စုဆောင်းရေးမအောင်မြင်တော့ ပေါ်တာဆွဲပြန်ပြီ

စုဆောင်းရေးမအောင်မြင်တော့ ပေါ်တာဆွဲပြန်ပြီ

တောင်ငူမြို့နယ်၊ အုတ်တွင်း၊ ကျွဲပွဲ၊ တောင်ငူ၊ ထန်းတပင်ကျေးရွာများမှ လူငယ်များကို စစ်ကောင်စီက အိမ်ပေါ်အထိတက်၍ ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်သား သစ် စုဆောင်း

ရန်ကုန်၊ ဩဂုတ် ၂၀

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အုတ်တွင်း၊ ကျွဲပွဲ၊ တောင်ငူ၊ ထန်းတပင်ကျေးရွာများမှ လူငယ်များကို စစ်ကောင်စီက အိမ်ပေါ်အထိတက်၍ ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်သားသစ်စုဆောင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလတွင် ဖွင့်လှစ်မည့် စစ်မှုထမ်းသင်တန်းအတွက် တပ်သားသစ်များ စုဆောင်းမရသဖြင့် စစ်တပ်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ကျေးရွာများတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများကို နေ့ရော ညပါ လုပ်ဆောင်လာကြောင်း၊ ယခင်က လမ်းဆုံနှင့် ရွာအဝင်အထွက်များတွင်သာ လူငယ်များကို ဖမ်းဆီးခဲ့ကြသော်လည်း ယခုအခါ ကျေးရွာများအတွင်းသို့ ဝင်ရောက်ကာ နေအိမ်များအပေါ်ထိ တက်ရောက်၍ လူငယ်များကို ဖမ်းဆီးနေကြောင်း သိရှိရသည်။

“လယ်ထဲသွားလည်း လိုက်ဖမ်းတယ်။ နေ့ခင်းကြီး အိမ်မှာ အိပ်နေရင်တောင် အိမ်ပေါ်ထိဝင်ဖမ်းတယ်။ လမ်းဖြတ်သွားလည်း ဖမ်းတယ်။ အသက်အရွယ်လည်းမရွေးဘူး။ ငွေပေးနိုင်တဲ့သူတွေဆိုရင်တော့ ပြန်လွတ်တယ်။ တချို့ဆို ပိုက်ဆံမလိုက်နိုင်လို့ အုတ်တွင်းစစ်သင်တန်းကျောင်းမှာ တပ်သားသစ်အဖြစ် ရောက်ကုန်ကြတယ်။ ကလေးအဖေပါဆိုလည်းမရ၊ စိတ်ဝေ‌ဒနာရှင်တွေဆိုလည်းမရ။ ဆေးမအောင်ဘူးဆိုလည်း မလွှတ်ပေးဘူး။ ကားလမ်းတွေကနေစောင့်ဖမ်းတယ်။ ရွာထိပ် ဇရပ်တွေ တာမံတွေ‌ကနေလည်းစောင်ဖမ်းတယ်။ တစ်ခါတစ်လေဆိုရင် အရပ်ဝတ်တွေနဲ့ဖမ်းနေကြတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက ထိုသို့ ပေါ်တာဆွဲဖမ်းဆီးမှုများ အရှိန်အဟုန်မြှင့်တင်နေသည့် ကျေးရွာများမှ လူငယ်များ ထွက်ပြေးနေကြသည့်အပြင် ပုံမှန် သွားလာလှုပ်ရှားနေသော လုပ်ငန်းများမှာလည်း ရပ်ဆိုင်းထားရကြောင်း သိရှိရသည်။

” နောက်ဆုံးဘယ်သူမှအပြင်မထွက်ကြတော့ဘူး။ ရွာတွေ၊ အိမ်တွေထဲလည်းဝင်ဖမ်းကြတယ်။ မြို့ပေါ်တက်ဈေးဝယ်လို့လည်းမရ။ ဆေးရုံဆေးခန်းသွားပြလို့လည်းမရ။ အုတ်တွင်း၊ ကျွဲပွဲ၊ တောင်ငူ၊ ထန်းတပင် အကုန်ဖမ်းနေတာ။ စစ်တောင်းမြစ်လည်း လှေဆိပ်တွေလည်း ပိတ်ကုန်တယ်” ဟု ကျွဲပွဲကျေးရွာမှ ပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီက ထိုသို့ပေါ်တာဆွဲ ဖမ်းဆီးမှုများ မခံလိုပါက တစ်ရွာလျှင် လူငယ် အနည်းဆုံး ၅ ဦးမှ ၁၀ ဦးအထိ တပ်သားသစ်အဖြစ် လစဉ် ပေးမည်ဆိုပါက ပေါ်တာဆွဲဖမ်းဆီးမှုများ ရပ်တန့်ပေးမည်ဟု ကျေးရွာပြည်သူများကို ခြိမ်းခြောက် အသိပေးလာကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။(ပုံအဟောင်းဖြစ်ပါသည်။)

ေတာင္ငူၿမိဳ႕နယ္၊ အုတ္တြင္း၊ ကြၽဲပြဲ၊ ေတာင္ငူ၊ ထန္းတပင္ေက်း႐ြာမ်ားမွ လူငယ္မ်ားကို စစ္ေကာင္စီက အိမ္ေပၚအထိတက္၍ ေပၚတာဆြဲ ဖမ္းဆီးၿပီး တပ္သား သစ္ စုေဆာင္း
ရန္ကုန္၊ ဩဂုတ္ ၂၀
ပဲခူးတိုင္း၊ ေတာင္ငူၿမိဳ႕နယ္၊ အုတ္တြင္း၊ ကြၽဲပြဲ၊ ေတာင္ငူ၊ ထန္းတပင္ေက်း႐ြာမ်ားမွ လူငယ္မ်ားကို စစ္ေကာင္စီက အိမ္ေပၚအထိတက္၍ ေပၚတာဆြဲ ဖမ္းဆီးၿပီး တပ္သားသစ္စုေဆာင္းေနေၾကာင္း ေဒသျပည္သူမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
စက္တင္ဘာလတြင္ ဖြင့္လွစ္မည့္ စစ္မႈထမ္းသင္တန္းအတြက္ တပ္သားသစ္မ်ား စုေဆာင္းမရသျဖင့္ စစ္တပ္ႏွင့္ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားက ေက်း႐ြာမ်ားတြင္ ေပၚတာဆြဲ ဖမ္းဆီးမႈမ်ားကို ေန႔ေရာ ညပါ လုပ္ေဆာင္လာေၾကာင္း၊ ယခင္က လမ္းဆုံႏွင့္ ႐ြာအဝင္အထြက္မ်ားတြင္သာ လူငယ္မ်ားကို ဖမ္းဆီးခဲ့ၾကေသာ္လည္း ယခုအခါ ေက်း႐ြာမ်ားအတြင္းသို႔ ဝင္ေရာက္ကာ ေနအိမ္မ်ားအေပၚထိ တက္ေရာက္၍ လူငယ္မ်ားကို ဖမ္းဆီးေနေၾကာင္း သိရွိရသည္။
“လယ္ထဲသြားလည္း လိုက္ဖမ္းတယ္။ ေန႔ခင္းႀကီး အိမ္မွာ အိပ္ေနရင္ေတာင္ အိမ္ေပၚထိဝင္ဖမ္းတယ္။ လမ္းျဖတ္သြားလည္း ဖမ္းတယ္။ အသက္အ႐ြယ္လည္းမေ႐ြးဘူး။ ေငြေပးႏိုင္တဲ့သူေတြဆိုရင္ေတာ့ ျပန္လြတ္တယ္။ တခ်ိဳ႕ဆို ပိုက္ဆံမလိုက္ႏိုင္လို႔ အုတ္တြင္းစစ္သင္တန္းေက်ာင္းမွာ တပ္သားသစ္အျဖစ္ ေရာက္ကုန္ၾကတယ္။ ကေလးအေဖပါဆိုလည္းမရ၊ စိတ္ေဝ‌ဒနာရွင္ေတြဆိုလည္းမရ။ ေဆးမေအာင္ဘူးဆိုလည္း မလႊတ္ေပးဘူး။ ကားလမ္းေတြကေနေစာင့္ဖမ္းတယ္။ ႐ြာထိပ္ ဇရပ္ေတြ တာမံေတြ‌ကေနလည္းေစာင္ဖမ္းတယ္။ တစ္ခါတစ္ေလဆိုရင္ အရပ္ဝတ္ေတြနဲ႔ဖမ္းေနၾကတာ” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။
စစ္ေကာင္စီက ထိုသို႔ ေပၚတာဆြဲဖမ္းဆီးမႈမ်ား အရွိန္အဟုန္ျမႇင့္တင္ေနသည့္ ေက်း႐ြာမ်ားမွ လူငယ္မ်ား ထြက္ေျပးေနၾကသည့္အျပင္ ပုံမွန္ သြားလာလႈပ္ရွားေနေသာ လုပ္ငန္းမ်ားမွာလည္း ရပ္ဆိုင္းထားရေၾကာင္း သိရွိရသည္။
” ေနာက္ဆုံးဘယ္သူမွအျပင္မထြက္ၾကေတာ့ဘူး။ ႐ြာေတြ၊ အိမ္ေတြထဲလည္းဝင္ဖမ္းၾကတယ္။ ၿမိဳ႕ေပၚတက္ေဈးဝယ္လို႔လည္းမရ။ ေဆး႐ုံေဆးခန္းသြားျပလို႔လည္းမရ။ အုတ္တြင္း၊ ကြၽဲပြဲ၊ ေတာင္ငူ၊ ထန္းတပင္ အကုန္ဖမ္းေနတာ။ စစ္ေတာင္းျမစ္လည္း ေလွဆိပ္ေတြလည္း ပိတ္ကုန္တယ္” ဟု ကြၽဲပြဲေက်း႐ြာမွ ျပည္သူတစ္ဦးက ရွင္းျပသည္။
စစ္ေကာင္စီက ထိုသို႔ေပၚတာဆြဲ ဖမ္းဆီးမႈမ်ား မခံလိုပါက တစ္႐ြာလွ်င္ လူငယ္ အနည္းဆုံး ၅ ဦးမွ ၁၀ ဦးအထိ တပ္သားသစ္အျဖစ္ လစဥ္ ေပးမည္ဆိုပါက ေပၚတာဆြဲဖမ္းဆီးမႈမ်ား ရပ္တန႔္ေပးမည္ဟု ေက်း႐ြာျပည္သူမ်ားကို ၿခိမ္းေျခာက္ အသိေပးလာေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား။(ပုံအေဟာင္းျဖစ္ပါသည္။)
Photo- Agency ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *