ဒီနိုင်ငံမှာပဲရှိတယ် နည်းမျိုးစုံနဲ့ကို ဂွင်ဖန်ကြတာ

ဒီနိုင်ငံမှာပဲရှိတယ် နည်းမျိုးစုံနဲ့ကို ဂွင်ဖန်ကြတာ

မြန်မာနိုင်ငံတွင် Online Live Sale နှင့် Facebook လူမှုကွန်ရက် အခြေခံသော စီးပွားရေးလုပ်ငန်းများအတွက် VPN Service Provider များ ထူထောင်ခွင့်ပေးရန် စစ်ကောင်စီထံတင်ပြ

ရန်ကုန်၊ ​ဩဂုတ် ၂၀

မြန်မာနိုင်ငံတွင် Online Live Sale နှင့် Facebook အခြေခံသော စီးပွားရေးလုပ်ငန်းများအတွက် VPN Service Provider များ ထူထောင်ခွင့်ပေးရန် စစ်ကောင်စီထံတင်ပြထားကြောင်း ကုန်သည်နှင့်စက်မှု အသင်းချုပ် UMFCCIမှအလုပ်အမှုဆောင် စီးပွားရေးသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို ရေးဆွဲလျက်ရှိပြီး ယင်းဥပဒေတွင် Facebook လူမှုကွန်ရက်များ အသုံးမပြုနိုင်ရန် စစ်တပ်က ပိတ်ပင်ထားမှုများကို VPN ဖြင့် ကျော်လွှား အသုံးပြုမှုများ ပိတ်ပင်ထားကြောင်း၊ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများအတွက် လူမှုကွန်ရက် ဆက်လက်သုံးစွဲနိုင်ရန် တရားဝင် မှတ်ပုံတင်ထားသော VPN Service Provider များ ထူထောင်ခွင့်ပေးရန် UMFCCI က တောင်းဆိုထားပြီး ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းနှင့်ပတ်သက်၍ ပြင်ဆင်သင်သည့် အချက် ၃၀ ကို Review ပေးထားကြောင်း သိရှိရသည်။

အကယ်၍ UMFCCI ၏ တောင်းဆိုမှု အောင်မြင်ပါက ကိုယ်ပိုင် VPN များထူထောင်ပြီး စစ်ကောင်စီထံတွင် တရားဝင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် တရားဝင် မှတ်ပုံတင်ထားသော VPN များကိုလည်း ပြည်သူလူထုအတွင်း ရောင်းချခွင့်များလည်း ရရှိနိုင်မည်ဖြစ်ကြောင်း၊ Facebook လူမှုကွန်ရက်အပေါ် အခြေခံထားသည့် အွန်လိုင်းအရောင်းအဝယ် စီးပွားရေး လုပ်ငန်းများလည်း ဆက်လက် လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက မေလ ၃၀ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတွင် Facebook အသုံးပြုမှုကို ပိတ်ပင်နိုင်ရေးအတွက် VPN များအားလုံးကို တရုတ်နည်းပညာဖြင့် စတင်ပိတ်ပင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်တွင်းတွင် စစ်ကောင်စီက ပိတ်ပင်ထားသော Khit Thit Media ၏ လူမှုကွန်ရက် Facebook စာမျက်နှာ။

ျမန္မာႏိုင္ငံတြင္ Online Live Sale ႏွင့္ Facebook လူမႈကြန္ရက္ အေျခခံေသာ စီးပြားေရးလုပ္ငန္းမ်ားအတြက္ VPN Service Provider မ်ား ထူေထာင္ခြင့္ေပးရန္ စစ္ေကာင္စီထံတင္ျပ
ရန္ကုန္၊ ​ဩဂုတ္ ၂၀
ျမန္မာႏိုင္ငံတြင္ Online Live Sale ႏွင့္ Facebook အေျခခံေသာ စီးပြားေရးလုပ္ငန္းမ်ားအတြက္ VPN Service Provider မ်ား ထူေထာင္ခြင့္ေပးရန္ စစ္ေကာင္စီထံတင္ျပထားေၾကာင္း ကုန္သည္ႏွင့္စက္မႈ အသင္းခ်ဳပ္ UMFCCIမွအလုပ္အမႈေဆာင္ စီးပြားေရးသမားတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
စစ္ေကာင္စီက ဆိုက္ဘာလုံၿခဳံေရးဥပေဒၾကမ္းကို ေရးဆြဲလ်က္ရွိၿပီး ယင္းဥပေဒတြင္ Facebook လူမႈကြန္ရက္မ်ား အသုံးမျပဳႏိုင္ရန္ စစ္တပ္က ပိတ္ပင္ထားမႈမ်ားကို VPN ျဖင့္ ေက်ာ္လႊား အသုံးျပဳမႈမ်ား ပိတ္ပင္ထားေၾကာင္း၊ ထို႔ေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ားအတြက္ လူမႈကြန္ရက္ ဆက္လက္သုံးစြဲႏိုင္ရန္ တရားဝင္ မွတ္ပုံတင္ထားေသာ VPN Service Provider မ်ား ထူေထာင္ခြင့္ေပးရန္ UMFCCI က ေတာင္းဆိုထားၿပီး ဆိုက္ဘာလုံၿခဳံေရးဥပေဒၾကမ္းႏွင့္ပတ္သက္၍ ျပင္ဆင္သင္သည့္ အခ်က္ ၃၀ ကို Review ေပးထားေၾကာင္း သိရွိရသည္။
အကယ္၍ UMFCCI ၏ ေတာင္းဆိုမႈ ေအာင္ျမင္ပါက ကိုယ္ပိုင္ VPN မ်ားထူေထာင္ၿပီး စစ္ေကာင္စီထံတြင္ တရားဝင္ မွတ္ပုံတင္ရမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ တရားဝင္ မွတ္ပုံတင္ထားေသာ VPN မ်ားကိုလည္း ျပည္သူလူထုအတြင္း ေရာင္းခ်ခြင့္မ်ားလည္း ရရွိႏိုင္မည္ျဖစ္ေၾကာင္း၊ Facebook လူမႈကြန္ရက္အေပၚ အေျခခံထားသည့္ အြန္လိုင္းအေရာင္းအဝယ္ စီးပြားေရး လုပ္ငန္းမ်ားလည္း ဆက္လက္ လည္ပတ္ႏိုင္မည္ျဖစ္ေၾကာင္း သိရွိရသည္။
အၾကမ္းဖက္စစ္ေကာင္စီက ေမလ ၃၀ ရက္ေန႔မွစတင္၍ ျမန္မာႏိုင္ငံတြင္ Facebook အသုံးျပဳမႈကို ပိတ္ပင္ႏိုင္ေရးအတြက္ VPN မ်ားအားလုံးကို တ႐ုတ္နည္းပညာျဖင့္ စတင္ပိတ္ပင္ခဲ့ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ျပည္တြင္းတြင္ စစ္ေကာင္စီက ပိတ္ပင္ထားေသာ Khit Thit Media ၏ လူမႈကြန္ရက္ Facebook စာမ်က္ႏွာ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *