမ္းလားေျခာက္လားနဲ႕ လို႔ အုပ္ခ်ဳပ္ေရးမႉး႐ုံးနဲ႕ နီးစပ္သူ တစ္ဦးက ေျပာပါတယ္။စစ္မႈထမ္း မဲႏွိုက္ဖို႔အတြက္ အသက္ ၁၈ ကေန ၄၅ ႏွစ္ၾကားရွိ အမ်ိဳးသားအားလုံး ပါဝင္ၿပီး လူစားထိုးအတြက္ သိန္း ၃၀၀ ကို အုပ္ခ်ဳပ္ေရးမႉး အဖြဲ႕ဝင္ေတြ ကိုယ္တိုင္ ေကာက္ခံမွာ မဟုတ္ဘဲ အားလုံးစုံညီမွ လာေရာက္ အပ္ႏွံရမယ္လို႔ဆိုပါတယ္။မိဘေတြကေတာ့ ငိုယိုေနၾကတာေပါ့။ တစ္အိမ္ ၃ သိန္းႏႈန္းဆိုေတာ့ ဒီကာလဘယ္လြယ္မလဲ။ အုပ္ႀကီးကေတာ့ ေငြျပည့္ရင္ ဖုန္းဆက္ သူလာယူမယ္တဲ့ လို႔ မဂၤလာေအာင္ေျမ၊ နယ္ေျမ ၃ မွာ ေနထိုင္သူ တစ္ဦးက ေျပာပါတယ္။လတ္တေလာမွာ သိန္း ၃၀၀ အတြက္ တစ္အိမ္ဘယ္ေလာက္ က်မလဲဆိုတာ မသိနိုင္ေသးေပမယ့္ ရပ္ကြက္ေနထိုင္သူ အမ်ားစုဟာ ရွိသမွ်ပစၥည္းေတြ ေပါင္ႏွံေရာင္းခ်ၿပီလို႔ စုံစမ္း သိရပါတယ္။အလားတူ ေ႐ႊေညာင္နဲ႕ နီးစပ္တဲ့ ရပ္ေစာက္ၿမိဳ႕နယ္၊ ပင္ျဖစ္ေက်း႐ြာမွာလည္း ပအိုဝ္းျပည္သူ႕စစ္ (PNA)က ၃ ရက္တစ္ျဖတ္ႏႈန္းနဲ႕ စစ္သင္တန္းေပးေနၿပီး ေက်ာက္ဂူေက်း႐ြာကို စစ္ကူပို႔ေဆာင္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ပုံ အုပ္ႀကီးတင္ေဇာ္နဲ႕ ရာအိမ္မႉး စန္းစန္းေအး

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *