ခမရ ၄၃၇ ရဲ့သတင်းကောင်းလေး

ခမရ ၄၃၇ ရဲ့သတင်းကောင်းလေး

မိုးမောက်မြို့ပြင်ရှိ ခမရ ၄၃၇ တပ်ရင်းကို KIA က တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၂၀၀ ကျော် သေဆုံးပြီး တင့်ကား ၁ စီး သိမ်းဆည်းရရှိ၊ တပ်ပျက်၍ ထွက်ပြေးနေသော စစ်သားများကို KIA က လိုက်လံ တိုက်ခိုက်နေ

ရန်ကုန်၊ ဩဂုတ် ၁၉

ကချင်ပြည်နယ်၊ မိုးမောက်မြို့ပြင်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၄၃၇ တပ်ရင်းကို KIA က တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား ၂၀၀ ကျော် သေဆုံးပြီး တင့်ကား ၁ စီး သိမ်းဆည်းရရှိကာ တပ်ပျက်၍ ထွက်ပြေးနေသော စစ်သားများကို လိုက်လံတိုက်ခိုက်နေကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မိုးမောက်မြို့ပြင်ရှိ ခမရ ၄၃၇ တပ်ရင်းကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ခမရ ၄၃၇ တပ်ရင်းကို KIA က ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၇ နာရီ ကျော်မှ စတင်ပြီး ၁ နာရီ ကြာမြင့်သည်အထိ တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ယင်း တပ်ရင်းတွင် အကြမ်း စစ်တပ်က အင်အား ၅၀၀ ခန့်ဖြင့် အခိုင်အမာ ခံစစ်ပြင်ဆင်ကာ ခုခံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ တင့်ကား ၁ စီး နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ပြီး သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်း အရေအတွက်ကို လက်ရှိချိန်ထိ ရေတွက်လျက်ရှိကြောင်း သိရှိရသည်။

“သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းတွေ ရေတွက်လို့မကုန်ပါ။ တင့်ကား ၁ စီးလည်း သိမ်းပိုက်ရရှိထားတယ်။ စစ်ခွေး ၂၀၀ ကျော်သေတယ်။ ဒါဏ်ရာရ နဲ့ သေဆုံး နဲ့ဆို အားလုံးပေါင်း ၄၀၀ ကျော်တယ်။ တပ်ပျက်ပြီး ထွက်ပြေးနေတဲ့ စစ်ခွေးတွေကိုလည်း လိုက်လံ တိုက်ခိုက်နေတယ်” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *